Channel Myanmar

Viva Harsha

Ooru Peru Bhairavakona (2024) 6.5
Ooru Peru Bhairavakona (2024) Ooru Peru Bhairavakona (2024) "ကျတ်ရွာ" IMDb - 6.5/10အသစ်ထွက်ရှိလာတဲ့ ခပ်ဆန်းဆန်း fantasy thrillerအမျိုးအစား တလေဂူးလ်စကားပြော အိန္ဒိယရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဦးလေးဆီမှာ အလုပ်လုပ်တာနဲ့ မြို့မှာအလုပ်လုပ်တာ ဓာတ်ပုံရိုက်ခံရတာခြင်းတော့တူတယ်။ ဦးလေးဆီမှာအလုပ်လုပ်တာက ဒုစရိုက်လုပ်ငန်းဆိုတော့ ရဲတွေဓာတ်ပုံရိုက်တာခံရပြီး မြို့မှာလုပ်တဲ့အလုပ်ကကျ ရုပ်ရှင်ထဲမှာဆိုတော့ ပရိသတ်တွေဓာတ်ပုံရိုက်ခံရတာဆိုတဲ့ ခံယူချက်နဲ့ ရုပ်ရှင်ထဲမှာ ဗီလိန်ဇာတ်ပို့နေရာလေးတွေက သရုပ်ဆောင်နေတဲ့ ဘာဆာဗာ။တစ်ရက်မှာတော့ ဦးလေးဖြစ်သူ အကြီးအကျယ်ဒုက္ခရောက်နေပြီး မဖြစ်မနေလုပ်ပေးရမဲ့ အလုပ်က မိန်းကလေးတစ်ယောက်ကို ဘေးကင်းအောင် စောင့်ရှောက်ဖို့။ မိန်းကလေးကိုခေါ်လာတဲ့လူက ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့လူ။မိန်းကလေးကို ကားနောက်ဖုံးထဲမှာ မေ့ဆေးတိုက်ပြီး ခေါ်လာတာကိုတွေ့လို့ မျက်နှာကိုမြင်လိုက်ရတော့မှ သူစွဲလန်းခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေတာကို သိလိုက်ရတဲ့အခါ...။အဲဒီကနေမှ ရောက်ပြီးရင် ပြန်လမ်းမရှိဘူးလို့ နာမည်ကြီးနေတဲ့ ဘိုင်ရာဗာကွန်နာအမည်ရှိနေရာတစ်ခုကို ရောက်သွားတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.33GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ooru Peru Bhairavakona (2024)

2024
Bubblegum (2023) 6.9
Bubblegum (2023) Bubble Gum 2023 (ပီကေလိုအချစ်)IMDb-6.9/10Best Screenplay writer ဆုရဖူးတဲ့ ဒါရိုက်တာကြီး Ravikanth Perepu ရဲ့ လက်ရာကို အချောအလှလေးတွေရှုစားရင်း နှလုံးအေးစေမဲ့ ရိုမန့်ဒရာမာလေးတင်ဆက်ပေးလိုက်ပါတယ်ငြီးငွေ့ဖို့ကောင်း‌တဲ့အချိန်တွေမှာ ပီကေပူရှိန်းလေးတစ်ခုကောက်ဝါးလိုက်ရင် လန်းဆန်းပြီးအိုင်ဒီယာအသစ်တွေရလာတတ်ကြတဲ့သူတွေရှိတယ် အဝါးကြာအချိုကုန်လာတဲ့အချိန်ရောက်လာရင်တော့ အာညောင်းလာပြီး ထွေးထုတ်ပစ်ကြတာပေါ့ ဒါပေမဲ့ကြိုက်တဲ့သူကတော့ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ထပ်ထပ်ဝယ်ပြီးထပ်ဝါးတတ်ကြတာပါပဲဒီဇာတ်ကားမှာ........ဒီဂျေတစ်ယောက်အရမ်းဖြစ်ချင်တဲ့ အာဒီမပြည့်စုံတဲ့ဘဝမှာ ဒီဂျေအိပ်မက်ကအရမ်းမြင့်မားလွန်းနေတယ်မပြည့်စုံ‌နိုင်တဲ့ အိပ်မက်တွေနောက်လိုက်ရင်း အရမ်းငြီးငွေ့စရာကောင်းတဲ့သူ့ဘဝထဲ သူဌေးသမီးအလှပဂေးလေးရောက်လာခဲ့တယ် ငြီးငွေ့စရာသူ့ဘဝအတွက် ခဏတာလန်းဆန်းစေတဲ့ ပီကေလိုအချစ်ဇာတ်လမ်းလေးပေါ့ သူတို့အချစ်ခရီးလမ်းဟာလည်း အချိန်ကြာအကြောင်းသိလာလေ ခက်ခဲလာလေပါပဲအချိုကုန် အချစ်တွေလျော့လာတဲ့တစ်နေ့ အထင်လွဲမှားမှုတွေနဲ့ သူတို့အချစ်ဇာတ်လမ်းတစ်ခန်းရပ်မလိုဖြစ်ခဲ့ရတယ်တစ်သက်လုံးရူးသွပ်လာတဲ့ ဒီဂျေအိပ်မက် နဲ့ တစ်သက်မှာတစ်ခါ ရူးရူးမူးမူးချစ်မိတဲ့အချစ် ဒီနှစ်ခုတည်းက တစ်ခုကိုပဲရွေးချယ်သွားမလား သူတို့ အချစ်ဇာတ်လမ်းရော ပီကေအသစ်တစ်ခုထပ်ထုတ်ဝါးသလို ပြန်စနိုင်ဦးမလား...အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.68GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Bubblegum (2023)

2023
Rules Ranjann (2023) 6.9
Rules Ranjann (2023) Rules Ranjan (2023) "ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း" IMDb 6.9ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ် Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ် တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ် အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီး သာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ်အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ...
movie

Rules Ranjann (2023)

2023
Month of Madhu(2023) 8.4
Month of Madhu(2023) Month Of Madhu (မာဒူတို့ရဲ့ ဘဝ) IMDb - 8.3/10အခုတစ်ခါမှာတော့ ဒရာမာကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် မတူညီတဲ့ အခြေ‌‌အနေမှာ ရှိနေတဲ့ မာဒူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်USမှာကြီးပြင်းတဲ့ အသက်၁၉နှစ်ပဲရှိသေးတဲ့ မာဒူမာသီဆိုတဲ့ အိန္ဒိယ‌သူကောင်မလေးက သူ့ဝမ်းကွဲရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယမြေပေါ်ကို ပြန်လည်ရောက်ရှိလို့ လာခဲ့ပါတယ်။ သူမကတော့ USသူ ပီပီ ပျော်ပျော်ပါးပါးပေါ့ပေါ့လေးနဲ့ပဲ ဘဝကို ဖြတ်သန်းနေသူ တစ်ဦးပေါ့။နောက်ထပ် မာဒူဆူဒ်ဟန်ရောင်ဝ် ဆိုတဲ့ အဘိုးကြီးတစ်ယောက်။ အသက်တွေကြီးလာခါမှ မိန်းမဖြစ်သူက ကွာရှင်းခွင့်တောင်းလို့ ကြေကွဲအဘိုးကြီးဖြစ်နေရရှာသူတစ်ဦး။ပေါ့ပေါ့ပါးပါးကောင်မလေး မာဒူနဲ့ ကြေကွဲအဘိုးကြီး မာဒူတို့ တွေ့ကြတဲ့အခါမှာတော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ငိုတစ်လှည့် ကြည်နူးစရာတစ်လှည့်နဲ့ ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားကောင်းလးတစ်ပုဒ်ပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… ...
movie

Month of Madhu(2023)

2023
Prem Kumar (2023) 6.7
Prem Kumar (2023) Prem Kumar (2023) သို့ မချောနှစ်ယောက် ကိုယ်တစ်ယောက်IMDB 6.7 ရထားတဲ့ Telugu ကားသစ်ဖြစ်ပါတယ် Telugu မျက်နှာသိ မင်းသား Santosh Sobhan ပါဝင်ထားတဲ့ အချစ်ဟာသ ကားပါကျွန်တော်တို့ အိန္ဒိယရုပ်ရှင်လောက က romantic comedy အများစုမှာ ဇာတ်သိမ်းဆို မင်းသမီးက မင်္ဂလာဆောင်၊ မင်းသားက လက်ထပ်ပွဲကိုလာပြီး ပွဲဖျက်၊ မင်းသမီးရဲ့ မိဘတွေကို တရားချ၊ အားလုံးက ကြွေဆင်းပြီး သတို့သမီးကို လွှတ်ပေး၊ မင်းသားနဲ့ မင်းသမီးနဲ့ ဆည်းဆာချိန်ကို အတူတူလက်တွဲပြီး ပြေးသွား၊ ပိတ်ကားချ၊ ပြီးပါပြီ ဒါတွေနဲ့ပဲ သံသရာလည်နေတာပါဘယ်သူကမှ မင်းသမီးနဲ့ လက်ထပ်မယ့် သတို့သားက ဘယ်ပုံ ဘယ်ချမ်းသာ သူရဲ့ အိမ်မက် ရည်မှန်းချက်တွေ ခံစားချက်တွေ အသာထား မင်္ဂလာဆောင်ခမ်းခမ်းနားနားကြီးဖြစ်အောင် ဘယ်လို အကုန်အကျခံပြီး ပြင်ဆင်ထားလဲ ဆိုတာတောင် ဂရုစိုက်ကြမှာ မဟုတ်ပါဘူးဇာတ်လိုက် PK ဆိုတဲ့ ပရမ်ကူမာ ကတော့ ...
movie

Prem Kumar (2023)

2023
Mr. Pregnant 8.1
Mr. Pregnant Mr.PregnantIMDb-8/10အခုတစ်ခါမှာတော့ ၄ရက်အတွင်း‌၄ကုဋေကျော်အမြတ်ပြန်ရခဲ့တဲ့ ရုံတင်ကားအသစ်စက်စက်လေးကို CMပရိသတ်ကြီးအတွက် တင်ဆက် ပေးလိုက်ရပါတယ်ဇာတ်လမ်းအကျဉ်းဇာတ်လိုက်ကျော်ဂေါ်သမ်ဆိုတဲ့သူက နာမည်ကြီးလူငယ်တက်တူး ပညာရှင်တစ်ယောက်၊ သူ့ကို မဟီဆိုတဲ့ကောင်မလေးက တဖက်သတ်လိုက်ကြိုက်နေတာ ဒီခေတ်စကားအရဆို crush နေတာပေါ့မဟီက ဂေါ်သမ့်ဆီလာပြီး အမြဲတမ်းချစ်စကားတွေပြောလိုက်၊ကြူးလိုက် မိန်းကလေးဘက်ကနေပဲ လက်ထပ်ခွင့်တောင်းလိုက်နဲ့ပေါ့၊ ဂေါ်သမ်က အစကတော့ မဟီ့ကိုလက်မခံဘဲ အမြဲငြင်းနေရာကနေ နောက်‌တော့ မဟီ့ရဲ့အချစ်တွေကြားမှာကျရှူံးသွားပြီး သူတို့နှစ်ယောက်လက်ထပ်ကြလေသတည်းပေါ့။ ဒီအထိ ဇာတ်လမ်းကရိုးရိုးရှင်းရှင်းပေါ့လေ။တစ်နေ့ တက်တူးထိုးပြိုင်ပွဲလုပ်ရင်း ဂေါ်သမ်နိုင်သွားတာကို မကျေမနပ်ဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့ တက်တူးထိုးဆရာတစ်ယောက်က ဂေါ့်သမ်ကို ရန်ငြိုးဖွဲ့သွားတယ်။ဂေါ်သမ်နဲ့မဟီတို့ လက်ထပ်ပြီး မဟီက ကလေးယူချင်ပေမဲ့ ဂေါ်သမ်က မဟီကိုယ်ဝန်ဆောင်ရမှာကို အကြောက်အကန် ငြင်းခဲ့တယ်။ အဲဒီလို မဟီကိုယ်ဝန်ဆောင်မှာကို မလိုလားရတဲ့ ဂေါ်သမ့်ဆီမှာ ကိုယ်ဝန်ဆောင်ရမှာနဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့ စိတ်ဒဏ်ရာတွေရှိနေခဲ့လို့ပါ ။မဟီကလည်း ကလေးဇွတ်လိုချင်နေတော့ နောက်ဆုံးမှာ ဂေါ်သမ်လည်းကလေးယူဖို့ သဘောတူခဲ့ပေမဲ့ ကလေးရလာချိန်မှာ‌တော့ သန္ဓေသားလေးကို ယောက်ျားကြီးတန်မဲ့ သူကိုယ်တိုင်ပဲလွယ်ထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် လောကကြီးမှာမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေက အိန္ဒိယကားတွေထဲမှာတော့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ဂေါ်သမ်တစ်ယောက် ယောကျာ်းကိုယ်ဝန်သည်ကြီးအဖြစ် ဘယ်လိုမျိုးဂယက်တွေကြုံမလဲ၊ခုနက သူမသိလိုက်ဘဲ ရန်သူဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့သူရဲ့ရန်ငြှိုးဖွဲ့မှုတွေကို ဘယ်လိုမျိုးရင်ဆိုင်သွားရမလဲဆိုတာကိုသိချင်ရင်တော့ အချစ်၊အလွမ်း၊ဟာသ ၊အက်ရှင်စတဲ့ရသစုံပါတဲ့ဒီဇာတ်ကားလေးကိုCMရုပ်ရှင်ချစ်ပရိသတ်ကြီးကပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးဗျ...(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ YH ~ KKKZ ~ Dee ~ Alex ...
movie

Mr. Pregnant

2023
Baby (2023) 7.9
Baby (2023) Baby (2023) IMDb-7.9/10 အခုတင်ဆက်ပေးမယ့် ရုံတင်ငွေကုဋေခုနစ်တယ်ထိ ရရှိအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းလေးက တလေဂူးစကားပြော အိန္ဒိယအချစ်ဇာတ်လမ်းတစ်ပုဒ်။"တကယ်တော့ အချစ်ဆိုတာ သိစိတ်ရဲ့ခဏတာရူးသွပ်မှုနဲ့ မသိစိတ်ရဲ့စိတ်လိုလက်ရနိုင်တဲ့ထင်မြင်ချက်နှစ်ခု အေးစက်စွာခပ်မြူးမြူးတွေ့ဆုံတဲ့ တဒင်္ဂလေးပါပဲ။ချစ်သူနဲ့အတူ ချစ်ခဲ့တယ်ဆိုတဲ့ သက်တမ်းကလည်း အသေအချာစစ်ကြည့်ရင် အဲဒီတဒင်္ဂရဲ့ပြတ်တောက်မှုကို သတိမပြုမိဘဲ ဆက်ပြီးထင်ခဲ့မိတဲ့ မသိစိတ်ရဲ့လှည့်စားမှုတရပ်ပါ။ဒီတဒင်္ဂတွေက တခုနဲ့တခုပတ်သက်နေပေမဲ့လည်း တခုနဲ့တခု တာဝန်တော့မယူ။ခင်ဗျားတို့လက်ထဲမှာ ရှိနေတဲ့အဲဒီတဒင်္ဂလေး ပျက်စီးသွားတာနဲ့ ရှေ့မှာရှိခဲ့တဲ့ တဒင်္ဂများစွာတို့ကလည်း ပြိုလဲပျက်စီးသွားနိုင်တယ်။ဒါမှမဟုတ် ရပ်တန့်ငြိမ်သက်သွားတတ်ကြတယ်။ အချစ်ဆိုတာ တဒင်္ဂသာပိုင်ဆိုင်ရတတ်တဲ့ ခံစားမှုအစုအဝေးတခုပဲဖြစ်ပြီး တဒင်္ဂတည်းနဲ့ ဆုံးရှုံးသွားနိုင်တဲ့အရာလည်း ဖြစ်တယ်။"(ဒီစကားစုက ဆရာနီကိုရဲရဲ့ မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များ၀တ္ထုထဲက စကားပြေကို စကားပြောနဲ့ပြန်ရေးပြထားတာပါ)ဒီဇာတ်လမ်းက သစ္စာမဲ့တာလား သစ္စာရှိနိုင်လွန်းတာပဲလား ကျွန်တော်လည်းမဝေခွဲတတ်။ ငယ်ငယ်ကတည်းက အိမ်နားနီးချင်းကောင်လေးနဲ့ကောင်မလေးတို့ ဆယ်တန်းကျောင်းသားဘ၀မှာ ချစ်သူတွေဖြစ်ခဲ့ပြီး ကောင်မလေးက ကောလိပ်ကိုသွားတက်တဲ့အချိန် တတိယတယောက်ပေါ်လာတဲ့အခါမှာတော့။ ချစ်ခြင်းတရားဆိုတာ ဝေးကွာနေတာပဲဖြစ်စေ အနီးဆုံးမှာပဲရှိနေပါစေ စိတ်ချင်းနီးပြီးချစ်တတ်သူတို့အဖို့ပါပဲ။ ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုကြည့်ပြီး ကြည့်ရှုသူအပေါင်းဘ၀အမောတွေတိုးလာကြပါစေလို့ဆန္ဒပြုရင်း တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~Zwe~BpL~Vတို့ပဲဖြစ်ပါတယ်) File size…2.7GB /  1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe~BpL~V
movie

Baby (2023)

2023
Bhaag Saale (2023) 7.0
Bhaag Saale (2023) Bhaag Saale 2023 (IMDb 7/10)CM ဘောလိဝုဒ် ပရိသတ်ကြီးကို ယခုပဲထွက်ရှိလာတဲ့ comedy-crime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်အာဂျွန်နဲ့မာယာက ချစ်သူတွေပါ မာယာထင်နေတာ‌ကတော့ အာဂျွန်ကို ချမ်းသာတဲ့မိသားစုရဲ့သားလေး အောင်မြင်တဲ့စီးပွားရေးသမားလေးပေါ့ အဲ့လိုထင်အောင်လည်း ဟိုငတိက ရှစ်စပ်ကဂျင်ခြေလည်သလိုကို မွှတ်ထွက်နေတဲ့အပြင် မှင်မောင်းလဲကောင်းပြီး အရမ်းကို ချမ်းသာချင်နေတဲ့ လူလည်တစ်ယောက်ပါအဲ့ဇာတ်လမ်းထဲမှာ အဓိကပါဝင်အသုံးတော်ခံမှာကတော့ လက်စွပ်တစ်ကွင်းပါ one ring to rule them all ဘာညာဆိုတဲ့ LOTR ထဲက လက်စွပ်တော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီလက်စွပ်ကလဲမခေပါဘူး ကိုလိုနီခေတ်ဗြိတိသျှလက်ထက်တည်းက လူအဆင့်ဆင့် တိုင်းပြည်အနှံ့ရောက်နေတဲ့ စိန်ကြီးကိုကွပ်ထားတဲ့ စိန်လက်စွပ်ပါ ဒီလက်စွပ်ကိုပိုင်ဆိုင်သူဟာ ကံကောင်းခြင်းများစွာရရှိမှာဖြစ်သလို ကံဆိုးမှုတွေလည်း ဒွန်တွဲပါလာပါတယ်တဲ့....ကဲ အဲ့တော့ ဒီလက်စွပ်က အာဂျွန်ရဲ့ဘဝနဲ့ အချစ်ရေးနဲ့ ဘယ်လိုသက်ဆိုင်လာမလဲ တခြားဘယ်လိုလူတွေကရော ပါဝင်ပတ်သတ်နေလဲ စသည်ဖြင့် ဇာတ်လမ်းအမိုက်‌စားလေးကို ကြည့်ရှုရမှာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေလည်း ပါတာမို့ ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.13GB / 1022MB Quality…1080p  WEB ...
movie

Bhaag Saale (2023)

2023
Bhuvanavijayam (2023) 6.9
Bhuvanavijayam (2023) Bhuvana Vijayam(2023) IMDb-6.9/10ပေါ့ပေါ့ပါးပါးနဲ့ အပျင်းတော်ပြေစေမယ့် တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေရှိကြတယ်။အဲဒီဆန္ဒတွေက အောင်မြင်မှုနဲ့အတူ တွဲပါလာတတ်ကြပါမယ့် အဲဒီအောင်မြင်မှုအတွက် အများကြီးပေးဆပ်ပြီး တိုက်ပွဲဝင်ကြရတာ။ အမြဲတမ်းရှုံးနေတဲ့လူတောင် တခါတလေအောင်နိုင်ပါသေးတယ်။အကြိမ်ရေနည်းပေမယ်လို့ပေါ့။ အဲဒီလိုအချိန်တွေမှာ ဘုရားရဲ့ပါဝင်မှုက ရှိလာတတ်တာပဲ။ဒီဇာတ်လမ်းကလည်း ဘုရားတွေထဲကမှ ဘဟူဗာနာဗီဂျေယမ်ဆိုတဲ့လူသားရဲ့ဇာတ်လမ်း။ သေဆုံးပြီးနောက် ဘယ်လိုတွေဖြစ်လဲဆိုတာရယ်ရုပ်ရှင်တစ်ကားအတွက် နောက်ခံဇာတ်ကြောင်းတွေ မတူညီကြတဲ့ လူခြောက်ယောက် ဇာတ်ညွှန်းအတွက်ပြိုင်ကြတာကို ပေါ့ပေါ့ပါးပါးနဲ့ ခွီရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.04GB / 863MB Quality…WEB DL /720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni
movie

Bhuvanavijayam (2023)

2023
Organic Mama Hybrid Alludu (2023) 8.1
Organic Mama Hybrid Alludu (2023) Organic Mama Hybrid Alludu(2023)IMDb-8.1/10တေလဂူးရဲ့ အကောင်းဆုံးဒါရိုက်တာ Flimfare ဆုရဖူးတဲ့ S.V Krishna Reddy ရိုက်ကူးထားတဲ့ တေလဂူး အချစ်ဇာတ်‌လမ်းပေါ့ပေါ့ပါးပါးလေးနဲ့ CM ပရိသတ်ကြီး အပန်းပြေနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းဒါရိုက်တာဖြစ်ရဖို့ရူးသွပ်လွန်းတဲ့ ဗီဂျေးဟာသူ့ရဲ့ပွဲဦးထွက်နှစ်ကားမှာပဲ အရှုံးပေါ်ခဲ့လို့ မိသားစုကယုံကြည်မှုမရပဲ မိသားစုစီးပွားရေးကိုပဲလုပ်ဖို့ဖိအားပေးနေရတဲ့လူငယ်လေးပါ ဗီဂျေးကလည်း ဒါရိုက်တာပဲလုပ်ချင်တဲ့ခေါင်းမာပြီး ပါးနပ်ထက်မြတ်တဲ့လူငယ်တစ်ယောက်ဆိုတော့ အိမ်နဲ့အတိုက်အခံပေါ့ တစ်နေ့အဖေစိတ်ချမ်းသာဖို့ဆိုပြီး ကြယ်ငါးပွင့်ဟိုတယ်မှာ ကွန်ဒါပီလီအရုပ်တွေတက်ရောင်းပေးရင်းကနေ မင်းသမီးလေးနဲ့ဆုံပါတော့တယ်မင်းသမီးလေးကလည်း သူကြွယ်သူဌေးမြေရှင်ကြီးရဲ့ တစ်ဦးတည်းသောချစ်မ၀သမီးလေးပေါ့ တွေ့ရာလူနဲ့ကြိုက်သွားမှာဆိုးလို့ ကျောင်းတောင်မထားရက်လောက်အောင် အချစ်ခံရတဲ့သမီးလေး သူဌေးသမီးလေး ဟာစီနီနဲ့ ရိုးသားကြိုးစားဖိုးသခွားဒါရိုက်တာလေးဗီဂျေး ရှေ့ဆက်ပေါင်းစည်းနိုင်မလား ဗီဂျေးကရောအိမ်မက်အတိုင်းအောင်မြင်တဲ့ဒါရိုက်တာကြီးဖြစ်နိုင်မလား ခံစားကြည့်ပါဦး File size…2.5GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2 h 22 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~NyeinAye
movie

Organic Mama Hybrid Alludu (2023)

2023
Premadesam (2023) 8.2
Premadesam (2023) Premadesam 2023 IMDb (8.1/10)CM ပရိသတ်ကြီးအတွက် နောက်ဆုံးထွက် တလဂူးရိုမန့်ဒရမ်မာကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်အချစ်ဇာတ်လမ်းလေးက တစ်ခုမဟုတ်ပါဘူး နှစ်ခုပါ လူလေးယောက် ပြသနာနှစ်ခု အဖြေတစ်ခု ဖြစ်ရပ်တစ်ခု အဲ့ဖြစ်ရပ်တစ်ခုကြောင့် သူတို့ပြသနာတွေပြေလည်သွားနိုင်မလား ရိုမန်တစ်ဆန်ဆန် ဆွတ်ပျံ့ကြည်နူးဖွယ်ဒီဇာတ်လမ်းလေးဟာ မျက်ရည်ဝဲစေမဲ့ ဒရာမာလေးတွေလည်းပါရှိတာမို့ ဇာတ်ကားကြည့်ခေါင်းလေးမှီစရာ ပခုံးပိုင်ရှင်လေးတွေ လိုအပ်တယ်လို့တော့ တစ်ခါတည်း အကြံပြုပါရစေကိုယ့်ရဲ့‌ေကာလိပ်ကျောင်းသားဘဝကိုလည်း ပြန်အမှတ်ရစေမယ့် ဇာတ်ဝင်ခန်းတွေလည်းပါရှိတဲ့အပြင် မင်းသားမင်းသမီးအကုန်လုံးက ကြည့်ရရှုရတာ မျက်စိလည်းအေး ရင်လည်အေးပြီး ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်ကြီးအတွက် အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.59GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ~BpL~ Nyein
movie

Premadesam (2023)

2023
Happy Birthday(2022) 5.2
Happy Birthday(2022) Happy Birthday (2022)IMDb-5.6/10ခါတိုင်းတရစပ်အပြောတွေနဲ့ ရွှတ်နောက်နောက်ဟာသမင်းသားကြီး Vennela Kishore က ဒီကားထဲမှာတော့ ၀န်ကြီးနေရာကသရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်း"No Gun ,No entry" သေနတ်သာရှိရင် ဒုစရိုက်မှုတွေနည်းမယ် သေနတ်နဲ့လူကိုလည်း ဘယ်သူမှရန်စရဲမှာမဟုတ်ဘူးဆိုပြီး လူတိုင်းသေနတ်ကိုင်ဆောင်နိုင်ရေးအဆိုကိုတင်သွင်းခဲ့သူ၀န်ကြီးကျေးဇူးနဲ့ အားလုံးဟာရတနာတွေရောင်းချပြီးတောင် သေနတ်ကိုအပြိုင်အဆိုင်ကိုင် ရပ်ကွက်ဈေးကအစ သေနတ်တွေတကြော်ကြော်အော်ရောင်းအောင်မြင်‌နေသည်ထိပါပဲပြသနာဆိုတာလေးက ဇာတ်လမ်းတိုင်းမှာမပါမဖြစ်ဆိုတော့ သူအဲဒီလို သေနတ်ရောင်းဝယ်ခွင့်ပါမစ်ချပေးခဲ့တဲ့အချိန်မှာ လာဘ်စားမှုလေးတွေရှိခဲ့ပါတယ် အဲဒီအမှုသက်သေရှိတဲ့သူတစ်ယောက်နဲ့ ဝန်ကြီးနဲ့က ဟိုတယ်တစ်ခုရဲ့ အခန်း ၆၉၆၉ မှာဆုံတွေ့ဖို့စီစဉ်ကြပြီး အဲဒါကို အေးဂျင့်တွေကလဲ စောင့်ကြည့်နေကြပါတယ်ဒါပေမယ့် အခန်း၆၉၆၉ ကိုလာတဲ့သူတွေက သူတို့ချည်းပဲလားဆိုတော့မဟုတ်ပါဘူး တခြားလူတွေပါ ပါဝင်လာတဲ့အခါမှာ..... ကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ စိတ်ဝင်စားဖွယ်ရာဇာတ်ကြောင်းအရ ဒီဇာတ်ကားလေးဟာ ကြည့်လို့ကောင်းမယ့်အနေအထားပါ အတည်ပေါက်ဟာသထလုပ်တာတွေက ဇာတ်လမ်းကိုပေါ့သလိုဖြစ်စေပေမဲ့ တခါတလေတော့လည်း ကျွန်တော်တို့ ဇာတ်လမ်းတွေကို အတည်ပေါက်ကြီး ခံစားကြည့်ရှုနေရတာစိတ်ကုန်နေလောက်ပါပြီ အဲဒီတော့ ဂျက်ကီချမ်းကားတွေလိုပဲ ရီလဲရီရမယ် အက်ရှင်တွေလဲပါမယ် စပိုင်ဇာတ်လမ်းလေးလဲပါမယ် မင်းသမီးချောချောလေးတွေလဲ ကြည့်ချင်တယ်ဆိုရင် ဒီဇာတ်ကားကသင့်အတွက်ပါပဲမိတ်ဆွေ....... File size…2.27GB  / 1.17GB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~SaiThu Rein~Khin Khin
movie

Happy Birthday(2022)

2022
Karthikeya 2 (2022) 8.2
Karthikeya 2 (2022) Karthikeya 2 (2022)ခုတစ်ခါထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းတေလဂူကားလေးကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါပဲ...မင်းသားချော နီခေလ်နဲ့ မင်းသမီးချောလေး အန်နူပမာတို့ ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကို အယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့ ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ်...သူဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရေးသမားတစ်ယောက်လည်း ဖြစ်သေးတယ်...ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေကြတဲ့ သိုက်တူးသမား အဖွဲ့အစည်းတစ်ခုရှိတယ်...လောဘသားကောင်တွေဆိုပါတော့ ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ...အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့ ဒီအဖြစ်ကို မလိုလားခဲ့ဘူး..ဒါကြောင့် အဆင်တန်ဆာတွေရဲ့ တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေ ရှာဖွေဖေါ်ထုတ်ခဲ့တယ်...နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်က ကာသစ်ဆီရောက်လာတော့..ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကို ဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ...။ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ သူ့ခရီးကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့....။ File size…4.5GB / 2.21GB / 1GB Quality…4k HEVC WEB DL  / 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Karthikeya 2 (2022)

2022
4K HEVC Web-DL