Channel Myanmar

Waise Lee Chi-Hung

Rescue on One’s Own ( 2024 ) 5.9
Rescue on One’s Own ( 2024 ) ဒါကတော့ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သားကိုကယ်ဖို့တစ်ယောက်ထဲ အစွမ်းကုန်ကြိုးစားတဲ့အကြောင်းပဲဖြစ်ပါတယ်။ ကျိုးတုံးယန်ကတစ်ကိုယ်တည်းသားလေးတစ်ယောက်ကို ပျိုးထောင်ပေးနေတဲ့ ရဲဟောင်းတစ်ယောက်ဖြစ်တယ်။တစ်နေ့မှာသူ့သားလေးက ကျောင်းနဲ့အတူနွေရာသီခရီးစဉ်အနေနဲ့ ထိုင်းကိုသွားရင်း ပြန်ပေးဆွဲခံလိုက်ရပါတယ်။ လူကုန်ကူးတဲ့ဂိုဏ်းရဲ့လက်ထဲကနေ သားလေးကိုပြန်ကယ်ဖို့ အစွမ်းကုန်လိုက်စုံစမ်းတဲ့အချိန်မှာ လူဆိုးဂိုဏ်းခေါင်းဆောင်ဟာ သူနဲ့အရင်ရန်ညှိုးရှိခဲ့ဖူးတဲ့သူဆိုတာသိလိုက်ရပါတယ်။ အရင်ရန်ငြိုးဟောင်းစာရင်းနဲ့ အသစ်ပါပေါင်းပြီး မင်းသားတို့စာရင်းရှင်းတမ်းဖွင့်တဲ့ အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action  Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Rescue on One’s Own ( 2024 )

Midnight Show ( 2024 ) 5.7
Midnight Show ( 2024 ) ဒီသရဲကားလေးကတော့ ဇာတ်ကားနာမည်အတိုင်း ညလယ်ခေါင် ရုပ်သေးပြဇာတ်နဲ့ပတ်သတ်ပြီး နေရတာတိုင်းပျံ့နေတဲ့ ကောလဟာလတွေနဲ့စထားပါတယ် ။ မြို့လယ်မှာရှိတဲ့ နံပါတ် ၃၇ ပြဇာတ်ရုံပတ်ဝန်းကျင်မှာ လန်ချားလှည်းလေးတွေမကြာခဏပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်တဲ့ ။ဒီအကြောင်းကိုတိုင်တန်းတဲ့သူရှိလာလို့ ပြဇာတ်ရုံကို ရဲအရာရှိတစ်ဦးကိုယ်တိုင်လာစစ်ချိန်မှာတော့.. တကယ်ပဲ ရုပ်သေးပြဇာတ်ရုံထဲမှာ ဘယ်လိုလျို့ဝှက်ချက်တွေရှိနေမလဲ ?ရုပ်သေးပြဇာတ်ရုံရဲ့မန်နေဂျာဖြစ်သူ လင်မိန်ကရော အပြင်ပန်းကကြည့်သလို ရိုးရှင်းနေမလား ? တကယ်ပဲ ဘာတွေကိုလျို့ဝှက်ထားသလဲဆိုတာကို သဲထိတ်ရင်ဖိုစွာနဲ့ ကြည့်ရမဲ့ သရဲကားလေးဖြစ်လို့ သရဲကားကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ လက်မလွှတ်ဘဲကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Horror , Thriller Runtime : 1h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

Midnight Show ( 2024 )

League of Gods: Leizhenzi ( 2024 ) 5.7
League of Gods: Leizhenzi ( 2024 ) ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ယင်နှင့် ရှန်မင်းဆက်နှောင်းပိုင်းခေတ်မှာဖြစ်ပွားခဲ့ပါတယ် လိမ်းကျန့်ကျီလို့ခေါ်သူနဲ့ အားလုံးသိကြပြီးသားဖြစ်တဲ့ မြေခွေးမိစ္ဆာ စူးတာကျီတို့ရဲ့ ချပွဲလေးကိုအဓိကထားပြီး ရိုက်ကူးပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်သာမာန်လူသားတစ်ယောက်လို ဘာသိုင်းပညာမှမတတ်ကျွမ်းတဲ့ လိမ်းကျန့်ကျီက သိုင်းပညာမြင့်မားတိုးတက်အောင် သင်ယူလေ့လာရင်းနဲ့ လိပ်ပြာလေးလို့ခေါ်သူ လိပ်ပြာနတ်လေးနဲ့တွေ့ရှိခဲ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်ခဲ့ရာမှ Happy Ending ဖြစ်မလား Sad Ending ဖြစ်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Fantasy Runtime : 1h 05 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Xing Xing Encoded by LK
movie

League of Gods: Leizhenzi ( 2024 )