Channel Myanmar

Wallace Chung

Death Stranding ( 2023 ) 6
Death Stranding ( 2023 ) ဟောင်ကောင်အက်ရှင်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ ဟောင်ကောင်အက်ရှင်ကားဆိုရင် အလင်းနဲ့အမှောင် မြေအောက်ဂိုဏ်းနဲ့ ဥပဒေဘက်တော်သားတွေ အားပြိုင်တဲ့ဇာတ်ကားဆိုတာ မှန်းမိကြမယ်ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိကျန်းက သူ့ညီမသေဆုံးသွားတာ မတော်တဆမဟုတ်နိုင်ဘူးလို့ မသင်္ကာဖြစ်ပြီး (၂)နှစ်ကြာအောင်စုံစမ်းလာခဲ့ပါတယ်။ သူ့ညီမလေးသေဆုံးရတဲ့အကြောင်းအရင်းဟာ ပြည်တွင်းကုမ္ပဏီကြီးတစ်ခုနဲ့ ပတ်သက်နေတယ်ဆိုတာသိလိုက်ရပြီး အဲဒီကုမ္ပဏီအကြောင်းစုံစမ်းတဲ့အချိန်မှာ ငွေမဲခဝါချမှု မြေအောက်ဂိုဏ်းတွေနဲ့ပူးပေါင်းမှု စတဲ့အမှုတွေနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။ညီမအတွက်လက်စားချေနိုင်ဖို့ ကြိုးစားနေတဲ့......ရဲအရာရှိကျန်း ချစ်သူသေဆုံးရခြင်းအတွက် ပြန်ပေးဆပ်နိုင်ဖို့ကြိုးစားနေတဲ့...... ရဲအရာရှိဟောင်း ဥပဒေအပြင်ဘက်ကလူတစ်ယောက် အလင်းနဲ့အမှောင်နှစ်မျိုးပေါင်းပြီး ဘယ်လိုကြမ်းကြမလဲဆိုတာ အက်ရှင်အမိုက်စားတွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Thriller Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Death Stranding ( 2023 )

Girls (2014)
Girls (2014)  ဘဝမှာ သူငယ်ချင်းတွေ ဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။စိတ်တူကိုယ်တူ ဖြစ်နေတဲ့ သူငယ်ချင်းကောင်းတွေ ရ ထားတဲ့သူတွေကတော့ အရမ်းကံကောင်းကြတယ်လို့ ပြောလို့ရပါပြီ။ကိုယ်နဲ့ ကောင်းတူဆိုးဖက် ကဲလို့ရတဲ့ သူတွေနဲ့ ဆိုရင်တော့ ကမ္ဘာ့ကြီးရဲ့ ဘယ်နေရာကို ရောက်နေနေကြောက်စိတ်မရှိဘဲ အရာရာကို ရင်ဆိုင် ကျော်လွှားနိုင်မှာပါ။Girls (2014) နဲ့ Girls Vs Gangster (2018) ဇာတ်ကားတွေကတော့မတည့် အတူနေ သိပ်ချစ်တဲ့ မိန်းကလေး သူငယ်ချင်း သုံးယောက် ကဲကြ ပွေးကြ နဲ့ လူဆိုးတစ်သိုက်နဲ့ ခြေရှုပ်မိရင်းဘာတွေ ဘယ်လို ဆက်ရှုပ်မလဲ အရယ်အမော လေးတွေနဲ့ ကြည့်ရမယ့် ဇာတ်ကားတွေပါ။Hear Me ဇာတ်ကားထဲကမင်းသမီး Ivy Chen ,Hong Kong အဆိုတော် Fiona Sit,မင်းသမီး Janine ...
movie

Girls (2014)

Tik Tok (2016) 5.5
Tik Tok (2016) Tik Tok (2016)_____IMDb - 5.5/10     IMDb 5.5 ရထားတဲ့ တရုတ် - ကိုရီးယားဖက်စပ်အက်ရှင်ဇာတ်ကားအလန်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် လူဆိုတာမျိုးကယုံကြည်ချက်သန်ရာသန်ရာကိုလိုက်တတ်တဲ့သူမျိုးပါ ဒါပေမယ့်ဘယ်ကိစ္စမဆို ယုံကြည်ချက်အစွန်းရောက်သွားပြီး နာကျင်မှုတွေပါပေါင်းစပ်လိုက်တဲ့အခါ ရလဒ်မကောင်းတတ်တာကို ဒီကားလေးထဲမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ် ဇာတ်လမ်းကျဉ်းကဆိုရင်ဖြင့် ကိုးတစ်တနဲ့ကိုးကျစ်ဟွားတို့က ညီအစ်ကို ၂ယောက်ထဲက အစ်ကိုဖြစ်သူ ကိုးကျစ်တ က လောင်းကစားအလုပ်ကိုစွဲလမ်းရူးသွပ်သူပါ ဘယ်လောက်တောင်ရူးသွပ်သလဲဆို လူကသာစိတ်ကစဉ့့်ကလျားဖြစ်သွားတယ် လောင်းကစားစိတ်ကပျောက်မသွားပါဘူးတစ်ခုရှိတာက သူ့မှာငယ်ငယ်လေးထဲက အနိုင်ရလိုမှု ဆိုက်ကိုပါ ရှိနေလေတော့ သူ့ရဲ့စိတ်ဝေဒနာဟာတစ်နေ့တစ်ခြားဆိုးရွားလာပါတော့တယ် "ကံဆိုးမသွားရာမိုးလိုက်လို့ရွာ"ဆိုသလိုပဲ ကုမ္ပဏီပျက်စီးပြီးကြွေးတွေပိ လူကလဲစိတ်ဝေဒနာရသွားလေတော့ ညီဖြစ်သူကလည်း ရွာလည်တော့တာပေါ့ ဒီလိုဒုက္ခတွေကြားထဲကရုန်းထွက်နိုင်အောင်လို့ အစ်ကိုဖြစ်သူကိုးကျစ်တကအကြံကြီးကြီးမားမားတစ်ခုအကောင်အထည်ဖော်ခဲ့ပါတယ် လက်တလုံးခြားလှည့်ကွက်တွေနဲ့ ကိုရီးယားရဲတွေဒုက္ခပေးပါတော့တယ် နောက်ပိုင်းကော ကိုးကျစ်တနဲ့ ကိုးကျစ်ဟွားတို့ဘာဆက်ဖြစ်ကြမလဲ ပဲလှော်ကြားဆားညှပ်ခဲ့ရတဲ့သူတွေကကောဘယ်သူတွေဖြစ်မလဲ ကိုရီးယားရဲတွေကကောဘယ်လို ဖြေရှင်းကြမလဲ ပီပြင်လှတဲ့ နောက်ဆုံးလှည့်ကွက်ကြီးကိုကော ဘယ်လိုတောင်တအံ့တသြခံစားကြရမလဲဆိုတာကတော့ ပြီးခါနီးလေးအထိသေချာစောင့်ကြည့်ကြပါစို့ဗျာ တစ်ခုတော့ရှိတယ်ဒေါက်တာမလေးကိုတော့မကြွေမိကြအောင်ထိန်းကြပေါ့ဗျာ....:P   Qty - 720p Web dl Type - Mp4 Duration - 1hr 45min Gern - Crime / Mystery Subtitle - Myanmar Hardsub Translator - Pyae Xein Sett Review - Pyae Xein  Sett Encoder - Kyaw Ye Aung
movie

Tik Tok (2016)

2016