Channel Myanmar

Wang Luo Jia

Touching Gold Captain ( 2022 ) 6
Touching Gold Captain ( 2022 ) အုတ်ဂူဖောက်တဲ့ရတနာသိုက်ရှာပုံတော်တွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက် ဒီတခါမှာလည်း လျို့ဝှက်ဆန်းကြယ်မှုတွေ၊ ကျိန်စာတွေ၊ မိစ္ဆာတွေ နဲ့အတူ အုတ်ဂူဖောက်ကြမယ့် စွန့်စားခန်းဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ချောင်ရွှင့်ဆိုတဲ့လူငယ်လေးဟာ မောကျင်းရဲ့ ၄၆ မြောက်မျိုးဆက်ဖြစ်ပါတယ်။ မောကျင်းဆိုတာကတော့ အုတ်ဂူဖောက်တဲ့နေရာမှာဆရာတစ်ဆူလို့ သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ ချောင်ရွှင့်ဟာမောကျင်းမျိုးဆက်ဖြစ်သော်ငြားလည်း၊ ငယ်ကတည်းကအဖေကစွန့်ပစ်သွားပြီးအမေကလည်းဆုံးပါးသွားတာမို့ အုတ်ဂူဖောက်ပညာမပြောနဲ့ ဘာပညာကိုမှတောင်မသင်လိုက်ရပါဘူး။သူတတ်တာကတော့ လိမ်လည်လှည့်ဖြားတာပါပဲ။ ဒါပေမဲ့လည်း တစ်နေ့မှာ ဆိုက်ဆိုက်မြိုက်ဆိုက် အန္တရာယ်ကရောက်ရှိလာပါတယ်။ အေးအေးချမ်းချမ်းနေနေတဲ့သူတို့ရွာလေးကို တိုင်းတစ်ပါးသားတွေရောက်ရှိလာပြီး၊ ထိုသူတွေရဲ့ရည်ရွယ်ချက်ကတော့ အုတ်ဂူဖောက်ပြီးရတနာသိုက်တူးဖို့ မောကျင်းမျိုးဆက်ဖြစ်တဲ့ ချောင်ရွှင့်ကိုလာရှာတာပါပဲ။တစ်ရွာလုံးရဲ့အသက်နဲ့ခြိမ်းခြောက်တဲ့အခါမှာတော့ ချောင်ရွှင့်ဟာ အုတ်ဂူဖောက်သူအဖြစ်နဲ့ ရှေးခေတ်ဘုရင်များရဲ့ ဂူသင်္ချိုင်းထဲကို လိုက်ပါသွားရတဲ့အခါမှာတော့.... စောင့်ကြိုနေတဲ့ကျိန်စာတွေနဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေကိုကျော်ဖြတ်နိုင်ပါ့မလား ဂူထဲကရော အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်။  Quality : WEB-DL 1080p , 480p Format : mp4 Genres: Action , Adventure , Mystery Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Nu Mon , Hnin Wutt Hmone Encoded by LK
movie

Touching Gold Captain ( 2022 )