Channel Myanmar

Wang Yanxin

Mountain Village Inn ( 2023 ) 5.9
Mountain Village Inn ( 2023 ) CM မှာအရင်တင်ပြီးသားဖြစ်တဲ့ ( The Haunting)ဆိုတဲ့ဇာတ်ကားရဲ့ နောက်တစ်ကားဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင်လေးJiang Shuoရဲ့ အိမ်အရောင်းဝယ်လုပ်ငန်းကိုလုပ်ကိုင်ရင်း နောက်ထပ်ကြုံတွေ့ရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရေမြေမကောင်းလို့ လာဘ်မကောင်းလို့ သရဲခြောက်လို့ ဆိုပြီး အလောတကြီးရောင်းချင်တဲ့အိမ်တွေကတော့ Jiang shuo ရဲ့အကြိုက်ပါပဲ။ ဒီတစ်ခါမှတော့ Jiang ဟာ အယူသီးတဲ့ထုံးတမ်းဓလေ့တွေရှိတဲ့ တောင်ပေါ်ကမိုတယ်တစ်ခုကိုဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအတွက် သွားဝယ်ပေးရင်း ကြုံတွေ့ခဲ့ရတဲ့လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်လေးပါ.....ရွှံံတောင်ပြိုတဲ့ဖြစ်ရပ်ကြောင့် မိုတယ်မှာတည်းတဲ့ တောင်တက်သမား (၃၆)ယောက်ဟာပျောက်ဆုံးနေပြီး ဘယ်လိုမှရှာမတွေ့တော့ပါဘူး….. မိုတယ်ကိုဝယ်ဖို့ရောက်လာတဲ့ Jiang တို့လူစုဟာ လူပျောက်မှုနဲ့ပတ်သက်ပြီး ဘာတွေသိလာရမလဲ……ခြောက်ခြားစရာကောင်းတဲ့ဒီမိုတယ်မှာ ဘယ်လိုကျောချမ်းစရာတွေ ကြောက်စရာတွေနဲ့ကြုံရဦးမလဲဆိုတာ ခံစားလိုက်ဦးနော်….. Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK  
movie

Mountain Village Inn ( 2023 )

House Cleaning Master ( 2023 )
House Cleaning Master ( 2023 ) အိမ်ယာမြေအကျိုးဆောင်က "ကျန်းရှို့"ဆိုသူဟာ "လီလိရာ"ဆိုသူကို 'ရှောင်ယန်လုံ'လို့ခေါ်တဲ့နှစ်ထပ်အိမ်လေးတစ်လုံး ငှားပေးခဲ့ပါတယ်"လီလိရာ"ဟာ တိုက်ခန်းငှားပြီး မကြာခင်မှာပဲ စိတ်ကစဉ့်ကလျားဖြစ်ကြောင်းကြားပြီး သွားကြည့်ခဲ့ရာမှာ ကျိန်စာတိုက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားပါတော့တယ်... သို့သော်ရိုးရှင်းတဲ့ သာမာန်သေဆုံးမှုတော့ မဟုတ်ခဲ့ပါဘူး။-ဒီနှစ်ထပ်အိမ်လေးနောက်ကွယ်မှာရော ဘယ်လိုရာဇဝင်တွေရှိနေမလဲ? အလင်းရောင်တံတိုင်းခြားထားတဲ့အမှောင်ထုကို သူတို့တွေဘယ်လိုရှာဖွေ‌သွားမလဲဆိုတာကို..."အလင်းကမ္ဘာရဲ့အမှောင်ထု"ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးမှာ စိတ်ဝင်စားစွာနဲ့ ဖြစ်ရပ်တွေရဲ့သမိုင်းကြောင်းဇစ်မြစ်တွေကို ခန့်မှန်းရင်း ထိုင်းနိုင်ငံရဲ့အငွေ့အသက်တွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

House Cleaning Master ( 2023 )

The Haunting ( 2023 ) 6
The Haunting ( 2023 ) အိမ်ခြံမြေလုပ်ငန်းရှင်Jiang Shuoရဲ့ အိမ်အရောင်းဝယ်လုပ်ငန်းကို လုပ်ကိုင်ရင်း ကြုံတွေ့ရတဲ့အတွေ့အကြုံလေးအကြောင်းပဲဖြစ်ပါတယ်။ရေမြေမကောင်းလို့ လာဘ်မကောင်းလို့ သရဲခြောက်လို့ ဆိုပြီး အလောတကြီးရောင်းချင်တဲ့အိမ်တွေကတော့ Jiang shuo ရဲ့အကြိုက်ပါပဲ။ Jiangက အဲဒီလိုအိမ်ရှင်တွေဆီကနေပြီး ဗိုက်နာစျေးနဲ့ဝယ် ပြင်ပြင်ဆင်ဆင်လုပ်ပြီး စျေးပြန်မြှင့်ပြီးရောင်းတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်လူဖျံလေးတစ်ယောက်ပေါ့......တစ်နေ့မှာတော့ Jiangဆီကို တိုက်ကြီးတစ်တိုက်ကိုစျေးပေါပေါနဲ့လာရောင်းပါတယ်။ သူတို့အိမ်သွားကြည့်တဲ့နေ့ဟာ တစ္ဆေပွဲတော်နေ့ဖြစ်ပြီး တိုက်ကြီးမှာနေတဲ့သူတွေက ပူဇော်ပွဲလုပ်နေကြပါတယ်။ တိုက်ကြီးမှာနေတဲ့သူတွေက ဖီပါးကုန်းဆိုတဲ့နတ်ကို ကိုးကွယ်ကြသတဲ့။အိမ်ကြီးကလဲ ကျောချမ်းစရာအပြည့်နဲ့ ခြောက်ချားစရာကြီးနဲ့ ဖီပါးကုန်းဆိုတာဘာနတ်မှန်းလဲမသိတော့ Jiang ရဲ့လုပ်ဖော်ကိုင်ဖက်ကမဝယ်ဖို့တားတာပေါ့။ ဒါပေမယ့် အိမ်ရှင်ကစျေးကိုအဆမတန်လျှော့ပေးတော့ စျေးပေါတာကြိုက်တဲ့ Jiang တစ်ယောက်ဝယ်လိုက်ပါလေရော..... သူ့လက်ထဲကိုအိမ်ကြီးရောက်လာပြီးမှ ဖီးပါးကုန်းရဲ့ကျိန်စာကြောင့် သေတယ်ဆိုပြီး လူတွေဆက်တိုက်သေလာပါတယ်...... ရှေ့ဆက်ပြီးကျန်းတို့အဖွဲ့ဘာတွေကြုံတွေ့ကြရမလဲ...... လူတွေသေရတဲ့နောက်ကွယ်ကအမှန်တရားကရောဘာတွေဖြစ်နေမလဲ...... ကျန်းတို့အဖွဲ့ကဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ခြောက်ချားစရာတွေကြားမှာဟာသလေးနှောပြီး စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Thriller Runtime : 1h 3 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Haunting ( 2023 )