Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wang Yibo
7.0
One and Only ( 2023 )
CM ပရိသတ်ကြီးတွေကို ဉာဏ်ကွန့်မြူးလို့ကောင်းတဲ့ လူငယ်ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်တယ်။ နာမည်ကတော့ One and Only ဖြစ်ပြီးတော့ ဒီနှစ်မှ ရုံတင်ခဲ့တဲ့ ဇာတ်ကားပါ။ ဒီကားထဲမှာဆိုရင် အဓိက သရုပ်ဆောင်တွေအနေနဲ့ စီနီယာဟွမ်ပေါ်နဲ့ နာမည်ကြီးတရုတ်မင်းသား ဝမ်ရိပေါ်တို့က တင်းလေ့နဲ့ ချန်ရှိုးတို့အဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ တင်းလေ့က ချန်ရှိုးကို တွေ့ရာကနေ စပါတယ်။ ချန်ရှိုးက လူငယ်အကသမားဖြစ်ပြီးတော့ အိပ်မက်တွေနောက်ကို လိုက်နေတဲ့ကောင်လေးပါ။ တစ်နေ့မှာ သူက တင်းလေ့ရဲ့ အကအဖွဲ့ထဲ ဝင်ခွင့်ရသွားတဲ့အခါ မတူညီတဲ့ အရည်အချင်းအမျိုးမျိုးရှိတဲ့ အကကျွမ်းကျင်သူတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ချန်ရှိုးအနေနဲ့ အကပြိုင်ပွဲတွေမှာ ပါဝင်ချင်တာက တစ်ဘဝစာအိပ်မက်လိုမျိုးဖြစ်ခဲ့ပြီးတော့ အဲဒီအတွက် ကြိုးစားရာမှာ သူ မျှော်လင့်သလို မချောမွေ့ခဲ့ပါဘူး။ မိသားစုနဲ့ အိပ်မက်တွေကြားမှာ ရောက်နေရတဲ့အခါ သူ့အနေနဲ့ ဘာကို ရွေးချယ်မလဲ၊ အိပ်မက်တွေနောက် လိုက်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဟောဒီ One and Only ရုပ်ရှင်ထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်။မြူးကြွကြွ ကကွက်တွေကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် လူငယ်တစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားပုံတွေကို တွေ့မြင်ရမှာဖြစ်တဲ့အတွက် inspiration ယူလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမလို့ အားလုံးကြည့်ရှုကြဖို့ recommend ပေးပါတယ်နော်။ Quality ...
movie
One and Only ( 2023 )
6.2
Born to Fly ( 2023 )
CMပရိတ်သတ်တို့အတွက် Wang Yi Bo(ဝမ်ရိပေါ်)ရဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် Born To Fly ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးမှာ ဝမ်ရိပေါ်က ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး သူသရုပ်ဆောင်ရတဲ့ဇာတ်ကောင်စရိုက်ကတော့ လေယာဉ်မှူးပဲဖြစ်ပါတယ်..Born To Fly ဇာတ်ကားကိုရုံတင်ပြသခဲ့တုန်းက Box Officeမှာ 120 Million ရရှိထားခဲ့သလို တရုတ်ပြည်မှာလဲဝက်ဝက်ကွဲ ရုံပြည့်ရုံလျှံအားပေးကြတဲ့ ဇာတ်ကားလေးတကားပဲဖြစ်ပါတယ် ဆုတွေအနေနဲ့လဲ ဆု ၈ ခု ပိုင်ဆိုင်ခဲ့ပြီးတော့ ၅ ခုအတွက် လျာထားခြင်းလည်းခံခဲ့ရပါသေးတယ် ဇာတ်လမ်းအကျဉ်းလေးကို တင်ဆက်ပေးရမယ်ဆိုရင်တော့လေ့ယွီ(Wang Yi Bo)ဟာ ကပ္ပတိန်ကျန်းထင်ရဲ့ ကြောင်းလမ်းမှုနဲ့ စမ်းသပ်ပျံသန်းရေးဌာနမှာ စမ်းသပ် တိုက်လေယာဉ်မှူးဖြစ်ဖို့ အဆင့်ဆင့်ဆန်းစစ်မှုတွေကိုဖြတ်သန်းခဲ့ပါတယ်ဒီလိုနဲ့ ရှေ့တန်းကလေယာဉ်မှူးတွေ အန္တရာယ်ကင်းကင်း လေယာဉ်မောင်းနှင်နိုင်မှုအတွက် ပြင်းထန်ပြီး စွန့်စားခန်းကြီးလာတဲ့ မစ်ရှင်တွေ ဆောင်ရွက်ရပါတော့တယ် မြင့်မားတဲ့ဝေဟင်ထက်မှာ သေခြင်းတရားနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့လေဟုန်ကိုခွင်းပြီး ဝေဟင်ထက်က လေတံခွန်လေးဖြစ်နိုင်ပါ့မလား... တာဝန်ကိုရောပြီးမြောက်အောင်မြင်နိုင်ပါ့မလား နိုင်ငံကိုပိုင်နက်ကျူးကျော်နေတဲ့ ပြည်ပတိုက်လေယာဉ် နယ်ချဲ့သမားတွေကိုလည်း တရုတ်နိုင်ငံတော်လေတပ်နဲ့ ဘယ်လိုပူးပေါင်း တိုက်ထုတ်ကြမလဲ "စွန့်စားခန်း" တွေကနေ လေ့ယွီတစ်ယောက် အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ပါ့မလားဆိုတာကို................... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : ...
movie
Born to Fly ( 2023 )
5.9
My Youth And I ( 2023 )
Exo Lay ၊Wang Yibo ၊Zhou Yu Tongတို့အဓိကသရုပ်ဆောင်ထားပြီး နာမည်ကြီးသရုပ်ဆောင်ကောင်းတွေအများကြီးအားဖြည့်ပါဝင်ထားတဲ့ လူငယ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို အပိုင်း(၃)ပိုင်းခွဲပြီးတင်ဆက်ထားပါတယ်။၁၉၃၈ခုနှစ် တရုတ်ပြည်ရဲ့အငတ်ဘေးဒုက္ခကိုဖြေရှင်းဖို့အတွက် ရာသီဥတုအလွန်အေးတဲ့မြောက်ပိုင်းခယောင်းမြေကိုထွန်ယက်ဖို့ ကြိုးစားတဲ့လူငယ်လေးတွေအကြောင်း၁၉၉၃ခုနှစ်အခြေခံထားပြီး ဂီတဆရာလေးတစ်ယောက်ဟာ ရွာသူရွာသားတွေကိုသီချင်းဆိုသင်ပေးရင်း ဂီတနဲ့အကကိုပေါင်းစပ်ခဲ့ပြီး ဆရာနဲ့တပည့်တွေကြားကဆက်ဆံရေးကိုတက်ဆက်ပြခဲ့ပြီး ဝေးလံခေါင်သီတဲ့နယ်တို့ကို ယဉ်ကျေးမှုပြန့်ပွားအောင်ကြိုးစားခဲ့ပုံ၂၀၁၈ခုနှစ်မှာ ကွန်မြူနစ်လူငယ်အဖွဲ့အစည်းကနေပြီး ဆင်းရဲတဲ့မိသားစုတွေကိုပညာရေးပံ့ပိုးမှုနဲ့ အလုပ်အကိုင် အကူအညီတွေပေးပြီး ဆင်းရဲတွင်းမှလွတ်မြောက်အောင်ကူညီပေးကြပုံစတဲ့ တရုတ်လူငယ်တွေရဲ့ခေတ်အဆက်ဆက်ဆင့်ကမ်းလာတဲ့ နွေးထွေးမှုနဲ့အင်အားတွေကိုတင်ဆက်ပြသွားတာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
My Youth And I ( 2023 )
6.9
Hidden Blade ( 2023 )
အားလုံးစောင့်မျှော်နေတဲ့ Tony Leung နဲ့ Wang Yi bo ရဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီး Hidden Blade ကိုCMကနေတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့ဒုတိယကမ္ဘာစစ်အတွင်း မျိုးချစ်စိတ်အပြည့်ရှိတဲ့ပြည်သူတစ်စုဟာ ဂျပန်ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့တယ်။ပုလဲဆိပ်ကမ်းကိုဂျပန်တွေတိုက်ခိုက်ပြီးနောက် ရုပ်သေးအစိုးရဖြစ်တဲ့ဝမ်းအစိုးရက အမေရိကန်မဟာမိတ်တပ်ကိုစစ်ကြေညာပြီး ဂျပန်နောက်ကိုလိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျပန်တွေကရှန်ဟိုင်းတစ်နယ်လုံးကိုသိမ်းပိုက်ခဲ့တယ်။ စစ်ရေးအခြေနေတွေပြောင်းလဲလာတာနဲ့အမျှ တရုတ်နိုင်ငံကလဲ ခံစစ်အနေအထားကိုပြောင်းလဲသွားပြီး တရုတ်ကွန်မြူနစ်အဖွဲ့ဝင်တွေက ဂျပန်ကိုတော်လှန်ပြီး နိုင်ငံတော်ကိုကာကွယ်တဲ့အချိန်ကာလကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။Tony Leungရဲ့သရုပ်ဆောင်ချက်တွေကတော့ ထုံးစံအတိုင်းပြောစရာမရှိအောင်ပြည့်စုံပါတယ်။ ဒီကားမှာ Yi bo ရဲ့သရုပ်ဆောင်စွမ်းရည်ကိုချီးကျူးထားကြတော့ ဘယ်လိုပဲဖြစ်ဖြစ်ကြည့်ဖို့သင့်ပြီမဟုတ်လား အဝတ်အစားပိုင်း Cinematography စတာတွေကလဲအရမ်းကိုကျေနပ်စရာကောင်းပါတယ် အများကြီးမပြောတော့ပါဘူး ကြည့်ပြီးရင်စိတ်ကျေနပ်မှုရမှာပါလို့ပဲပြောပါရစေနော် [ Reviewed By Nu Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , History , Mystery Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie
Hidden Blade ( 2023 )
3.5
A Chinese Odyssey: Part 3 (2016)
A Chinese Odyssey Part 3 (2016)_____IMDb - 3.5/10 ဒီဇာတ်ကားဟာ စွန်းဝူခုန်းရဲ့ အနောက်သို့ခရီးသွားမှတ်တမ်းကို ဇာတ်လမ်းဆန်းသစ်ပြီး ဟာသတစ်ပိုင်းနဲ့ ရိုက်ခဲ့တဲ့ စတီဗင်ချောင်ရဲ့ A Chinese Odyssey အပိုင်း ၁ နဲ့ ၂ ရဲ့ အဆက်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ စွန်းဝူခုန်းဖြစ်လာမယ့် Joke(ကျိစန်းပေါင်)ဟာ အနှစ် ၅၀၀ နောက်ကျပြီးမှ မွေးဖွားလာခဲ့ပြီး သူ စွန်းဝူခုန်းဖြစ်လာရမယ့် ကံကြမ္မာဟာ သူ့ရဲ့ချစ်သူနတ်သမီး စီရှား သေဆုံးမှဖြစ်လာမယ်လို့ ကောင်းကင်ဘုံကျမ်းမှာ ကံကြမ္မာအဖြစ်ရေးသားထားခဲ့ပါတယ်။ ဒါကို အချိန်ခရီးသွားခဲ့ပြီး ကြိုသိလာတဲ့ နတ်သမီးဟာ ကျိစန်းပေါင်နဲ့ မချစ်မိစေဖို့ သူမသေရဖို့ ရှောင်လွှဲဖို့ကြိုးစားစဉ် နွားမိစ္ဆာမောင်နှမကိုပါ ဆွဲထည့်မိပြီး ရှုပ်ထွေးလာပုံကို လှည့်ကွက်လေးတွေနဲ့ မထင်မှတ်တာလေးဖြစ်လာအောင် ပြသထားတာပါ။ သတ်မှတ်ထားပါတယ်ဆိုတဲ့ ကံကြမ္မာနဲ့ ကိုယ်ပိုင်ရွေးချယ်မှု ယှဉ်လာတဲ့အခါ ကံကြမ္မာကို လူကဖန်တီးမလား၊ ကံကြမ္မာက လူကိုဖန်တီးမလားဆိုတာတော့..... File Size : 669 MB Duration : 1 hr 33 min Quality ...
movie
A Chinese Odyssey: Part 3 (2016)
2016