Channel Myanmar

Wang Zheng

One and Four ( 2023 ) 5.9
One and Four ( 2023 ) ဆောင်းရာသီအေးအေးလေးမှာ နှင်းတောထဲက တွေးစရာတွေအပြည့်နဲ့ suspenseဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ နှင်းတွေဖုံးလွှမ်းနေတဲ့ တောထဲကသစ်လုံးအိမ်လေးမှာ တစ်ယောက်ထဲစိတ်ညစ်ညစ်နဲ့အရက်မူးနေတဲ့ သစ်တောထိန်းသိမ်းရေးသမားတစ်ယောက်...... သူမနက်နိုးလာတဲ့အချိန်မှာ လူတစ်ယောက်ဟာသေနတ်တစ်လက်နဲ့ အိမ်ထဲကိုအတင်းဝင်လာပါတယ်။သူဟာသစ်တောဆိုင်ရာရဲအရာရှိတစ်ယောက်ဖြစ်ပြီး တားမြစ်သားကောင်တွေကိုအမဲပစ်တဲ့ တရားခံကိုဖမ်းရင်းရောက်လာပါတယ်လို့ပြောပြီး သူ့ကိုတရားမဝင်မုဆိုးကူဖမ်းပေးဖို့ပြောလာတယ်။ အဲဒီမတိုင်ခင် မနက်မိုးမလင်းခင်မှာသစ်လုံးအိမ်ကိုရောက်လာပြီး မိန်းမရဲ့ကွာရှင်းစာနဲ့ အရက်ပုလင်းတွေယူလာပေးတဲ့ တစ်ရွာတည်းသား သူငယ်ချင်းတစ်ယောက်...... သူဟာပြန်သွားချိန်မှာ တောထဲမှာလမ်းပျောက်သွားခဲ့လို့ သစ်လုံးအိမ်ကိုပြန်လာတာလို့ပြောပြန်တယ်။အဲဒီနောက် သေနတ်တစ်လက်နဲ့ရဲအရာရှိတစ်ယောက်ရောက်လာပြန်တယ် သူကလဲ တရားမဝင်မုဆိုးကိုလိုက်ဖမ်းနေတာလို့ပြောပြန်တယ်။ တကယ်ပဲ ဘယ်သူပြောတဲ့ဇာတ်လမ်းကအမှန်ဖြစ်နေမလဲ...... ဘယ်သူကတရားမဝင်မုဆိုးဖြစ်မလဲ....... နှင်းတောထဲကလျှို့ဝှက်ချက်ရဲ့အဖြေဟာဘာဖြစ်နေမလဲ....... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Fantasy Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

One and Four ( 2023 )

Above The Fire ( 2023 ) 6
Above The Fire ( 2023 ) ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှုခင်းရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းလေးကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် မော့ကောင်းရဲ့ မူးယစ်ဆေးဝါး ဂိုဏ်းသားတွေကို နှိမ်နင်းတဲ့အကြောင်းအဓိကထားရိုက်ပြပေးထားတာပါ ။ဆေးစွဲနေတဲ့ ဆေးသမား ရှီကျန့်က ဆေးသုံးရင်းအသိစိတ်ပျောက်ကာ သူ့ရဲ့ရည်းစားဟောင်း ရွှီလုလုကို ဓားနဲ့ထိုးသတ်တဲ့ အမှုကနေ စရပါမယ် ။ ဒီလိုနဲ့ ဒီအမှုကို တာဝန်ယူဖြေရှင်းဖို့အတွက် ခေါင်းဆောင်မော့ ဦးဆောင်တဲ့အဖွဲ့ဟာ လှုပ်ရှားမှုတွေ စတင်လုပ်ကိုင်ခဲ့ကြပါတော့တယ် ။ဒီလိုမူးယစ်ဆေး နှိမ်နှင်းရေး အမှုတွေကို လုပ်ကိုင်ခဲ့ကြရင်း လုပ်ဖော်ကိုက်ဖက်တွေ ကျဆုံးလာခဲ့သောအခါ...? ရည်းစားဖြစ်သူ ရှောင်ဝူနဲ့လဲ အဆင်မပြေ ကွာဟချက်တွေ ရင်ဆိုင်ကြုံတွေလာရတဲ့အခါမှာ -ခေါင်းဆောင်မော့တစ်ယောက် ဒါတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ ? မူးယစ်ဆေး အမှုတွေကိုရော သူဖြေရှင်းနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : ...
movie

Above The Fire ( 2023 )