Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wen Huang
5.9
Fights Break Sphere 3 (2024)
CM ရဲ့ ပရိသတ်တွေအတွက် Anime ဇာတ်လမ်းကို Live Action ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ Fight Break Sphere 3 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့မှာ ၂ ကားရှိပြီး CM ကနေတင်ဆက်ပီးသားပဲဖြစ်ပါတယ်အရှေ့ ၂ကားကိုဒီမှာကြည့်ပါဇာတ်လမ်းအကျဉ်းလေးကတော့ရှောင်းယန်ဟာ ဆေးဆရာကြီးနဲ့အတူ မြွေမျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့တိုက်ပွဲကို ဖြေရှင်းပေးပြီးနောက် ချင်းလင်နဲ့ လော်ပုနဲ့အတူ ခရီးနှင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ကျင့်ကြံပြီး အစွမ်းမြင့်တင်ဖို့ လုပ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ယွင်လန်ဂိုဏ်း တပည့်ကြီးရဲ့ ၃ နှစ်တာ ကတိပြုချက်ကို ရရှိခဲ့ပါတယ်။ထာကာအာကန္တာရကို ရောက်တဲ့အချိန်မှာတော့ ချင်းလင် အဖမ်းခံလိုက်ရပါတယ်။ ချင်းလင်ကို ရှာဖို့အတွက် ရှောင်းယန်တို့အဖွဲ့ဟာ အရင်က နာမည်ကြီးခဲ့သူ ရေခဲဘုရင် ဟိုင်ပေါတုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ချစ်ယန်မြို့ကို သွားခဲ့ပါတယ်။ရှုပ်ထွေးနေတဲ့ စည်ကားလှတဲ့ မြို့ထဲမှာ နောက်ကွယ်က လက်မည်းကြီးတစ်စုံဟာ တစ်ဖြည်းဖြည်းပေါ်ထွက်လာပြီး သူတို့ကို ဖမ်းဆီးတိုက်ခိုက်ဖို့ စောင့်နေပါတယ်။ ရှောင်းယန်ဟာလည်း ငယ်စဉ်က အမေ့ရဲ့သေဆုံးခြင်းအမှန်တရားကို ရှာတွေ့သွားပါတော့တယ်။ရှောင်းယန်တို့အဖွဲ့ ချင်းလင်ကို ကယ်တင်နိုင်ပါ့မလား ...... နောက်ကွယ်က လက်မည်းကြီးတစ်စုံက ဘယ်သူဖြစ်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။ Quality : ...
movie
Fights Break Sphere 3 (2024)
5.8
Fights Break Sphere ( 2023 )
အားလုံးကို ဒီတစ်ခေါက် မီးစွမ်းအားပါရမီရှင်လေး ရှောင်းအိမ်တော်ရဲ့ သားထွေးလေး ရှောင်းယန်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းမှာဆို ရှောင်းယန်ဆိုတဲ့ မွေးရာပါ မီးစွမ်းအား ပါရမီရှင်လေးဟာ သူ့မိခင်ပေးခဲ့တဲ့ နောက်ဆုံးကျန်ရစ်ပစ္စည်းကြောင့် သူ့စွမ်းအားတွေ ပျောက်ဆုံးသွားခဲ့ပါတယ်... ငယ်စဉ်တည်းက ပါရမီရှင်အနေနဲ့ အထင်ကြီးလေးစားခံလာရာကနေ တစ်နေ့မှာတော့ ရုတ်တရက်ကြီး အစွမ်းတွေပျောက်သွားခဲ့ပြီးနောက် ဘဝတစ်ခုလုံး ဇောက်ထိုးပြောင်းလဲသွားခဲ့တယ်လေ...သူအစွမ်းပျောက်သွားခဲ့တာကလည်း သူ့အမေရဲ့အသက်နဲ့အတူ ပြောင်းလဲသွားခဲ့ရတာမို့ အစွမ်းပြန်ရလာအောင် ပိုပြီး အားကောင်းလာအောင် သူနေ့စဉ်ရက်ဆက်ကြိုးစားနေခဲ့တာပေါ့.. ကြိုးစားသူတိုင်းအတွက် ရလဒ်ကောင်းက စောင့်နေတယ် ဆိုတဲ့အတိုင်းပဲ ရှောင်းယန်တစ်ယောက် အစွမ်းတွေ ပြန်ရလာခဲ့တယ်...ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ရလာတာလဲ... ဘာတွေက သူ့ကို တွန်းအားဖြစ်စေခဲ့တာလဲ... အစွမ်းပြန်ရပြီးတော့ရော သူ့အမေကို သတ်တဲ့တရားခံကို လက်စားချေနိင်မှာလား... ထူးခြားဆန်းပြား ဇာတ်ကားတွေ ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ကားလေးမို့ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ...
movie
Fights Break Sphere ( 2023 )
6.7
My Sister ( 2021 )
ဒီကားလေးက “ အစ်မကြီး အမိအရာ” ဆိုတဲ့စကားလေးကို လုံးဝ ပုံဖော်ပြထားတဲ့ကားလေးပေါ့...သားယောက်ျားလေးမှ ဦးစားပေး နေရာပေး လူရာသွင်းတဲ့ တရုတ်တွေရဲ့ ဖိုဝါဒဓလေ့ကြီးအောက်မှာ နင်က အစ်မပဲလေဆိုတဲ့စကားတစ်ခွန်းဟာ တစ်သက်လုံးရုန်းထွက်မရအောင် ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းဖြစ်နေခဲ့ပါတယ်...ဒီလိုမမျှတနေတာကြီးနဲ့ ဒီလိုချည်နှောင်ထားတဲ့ကြိုးကို ဖြတ်တောက်ဖို့ရုန်းထွက်ဖို့ကြိုးစားသူကတော့ အန်းရန်ပေ့ါ သူကို မွေးတည်းက မိန်းကလေးဖြစ်လို့ဆိုပြီး မိဘရင်ခွင်ထက် အဒေါ်ရင်ခွင်မှာ ခိုလုံခဲ့ရတဲ့သူဖြစ်ခဲ့ရတယ်...သူအပျိုအရွယ်လောက်မှာ သားယောက်ျားလေးမွေးပြီး သူ့ကို မပေးခဲ့တဲ့မေတ္တာတွေကို ဒီမောင်လေးအလှည့်မှ ပေးနေတဲ့အပြင် သူ့ကိုပါ ဒီမောင်လေးအတွက် စွန့်ခြင်းမြောက်များစွာကို စွန့်ခိုင်းခဲ့တဲ့အခါသူဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါဘူး...ဒီအချိန်မှာ သူ့ကိုတိုက်ခန်းလွှဲပေးပြီး သူ့မိဘ ၂ ပါးလုံး ရုတ်တရက်ကြီး ပျောက်ကွယ်သွားချိန်မှာ အန်းရန်တစ်ယောက် မမျှော်လင့်ထားတဲ့တိုက်ခန်းနဲ့အတူ သူမမြင်ချင်မကြည့်ချင်တဲ့ မောင်လေးပါ သူ့ဘဝထဲရောက်လာခဲ့ပါတယ်...အန်းရန်တစ်ယောက်ဟာ တိုက်ခန်းနဲ့အတူ မောင်ကိုပါ ရောင်းဖို့ပြင်ဆင်တော့တာပေါ့... အန်းရန်နဲ့ သူ့မောင်လေး ဘယ်လိုစခန်းသွားမယ်ဆိုတာ ဒါရိုက်တာက ပုံဖော်ထားပါတယ်... ဒါပေမယ့် ပရိသတ်ကြီးရော ဒီလို “အစ်မကြီးအမိရာ”ဆိုတဲ့အတိုင်း မောင်တွေညီမတွေရဲ့ အရှုပ်ထုပ်ကို အစ်မကလိုက်ရှင်းပေးရမယ်ဆိုတဲ့ အဆိုကို ထောက်ခံကြသလား...ဇာတ်ကားကြည့်ပြီးရင် အမြင်လေးတွေ ပြန်ဝေမျှသွားပါဦး~ Quality : Bluray 1080p , 480p Format : mp4 Genres : Drama Runtime : 2h 7min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Nu ...
movie
My Sister ( 2021 )