Channel Myanmar

White-K

All Ears ( 2023 ) 6.0
All Ears ( 2023 ) ဒီဇာတ်ကား​လေးကတော့ အသုဘနာရေးတွေမှာ သေဆုံးသွားတဲ့လူအကြောင်းပြောဖို့ ဇာတ်ညွှန်းတွေကိုရေးပေးလေ့ရှိတဲ့ ဝမ်ရှန့်။ သူကအရင်တုန်းက TV series ဇာတ်ညွှန်းဆရာတစ်ယောက်ပေါ့။ဒါပေမဲ့သူ့ဇာတ်ညွှန်းတိုင်းဝေဖန်မှုတွေကြောင့် လက်လျှော့ခဲ့ရတယ်။ ဒီလိုနဲ့သေဆုံးတဲ့လူတွေအကြောင်းရေးတဲ့အသုဘမိန့်ခွန်းရေးသူတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒီဇာတ်လမ်းလေးကထူးထူးခြားခြား လူတွေသေဆုံးပြီးသွားရင် ကျန်ရစ်သူတွေကဒီသေဆုံးသွားတဲ့သူအပေါ် ဘယ်လိုခံစားချက်တွေရှိကြလဲ။ ဘယ်လိုမျိုးတွေဝမ်းနည်းပူဆွေးကြလဲစတာတွေကို ဖော်ကြူးပြသထားတာဖြစ်တာကြောင့် ဒီဇာတ်လမ်းလေးကိုဆက်လက်ကြည့်ရူလိုက်ကြရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime : 1h 59 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

All Ears ( 2023 )

Awakening Spring ( 2023 ) 5.8
Awakening Spring ( 2023 ) ‌ဘယ်လောက်မှောင်မိုက်တဲ့ညတစ်ည ဖြစ်ပါစေ ‌ အာရုဏ်တက်မနက်ခင်း ရောင်နီပျိုးချိန်ဆိုတာ ရောက်လာမှာပါပဲ၊ ဒါပေမဲ့ ဘဝပေးအခြေအနေအရ အဲ့ဒါတွေကို မမြင်ရတဲ့ စိတ်ပိုင်း/ကျန်းမာရေး/ကိုယ်ခန္ဓာပိုင်းဆိုင်ရာ တစ်ခုခုချို့ယွင်း‌တဲ့လူတစ်ယောက်ဖြစ်နေမယ်ဆိုရင်ရော..."ကျွယ်ရှောင်"ဟာ မိဘမဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ငယ်စဉ်တည်းက မိခင်ရဲ့စွန့်ပစ်သွားမှုကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာရရှိနေသူ ဖြစ်တယ်လို့ဆိုပြီး သူမကို‌မွေးစားပျိုးထောင်ခဲ့တဲ့ဒေါ်လေးဖြစ်သူဟာ သူမကို စိတ်ကျန်းမာရေးစင်တာကို ပို့ထားခဲ့ပါတယ်။ဒီလိုနဲ့ သူမဘဝကို ဝေဒနာတွေကကာရန်လွှမ်းခြုံထားတဲ့အချိန်၊ ခိုကိုးရာမဲ့နေချိန် ဆေးရုံမှာ "သိုက်ချွမ်း"နဲ့ တွေ့ဆုံခဲ့ရပါတော့တယ်။"သိုက်ချွမ်း"ဟာလည်း ထိုနည်းတူ စိတ်ရောဂါ ခံစားနေရသူဖြစ်ပြီး "ကျွယ်ရှောင်"ရဲ့မိခင်ဖြစ်သူဟာ ဘယ်‌တော့မှ ပြန်မလာတော့ဘူးလို့ မျှော်လင့်ချက်မဲ့စကားတွေ စိတ်ထဲရိုက်သွင်းနေတဲ့လူတွေကြားထဲမှာ ပထမဆုံးသော သူမကိုယုံကြည်ကူညီပေးခဲ့တဲ့သူ၊သူမနှလုံးသားရဲ့ တစ်ခုတည်းသော အလင်း‌ရောင်ဖြစ်ခဲ့ပါတယ်...ဒါပေမဲ့ နှလုံးသားချင်းဆက်ပြီး အချင်းချင်း မေတ္တာမျှပေမဲ့လဲ လက်တွေ့ဘဝရဲ့‌လောကဓံစမ်းသပ်မှုကို ရင်ဆိုင်ဖို့ဖြစ်လာခဲ့တဲ့အခါ...-ပြီးပြည့်စုံတဲ့ လူရယ်ဆိုတာမရှိပေမဲ့၊လိုအပ်ချက်ဆိုတာရှိပေမဲ့၊ ကံကြမ္မာချို့ယွင်းချက်တွေ ရှိနေတဲ့သူတို့နှစ်ယောက်ရဲ့ လက်တွေ့ဘဝအဆုံးသတ်က ဘာဖြစ်မလဲဆိုတာကို...CM ပရိတ်သတ်တို့ကြည့်ရှုခံစားနိုင်ရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Awakening Spring ( 2023 )

The Best is Yet to Come ( 2023 ) 5.9
The Best is Yet to Come ( 2023 ) "မိမိကြိုးစား‌‌လျှောက်လှမ်းသလောက် ပန်းတိုင်ကိုမရောက်သေးရင် လမ်းခရီးဟာအဆုံးမဟုတ်သေးလို့ပါတဲ့" ဒီလိုပါပဲ... ဒီ"အဆုံးမဲ့ပန်းတိုင်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးမှာတော့....ဘဝရေးပြဿနာတွေကြောင့် ပိုက်ဆံချို့ယွင်းပြီး အထက်တန်းမှာတင်ကျောင်းနားလိုက်ရတဲ့-ဟန်သုန်းဟာ ပေကျင်းကိုသူ့ကောင်မလေးရှောင်ကျူးနဲ့အတူ တက်လာပြီး အလုပ်ရှာပါတော့တယ်။အဲ့အချိန်က တရုတ်နိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ဆဲ 2003ခုနှစ်လောက်မှာပေါ့၊ ပညာအရည်အချင်းအပြင်အဆက်သွယ်ကောင်းရှိမှ လူရာဝင်မဲ့ခေတ်မှာ ဟန်သုန်းတစ်ယောက် နှစ်ဝက်ကြာတာတောင် အလုပ်ရှာမရဖြစ်နေဆဲပါပဲ။တစ်ချိန်တည်းမှာပဲ ဟန်သုန်းဟာ ခန္ဓာကိုယ်လုံးပန်းနေပေမဲ့ စိတ်ကတော့ခိုင်မာဆဲဖြစ်နေခဲ့တယ် ၊ဒီလိုနဲ့ သတင်းစာဌာနတစ်ခုကိုပန်းတိုင်အဖြစ်ထားလိုက်တဲ့အခါ...∆လူ့အသိုင်းဝိုင်းရဲ့မျက်နှာသာပေးမှုနဲ့လောကဓံက သူ့အပေါ်မှာ ဘယ်လိုရေလှိုင်းအသွင်နဲ့ တိုက်စားသွားမလဲ? ကြိုးစားတိုင်းအောင်မြင်မှာမသေချာပေမဲ့ မကြိုးစားရင် ဘာမှမရလာမှာ‌ေတာ့‌ေသချာတဲ့သဘောတရားကို သူနားလည်သွားပြီး တစ်ခြားသူ့လိုဒုက္ခရောက်နေသူတွေကရော နားလည်လက်ခံနိုင်ပါ့မလားဆိုတာ.စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Reviewed By Clytie Encoded by LK
movie

The Best is Yet to Come ( 2023 )