Channel Myanmar

Wil Coban

The Boys in the Boat (2023) 7.1
The Boys in the Boat (2023) The Boys in the Boat (2023)~ IMDb - 7.1/10, Rotten Tomatoes - 57% ~George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက ...
movie

The Boys in the Boat (2023)

2023
4K HEVC
Haunting of the Queen Mary (2023)
Haunting of the Queen Mary (2023) Haunting of the Queen Mary (2023)~ Rotten Tomatoes - 71% ~လတ်တလော ထွက်ရှိထားတဲ့ Horror ရုပ်ရှင်တစ်ကားပါ။ ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးလိုပဲ ကမ္ဘာ့အမြန်ဆုံး သင်္ဘောကြီးအဖြစ် နာမည်ကြီးခဲ့တဲ့ Queen Mary သင်္ဘောကြီးပေါ်က ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ၊ အတိတ်ဆိုးတွေနဲ့ ပိတ်မိနေတဲ့ ဝိညာဉ်တွေအကြောင်းပါ။Queen Mary သင်္ဘောကြီးဟာ ကမ္ဘာစစ်တွေ အပျက်အစီးတွေကြားမှာ ကြံ့ကြံ့ခိုင် ကျန်ရစ်ခဲ့ပြီး မနစ်မြုပ်နိုင်တဲ့ သင်္ဘောအဖြစ် သင်္ဘောသားတွေကြား နာမည်ကျော်ပါတယ်။ ဒီဂုဏ်သတင်းနောက်ကွယ်မှာ ထိတ်လန့်စရာ စတေးမှုတွေရှိနေပါတယ်။ရှေးက သင်္ဘောဆောက်တဲ့အင်ဂျင်နီယာတွေရဲ့ရိုးရာအရ သင်္ဘောတစ်စင်း မနစ်မြုပ်အောင် လူသားတစ်ယောက်ကို ဆောက်တုန်းမှာ နှိပ်စက်ပြီး မြှုပ်ရပါတယ်တဲ့။ ဒီသင်္ဘောကြီးမှာလည်း အဲဒီလိုအယူနဲ့ အကျဉ်းသားတစ်ယောက်ကို မြှုပ်ထားပါတယ်။ကံဆိုးစွာနဲ့ သင်္ဘောက ခရီးစဉ်သွားရင်း နစ်မြုပ်သွားတဲ့အခါ သေဆုံးသွားတဲ့ခရီးသည်တွေက သရဲအဖြစ်နဲ့ခြောက်လှန့်နေပါတယ်။ ဒီဘက်ခေတ်မှာ သရဲ‌ခြောက်တာတွေနဲ့ သင်္ဘောကို လှည့်ပတ်ကြည့်ဖို့ Tour ...
movie

Haunting of the Queen Mary (2023)

2023