Channel Myanmar

Will Forte

Cloudy with a Chance of Meatballs 2 (2013) 6.5
Cloudy with a Chance of Meatballs 2 (2013) Cloudy with a Chance of Meatballs 2 (2013) IMDb - 6.4/10_____Rotten - 70%အစားအသောက်တွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကား ဒုတိယအပိုင်းကို တင်ဆက်ပေးပါမယ်။ဒါက ဒုတိယကားဖြစ်တာမလို့ ပထမကားမကြည့်ရသေးဘူးဆိုရင်တော့ ပထမကားကို အရင်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်။ဟောဒီ Cloudy with a Chance of Meatball 2 ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ဒုတိယကားကိုတော့ Sony Pictures တစ်ခုတည်းကပဲ ဖြန့်ချိခဲ့တာဖြစ်ပြီးတော့ပထမကားထက် ရုံတင်ဝင်ငွေက ပိုများတယ်လို့ ဆိုရပါမယ်။ဒီကားအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၄.၃ သန်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းလေးကို ပြောပြရရင်တော့ ဖလင့်လော့ခ်ဝုဒ်မှာငယ်ငယ်ကတည်းက လေးစားအားကျခဲ့ရတဲ့ သိပ္ပံပညာရှင်တစ်ယောက် ရှိခဲ့တယ်။သူ့နာမည်ကတော့ ချက်စတာဗွီပါ။ဖလင့်တို့ ကျွန်းလေးက အစားအသောက် ရာသီဥတုကြောင့် ကျန်ခဲ့တဲ့စားစရာတွေနဲ့ ရှုပ်ပွနေခဲ့တယ်။ ဒါကို ချက်စတာဗွီတို့ ကုမ္ပဏီက လာရောက်ရှင်းလင်းပေးတာပါ။ချက်စတာဗွီနဲ့အဖွဲ့ဟာ သန့်ရှင်းရေးအမည်ခံပြီး ...
movie

Cloudy with a Chance of Meatballs 2 (2013)

2013
Aliens Abducted My Parents and Now I Feel Kinda Left Out (2023) 5.8
Aliens Abducted My Parents and Now I Feel Kinda Left Out (2023) Aliens Abducted My Parents and Now I Feel Kinda Left Out (2023)~ Rotten Tomatoes - 87% ~နာမည်အတိုင်းပဲ မိဘတွေကို ဂြိုဟ်သားတွေ ဖမ်းသွားတာလို့ ယုံနေတဲ့ကောင်လေး ဇာတ်လမ်းဖြစ်ပါတယ်။ကယ်ဗင်က အာကာသသိပ္ပံကို စိတ်၀င်စားပြီး သူ့အဖေနဲ့အတူ ကြယ်တံခွန်လာတာကို စောင့်မျှော်တတ်တဲ့ ကောင်လေး... တစ်ညမှာ ကြယ်တံခွန်လာတာစောင့်နေတုန်း မိဘတွေကို ဂြိုဟ်သားတွေဖမ်းသွားတာ မြင်လိုက်ရလို့ နယ်မြို့လေးမှာပဲနေနေပြီး မိဘတွေသူ့ဆီပြန်လာတာကို စောင့်နေတဲ့သူ။အစ်စီက ဂျာနယ်လစ်ဖြစ်ချင်ပေမဲ့ မိဘတွေကြောင့် နယ်မြို့လေးကို ပြောင်းလာရတဲ့ မြို့ကြီးသူ။ အခြေအနေပေးတာနဲ့ မြို့ကိုပြန်သွားဖို့ အခွင့်အလမ်းရှာနေတဲ့သူ... သူနဲ့ အားလုံးက ထူးဆန်းတယ်ဆိုပြီး မပေါင်းသင်းကြတဲ့ ကယ်ဗင်တို့ အတန်းထဲမှာ ဘေးချင်းကပ်ထိုင်မိတဲ့အခါ.. . နယူးယောက်ကိုသွားနိုင်မယ့် စာရေးပြိုင်ပွဲအတွက် အတန်းဖော်က ကယ်ဗင့်အကြောင်းရေးဖို့ လာဆွယ်တဲ့အခါ အစ်စီက ကယ်ဗင်နဲ့ရင်းနှီးအောင်ပေါင်းပြီး ဒေတာစုရပါတော့တယ်။ကယ်ဗင်ယုံနေသလို သူ့မိဘတွေကို တကယ်ပဲ ဂြိုဟ်သားတွေ ...
movie

Aliens Abducted My Parents and Now I Feel Kinda Left Out (2023)

2023
Good Boys (2019) 6.8
Good Boys (2019) ဒါကတော့ IMDb rating 6.8နဲ့ ခရမ်းချဉ်သီးမှာ 79%ရထားတဲ့ဟာသကားလေးပါ။တစ်ကားလုံးရယ်ရလို့ ပါးစပ်တောင်မစေ့နိုင်ဘူးဘရစ်စလီဆိုတဲ့ကောင်မလေးကိုအရမ်းတွေကြွေနေတဲ့မက်စ်ရယ်၊လေကြီးလေကျယ်ပြောတတ်တဲ့သောရယ်၊ရင့်ကျက်ပြီးမှန်တာပဲလုပ်ချင်တဲ့လူကပ်စ်တို့သုံးယောက်ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။‌ခြောက်တန်းရောက်တာနဲ့ခြောက်တန်းနဲ့တူအောင်အထာကျမယ်လို့ ဆုံးဖြတ်ထားတဲ့ ငမြွေလေးတွေပေါ့။ တစ်နေ့တော့ kissing partyတစ်ခုကို ဖိတ်ခံလိုက်ရလို့မက်စ်ကသူကြိုက်နေတဲ့ကောင်မလေးကိုပါတီမှာနမ်းရတော့မယ်ဆိုပြီး ရင်တွေခုန်နေတာပေါ့။ ဒါပေမယ့် သူတို့ထဲကဘယ်သူမှမနမ်းဖူးကြတော့သူများတွေဘယ်လိုနမ်းလဲဆိုတာရှာဖွေလေ့လာရင်းပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်ကုန်ပါတော့တယ်။ ကလေးတွေဆိုပေမယ့် သူတို့မှာလည်းသူတို့အရွယ်နဲ့ကြုံတွေ့နေရတဲ့ကိစ္စတွေရှိတာပေါ့။ သူတို့ရဲ့တစ်နေ့တာကိုဘယ်လိုဖြေရှင်းကျော်ဖြတ်ပြီးမိဘတွေအဆူမခံရအောင်ဘယ်လိုတွေဉာဏ်များအုံးမလဲဆိုတာကိုတော့ဒီကားလေးမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါအုံး။ တကယ်ကောင်းတဲ့ဟာသကားလေးကိုလက်လွှတ်မခံဘဲကြည့်ရင်း ခဏတာဘဝအမောပြေနိုင်ပါစေ (အယ့်လယ့်) File Size : ( 840 MB , 314 MB)Quality :  WEB-DL 720pRunning Time : 1 hr 30 minFormat : Mp4Genre : Adventure , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by Moe ...
movie

Good Boys (2019)

2019
Around the World in 80 Days (2004) 5.9
Around the World in 80 Days (2004) [Unicode]IMDb rating 5.4/10 ရရှိထားပြီး ဗြိတိသျှ တီထွင်သူတယောက်၊ တရုပ်လူမျိုးသူခိုးနဲ့ ပြင်သစ်အနုပညာရှင်ကောင်မလေး ချောချောလေးတို့ရဲ့ စွန်းစားခန်းတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဖီလီးယက်ဖော့ဟာ အင်္ဂလန် ဗစ်တိုးရီးယန်းမှာ နေထိုင်တဲ့ တီထွင်သူတစ်ယောက်ဖြစ်ပြီး သူဟာ ကမ္ဘာကြီးကို ရက် ရှစ်ဆယ်နဲ့ပတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ နောက်ထပ် တီထွင်သူ တစ်ယောက်က သူ့ကို အဲ့ဒီခရီးသွားဖို့ စိန်ခေါ်မှုအလောင်းအစားကိုကို ဖီလီးယက် လက်ခံခဲ့ပါတယ်။သူ့နဲ့ အတူ ခရီးသွားဖော်ကတော့ သစ္စာရှိ အိမ်စေတစ်ယောက်ဖြစ်တဲ့ ပါဆီပါတောက်နဲ့ လှပတဲ့ လမ်းပြတစ်ယောက်ဖြစ်တဲ့ မိုနစ်ခ် ဖြစ်ပါတယ်။ ကွဲပြားတဲ့သယ်ယူပု့ိဆောင်ရေးတွေ ပါဆီပါတောက်ရဲ့ သိုင်းပညာအစွမ်းတွေနဲ့သူတို့ သုံးယောက် ကမ္ဘာပတ်ဖို့ထွက်လာကြပါတယ်။ သူတို့ခရီးစဉ်မှာ ဘာတွေဘယ်လိုကြုံတွေ့ကြမယ် ပျောက်ဆုံးနေတဲ့ ကျောက်စိမ်းဆင်းတုကိုကော ရှာတွေ့နိုင်ပါ့မလား လောင်းထားတဲ့ အလောင်းအစားကိုကောနိုင်ပါ့မလား ဘယ်လိုများ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆိုတာကို ရင်သပ်ရှူမောဖွယ်ရာ ရိုက်ကွင်းရိုက်ကွက်များနဲ့ ရှူစားနိုင်ဖို့ ကြည့်ရှုလိုက်ကြပါအုံးဗျာ။( ပါဝင်ရုပ်ဆောင်ထားတဲ့ မင်းသားကြီးကတော့ ပြည်သူ့ အသည်းကျော် ဂျက်ကီချန်းဆိုတော့ အထွေအထူးမပြောတော့ပါဘူး ) [Zawgyi]IMDb rating 5.4/10 ရရွိထားျပီး ...
movie

Around the World in 80 Days (2004)

Scoob! (2020) 6.2
Scoob! (2020) Scoob! (2020)============IMDb Rating 6.1/10#Unicode2020 မှာ ရုံတင်ဖို့စီစဥ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။စကူဘီ ဒူဘီ ဒူး ဆိုတဲ့ ခွေးကြီးနဲ့ အတူ ထူးဆန်းတဲ့ အမှုတွေကိုလိုက်စုံစမ်းတဲ့ သူငယ်ချင်းတစ်သိုက်ကို ရင်းနှီးတဲ့သူတွေ များမှာပါ။ဒါကလည်း ၂၀၂၀ အတွက် စကူဘီဒူး ကာတွန်းရုပ်ရှင်အသစ်ပါပဲ။ ဒီရုပ်ရှင်မှာတော့ စကူဘီဒူး နဲ့ ရှက်ဂီတို့ စတင်တွေ့ဆုံပုံကနေသူတို့အဖွဲ့တွေဆုံပြီး ဖြစ်လာတာကနေ စတင်ပြသထားပါတယ်။ ရှက်ဂီ တို့ရဲ့ အဖွဲ့ကို စပွန်ဆာပေးမယ်ဆိုတဲ့သူ တစ်ယောက်ပေါ်လာတာကနေ ဇာတ်လမ်းစတာပါပဲ။ စပွန်ဆာပေးမယ့်သူကတော့ ဆိုင်မွန် ကောင်းဝဲကြီးဖြစ်နေတာပါ။ ဒါပေမယ့် သူက အဖွဲ့ထဲကဖရက်၊ ဗယ်မာ၊ ဒက်ဖနီ တို့ကိုပဲ အသုံးကျတယ်လို့ ထင်တဲ့အတွက် စကူဘီနဲ့ရှက်ဂီ မပါမှ ပေးမယ်လို့ ပြောလာပါတယ်။ ဒါကြောင့်စကု နဲ့ ရှက်ဂီတို့ စိတ်ဆိုးပြီး ထွက်လာရင်း စကုကို ...
movie

Scoob! (2020)

2020
The Willoughbys(2020) 6.5
The Willoughbys(2020) The Willoughbys(2020)နက်ဖလစ်ရဲ့ ကာတွန်းရုပ်ရှင်အသစ်လာပါပြီ။ ဒီကာတွန်းလေးကတော့ အရင်ကြည့်ဖူးတဲ့ ပုံတွေနဲ့ မတူဘဲ တမူထူးဆန်းပြီး ရယ်ရပါတယ်။ ဇာတ်လမ်းကိုတော့ ကြောင်ဆရာကြီးတစ်ကောင်က ပြောပြနေတဲ့ပုံနဲ့ တည်ဆောက်ထားပါတယ်။ ဆရာကြောင်က ပြောတယ် မိသားစုတွေ ချစ်ခင်တာတွေ စည်းလုံးတာတွေ အဆုံးသတ်မှာ ပြန်ပေါင်းတဲ့ ဇာတ်လမ်းမျိုးတွေကို သဘောကျတတ်ရင် ဒီရုပ်ရှင်က မင်းအတွက် မဟုတ်ပါဘူးတဲ့။ ဟုတ်ပါတယ် ဒီရုပ်ရှင်ထဲက အဓိက မိသားစုကတော့ ဝယ်လိုဘီ မိသားစုပါ။သူတို့တွေဟာ အစဉ်အဆက် သိပ္ပံပညာရှင်တွေ၊အနုပညာရှင်တွေ ကြီးမြတ်တဲ့သူတွေ ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မျိုးဆက်တစ်ခုအရောက်မှာတော့ တော်နေ တတ်နေကြတာတွေအဆုံးသတ်သွားသလိုပါပဲ။ ဝယ်လိုဘီ ဇနီးမောင်နှံဟာ ဘာမှ မထူးချွန်ပေမယ့်တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပါတယ်။ ချစ်တာမှ အခြား ဘယ်သူ့ကိုမှမချစ်တတ်လောက်အောင်ကို ချစ်တာပါ။ လင်မယားချင်းပဲချစ်ကြပြီး မွေးထားတဲ့ ကလေး ၄ ယောက်ကို တော့မေတ္တာတစ်စက်မှမရှိကြသလို သာမန်ဂရုစိုက်မှုမျိုးလေးတောင် မလုပ်ပါဘူး။နေ့တိုင်းလင်မယားနှစ်ယောက်ထဲ သာယာနေကြတာပါ။ ဒီတော့ ကလေး ၄ ယောက်လည်းမိဘကျေးဇူးဆပ်တဲ့အနေနဲ့ သေဖို့ ရာနှုန်း ...
movie

The Willoughbys(2020)