Channel Myanmar

William Sterchi

Hell or High Water (2016) 7.8
Hell or High Water (2016) IMDb (7.8/10)....Rotten Tomatoes (98%)ဒီဇာတ်ကားကိုတော့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားလို့ညွန်းရမယ်။ ဘဏ်မှာ အပေါင်ဆုံးတော့မဲ့ ဘိုးဘွားပိုင် မြေတွေကို မဆုံးရူံးဖို့ Tony နဲ့ Tanner တို့ညီအကိုနှစ်ယောက် ဘဏ်တွေကို ဓါးပြဝင်တိုက်ကြတယ်။ သူတို့ ရွေးချယ်တာ မြို့ငယ်လေးက ဘဏ်တိုက်လေးတွေကိုပါ။ မနက်စောစော ဘဏ်ဖွင့်ချိန်မှာ ဝင်လုမယ်။ ပိုက်ဆံကိုလည်း ဒေါ်လာ 20 တန်တဲ့ တန်ဖိုးပိုကြီးတဲ့အရွက်ကြီးလည်းမယူသလို သူတို့လုတဲ့ငွေ ပမာဏကလည်း ဒေါ်လာတစ်သောင်းအောက်ဆိုတော့ FBI ကတာဝန်ယူရလောက်အောင်ကြီးမားတဲ့ အမူမဟုတ်တဲ့အခါ ပြည်နယ်ရဲတာဝန်ပေါ့။ ဒီအမှုတွေကို မကြာခင် ရဲဘဝကနေအငြိမ်းစားယူတော့မဲ့ Marcus ရယ် သူတွဲဘက်အဖော် Alberto တို့ပူးပေါင်းဖော်ထုတ်ဖို့တာဝန်ဖြစ်လာပါတယ်။ Marcus က ဘဏ်ဓါးပြတွေ ကို လိုက်လံရှာဖွေဖမ်းဆီးဖို့ထက် Tony တို့ညီအကို လာတိုက်မယ်လို့ တွက်ထားတဲ့ မြို့ငယ်လေးတစ်ခုရဲ့ ဘဏ်တစ်ခုနားကနေ စောင့်ဖမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ Marcus တို့ စောင့်နေတဲ့ ...
movie

Hell or High Water (2016)

2016