Channel Myanmar

Xia Meng

The Wild Blade of Strangers ( 2024 ) 6.1
The Wild Blade of Strangers ( 2024 ) ဒီဇာတ်ကားလေးက နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ သိုင်းကားကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ထိုက်ရှင်းခေတ် ၇နှစ်မြောက်နှစ်မှာ အရင်မင်းကြီးနတ်ရွာစံသွားခဲ့ပါတယ် ။ သူကသူ့ရဲ့သားတော် အိမ်ရှေ့စံမင်းသား ယန်ထန်ကိုထီးနန်းလွှဲအပ်ခဲ့ပါတယ် ။ ဒါပေမဲ့ ထီးနန်းကိုလိုချင်နေတဲ့ မင်းကြီးရဲ့ညီတော် မင်းသားချီက တော်ဝင်ထီးနန်းလွှဲအမိန့်စာကို အတုလုပ်ပြီး ထီးနန်းကို မင်းသားယန်သုန်းကို ပေးအပ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ် ။အဲဒီသတင်းကြောင့် အိမ်ရှေ့စံမင်းသား ယန်ထန်ဟာ သူရဲ့စစ်တပ်နဲ့အတူ မင်းသားချီရှိတဲ့ လျန်မြို့ကိုဝန်းရံပြီး တိုက်ခိုက်ခဲပါတယ် ။ ဒါပေမဲ့ တိုက်ခိုက်မှုကျရှုံးပြီး အိမ်ရှေ့စံမင်းသားအပါအဝင် အရှေ့နန်းဆောင်တစ်ခုလုံး မင်းသားချီရဲ့လက်ချက်နဲ့ ‌သုတ်သင်ခံလိုက်ရပါတော့တယ် ။မင်းသားယန်ထန်က သူမသေခင်မှာ သူ့မှာဆက်ခံသူကျန်သေးတယ်လို့ပြောသွားတဲ့အတွက် မင်းသားချီကသူ့ရဲ့ရုပ်‌သေးဘုရင် မင်းသားယန်သုန်း ပိုင်ဆိုင်ထားတဲ့ ထီးနန်းကိုကာကွယ်ဖို့အတွက် အိမ်ရှေ့စံမင်းသားရဲ့ မျိုးဆက်ဖြစ်တဲ့ ကချေသည်အမျိုးသမီးနဲ့ကလေး သားအမိကို လိုက်လံရှာဖွေသတ်ဖြတ်ခိုင်းပါတော့တယ် ။အဲဒီလိုလိုက်လံသတ်ဖြတ်မှုခံရတဲ့ သားအမိကလည်း ပုန်းရင်းရှောင်ရင်းပြေးရင်းနဲ့ ကယ်တင်ရှင်တစ်ဦးနဲ့ကြုံပြီး သူတို့ကိုမြို့ပြင်ထွက်ခွင့်ရအောင် ကူညီပေးဖို့ အကူအညီတောင်းခဲ့ပါတော့တယ် ။အဲဒီကယ်တင်ရှင်ကဘယ်သူဖြစ်မလဲ ? ဇာတ်လမ်းထဲမှာရောဘယ်လိုအရှုပ်အထွေးဆက်ဖြစ်မလဲ ? မင်းသားချီရဲ့ဆန္ဒအတိုင်း ဆက်ခံသူကိုသတ်နိုင်မလား ? အိမ်ရှေ့စံရဲ့တစ်ဦးတည်းသောသွေးသားကရော မြို့ပြင်ကိုရောက်အောင်သွားနိုင်ပြီး ဘေးကင်းမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် လိုက်ပါကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , ...
movie

The Wild Blade of Strangers ( 2024 )