Channel Myanmar

Xian Lim

Sa Muli (2023)
Sa Muli (2023) Sa Muli(2023)ဘဝဆက်တိုင်း ပေါင်းဖက်ပါရစေဆိုတာ ချစ်ကြသူတိုင်းဆုတောင်းကြတဲ့ စကား ဒါပေမဲ့ ဖူးစာနက္ခတ်နဲ့ ကံကြမ္မာမျက်နှာသာပေးဖို့လည်း လိုအပ်သေးတာပဲလေ၁၉၉၀ ပထမဘဝမှာအရမ်းချစ်ကြတဲ့ ဗစ်တာနဲ့ အော်ရိုရာတို့စုံတွဲ ၊ ၁၉၉၅ဒုတိယဘဝမှာ နီကိုးလက်စ်နဲ့ ဘယ်လင်ဆိုတဲ့ ချစ်ကြသူနှစ်ဦး ဒီနှစ်ဘဝလုံးမှာ ကောင်မလေးကသေသွားရပြီး ကောင်လေးတစ်ယောက်တည်း ရင်ကွဲကျန်ခဲ့ရတယ်၂၀၂၀ မှာ ဗစ်တာနဲ့ နီကိုးလက်စ်ပြန်ဝင်စားတဲ့ ပယ်ပဲ သူ့ရဲ့အတိတ်ဘဝနှစ်ခုကိုပြန်မှတ်မိပြီးတဲ့နောက် အော်ရိုရာနဲ့ ဘယ်လင်ကနေပြန်မွေးဖွားလာမဲ့ ချစ်သူလေးကို လိုက်ရှာရင်း အတိတ်ဘဝအကြောင်းကိုဝတ္ထုရေးချလိုက်ပြီ း နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်လာပါတယ် အတိတ်ဘဝနှစ်ခုမှာ သူ့မျက်စိရှေ့မှာပဲသေဆုံးသွားတဲ့ ချစ်ရသူကိုမကယ်နိုင်ခဲ့တာကြောင့် ဒီဘဝမှာလည်း သေကွဲကွဲရမှာအရမ်းကို စိုးရိမ်နေတာပေါ့ ဒီဘဝမှာသူဆုံတွေ့ခဲ့ရတဲ့ ချစ်သူလေးကတော့ အရက်ဆေးလိပ်တွေသောက် သေချင်သေပါစေဆိုပြီး ဘဝကိုပေတေနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးဖြစ်နေပါတယ် အတိတ်ဘဝလိုဖြစ်မှာစိုးရိမ်လွန်းနေတဲ့ ကောင်လေးနဲ့ ဘာကိုမှစိုးရိမ်မနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးတို့ ဆုံတွေ့တဲ့အချိန်မှာ ကောင်မလေးကအတိတ်အကြောင်းသိမနေပါဘူး ဒီလိုနဲ့ပယ်ပဲကသူတို့ အရင်ဘဝတွေကဆုံတွေ့ခဲ့တဲ့နေရာတွေကို ခေါ်သွားပြီးအတိတ်ကိုပြန်သတိရလာအောင် ကြိုးစားပါတော့တယ်...မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် စိုးရိမ်နေတဲ့ကောင်လေးနဲ့ ဘာမှစဉ်းစားမနေဘဲ ရောက်ချင်ရာရောက်ဆိုပြီးပါလာတဲ့ကောင်မလေးတို့ရဲ့ အတိတ်ဘဝရှာဖွေရေးခရီးစဉ်ဟာ ချစ်ကြည်နူးဟာသမြောက်ဖွယ်လေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Aditi ~ Zwe ~ Moon တို့ပဲဖြစ်ပါတယ်) File size…2.06GB / 904MB Quality…1080p  ...
movie

Sa Muli (2023)

2023
Love the Way U Lie (2020) 7.2
Love the Way U Lie (2020) လေးလပိုင်းလောက်ကရုံတင်ခဲ့တဲ့ ဖိလစ်ပိုင်ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Netflix ကလည်းပြန်ဝယ်ပြီးပြသခဲ့တဲ့ရုပ်ရှင်ပါ Summary- ယော်ျားကို ဝမ်းမနည်းပဲရှေ့ဆက်စေချင်တဲ့ ဆာရာဆိုတဲ့ ဝိညာဥ်က သူ့ယော်ျားကိုဆက်သွယ်လို့ မရပါဘူး။ တစ်မြို့လုံးက ဆာရာ့အသံမကြားရဘူး။ ကွီရာပိုမှာ စတေစီဆိုတော့အကြားအမြင် ဆရာမတစ်ယောက်ရှိပါတယ်။ ဖြစ်ချင်တော့ စတေစီကပဲ ဆာရာ့အသံကိုကြားရပါတယ်။ ကြားရတာလည်း သူတို့နှစ်​ယောက်ကြားမှာ အကြောင်းအရာလေးတွေရှိလို့ပါ ယော်ျားကို တစ်ယောက်တည်းအထီးကျန်ကျန်မနေတော့ဘဲ ရှေ့ဆက်စေချင်တဲ့ ဆာရာ၊ နေသန်ကို အချစ်သစ်တွေ့စေချင်တဲ့ဆာရာ။ ဆာရာ့ယော်ျားနေသန်ကို ရှေ့ဆက်နိုင်ဖို့ကူညီရင်း စတေစီနဲ့နေသန်ကြားက အချစ်ဇာတ်လမ်းလေးကိုတွေ့ရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းပါတယ် ဇာတ်အိမ်အပြောင်းအလဲတွေမရှိပါဘဲ ဒီအတိုင်းရုပ်ရှင်တစ်ကားကို စီးမျောပြီးကြည့်နေရင်း သဘောကျမိတဲ့ဇာတ်ကားတစ်ပါးပါ။ သူတို့တွေကြားက အချစ်ကအတော်soft ဖြစ်ပါတယ်။ ဖိလစ်ပိုင်က မနီလာမြို့ရဲ့ ကွီရာပိုတံထားနဲ့ အဆောက်အအုံတွေ၊ လှပတဲ့နေရာလေးတွေ ဒီရုပ်ရှင်မှာမြင်ရမှာပါ   File Size - 1gb Quality - web-rip 1080p Subtitle -  burmese Translator - DoDo Encoder - Thit San Khant
movie

Love the Way U Lie (2020)

2020
Unforgettable (2019) 8.1
Unforgettable (2019) Unforgettable(2019)(unicode)ဒီတစ်ခါမှာ​တော့ IMDb rating 8.1 ထိ ရရှိထားတဲ့ ဖိလစ်ပိုင်ကား​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ်။ဂျက်စမင်တို့ညီအစ်မ​တွေဟာ မိဘ​တွေဆုံးပါးသွားတဲ့ အချိန်တည်းက အဘွားဖြစ်သူလက်ထဲမှာ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ ​မွေးချင်းသုံး​ယောက်ရှိတဲ့ ဂျက်စမင်တို့မှာ သူ့အစ်မနှစ်​ယောက်က အိမ်​ထောင်ကျသွားတာမို့ သူတစ်​ယောက်သာ အဘွားလုပ်သူနဲ့ နယ်မြို့​လေးမှာ ကျန်​နေခဲ့ရပါတယ်။ တစ်​နေ့ အဘွားဖြစ်သူမှာ တီဘီ​ရောဂါရှိလာ​တော့ ​အဖျားကူးမှာစိုးတဲ့အတွက် သူ့ကို နယ်မြို့​လေးက​နေ အစ်မ​​တွေရှိရာ မနီလာမြို့ကို ပို့လိုက်ပါ​တော့တယ်။မနီလာ​ရောက်တဲ့ ဂျက်စမင်ဟာ ​ခွေး​လေးတစ်​ကောင်​မွေးစားလိုက်ပြီး ဟက်ပီး(happy)လို့အမည် ​ပေးခဲ့ပါတယ်။ အ​ကြောင်းက​တော့ သူ့အဘွားငယ်စဥ်က ​မွေးခဲ့တဲ့​ခွေး​လေးနာမည်ကလည်း ဟက်ပီး ဖြစ်လို့ပါပဲ။တစ်ရက်မှာတော့ ​ရောဂါမသက်သာတဲ့ သူတို့အဘွားကို ပြန်သွားကြည့်ရဖို့ ဖြစ်လာပါတယ်။ ဒါ​ပေမယ့် သူ့အစ်မ​တွေက ဂျက်စမင်ကို ​ရောဂါကူးမှာစိုးလိူ့ လိုက်ခွင့်လုံး၀မ​ပေးပါဘူး။ဒါနဲ့ပဲ အဘွားကိုချစ်တဲ့ ဂျက်စမင်တစ်​​ယောက် သူ့​ခွေး​လေး ဟက်ပီးနဲ့အတူ နယ်မြို့​လေးကို ခိုးပြန်ဖို့ ကြိုးစားရပါ​တော့တယ်။ရိုးသားပြီး သနားတတ်လွန်းတဲ့ ဂျက်စမင်တစ်​ယောက် လမ်းမှာ ဘယ်လိူအခက်အခဲ​တွေ ကြုံရမလဲ???? ပြီး​တော့ ဘယ်လိုလူ​တွေနဲ့ ကြုံရမလဲ???? သူ့​ခွေး​လေးကို ​ခေါ်လာတဲ့ ...
movie

Unforgettable (2019)

Miss Granny (2018) 8.0
Miss Granny (2018) Miss Granny (2018)_____IMDb - 8.0/10   ဒီတစ်ခေါက် Channel Myanmar ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့ "Miss Granny" ဆိုတဲ့ ဖိလစ်ပိုင်ဇာတ်လမ်းပဲဖြစ်ပါတယ်...ဖိလစ်ပိုင်ဇာတ်လမ်းကြိုက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းပါ...ဒီဇာတ်လမ်းက 2014 မှာထွက်ခဲ့တဲ့ ကိုးရီးယားဇာတ်လမ်း "Miss Granny 2014" ကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ်..ဇာတ်အိမ်ကောင်းပြီး တခဲနက်အောင်မြင်ခဲ့တာကြောင့် Chinese Version "20 Once Again"ဆိုပြီးတော့ 2015 မှာ ထွက်ရှိခဲ့ပါသေးတယ်...ဒီလောက် ကောင်းတဲ့ ဇာတ်လမ်းကို ဖိလစ်ပိုင်နာမည်ကျော် မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုရမှာပါအညွှန်း - ဖေလီဆိုတဲ့ အသက် ၇၀ ကျော်အမျိုးသမီးပါ...ဆံပင်ဖြူ သွားကျိုးပြီး ပါးရေနားရေတွေ တွန့်ကာ ခြေထောက်တွေလည်း မကောင်းတော့တဲ့ အရွယ်ပါ...ဖေလီမှာ သူဂုဏ်ယူရတဲ့ ဂုဏ်ထူးဆောင် သားလေးတစ်ယောက်ရှိပါတယ်...သူဟာ သူ့သားလေးက ဘယ်လောက်တော်ကြောင်း ဘယ်မှာ ပါမောက္ခဆိုပြီး တွေ့တဲ့သူတိုင်းကို အမြဲ ဂုဏ်ယူပြောဆိုတတ်ပါတယ်...အချိန်တန် ...
movie

Miss Granny (2018)

2018
Dear Other Self (2017) 6.6
Dear Other Self (2017)  ကျွန်မတို့ဘဝမှာ တစ်ခါတစ်ရံ ငါသာဒီလိုမလုပ်ခဲ့ရင် ဘာဖြစ်နေမှာလဲ အဲ့ဒီတုန်းကသာဟိုလိုရွေးခဲ့မိရင် ခုချိန်တော့ ဘယ်လိုတွေဖြစ်နေမှာ အစရှိသည်ဖြင့်ကိုယ့်ဘဝနောက်ကြောင်းကိုပြန်သုံးသပ်ရင်းကြိတ်မနိုင်ခဲမရ(သို့)ကျေနပ်နေရမယ့်အခိုက်အတန့်တွေ ကြုံခဲ့ဖူးကြမှာပါအကြောင်းသေးသေးလေးတစ်ခုကနေ အပြောင်းအလဲအများကြီးထိဦးတည်သွားနိုင်တာမဟုတ်လား…ဒါကို ဖိလစ်ပိုင်ဇာတ်လမ်းလေးကစိတ်ဝင်စားဖွယ်ပုံဖော်ပေးထားပါတယ်…ဘက်ကီဟာသာမန်ကုမ္ပဏီဝန်ထမ်းလေးတစ်ဦးပါတစ်နေ့မှာတော့ ကုမ္ပဏီအတွက်အရေးကြီးတဲ့စာတမ်းတွေပြင်ဆင်နေတဲ့အချိန် ဘေးအိမ်ကသောင်းကျန်းနေတဲ့ကာရာအိုကေသံတွေကြောင့်အိပ်ရေးပျက်ခဲ့ရပါတယ်မနက်ကျကော်ဖီဆိုင်အဝင်မှာလက်တော့ပေါ်ကော်ဖီခွက်မှောက်ကျပြီး ဘက်ကီပြင်ဆင်ထားသမျှအချက်အလက်အားလုံးပျက်စီးသွားပါတော့တယ်…ညကအိပ်ရေးပျက်ရာကနေ နောက်ဆုံးကုမ္ပဏီကနေတောင်အလုပ်ထွက်လိုက်ရတဲ့အထိပါပဲ...အလုပ်ထွက်ပြီးဘက်ကီတစ်ယောက်မိသားစုကိုထားခဲ့ပြီးကမ္ဘာပတ်ခရီးထွက်ဖို့ပြင်ပါတော့တယ်…ဒီနေရာမှာစဉ်းစားစရာက တကယ်လို့များသာ အခြားတစ်ဖက်ကဘက်ကီဟာ အဲ့ဒီညမှာအိပ်ရေးမပျက်ခဲ့ဘဲ အလုပ်မှာအောင်မြင်မှုရှိသွားခဲ့မယ်…မိသားစုကိုပိုအချိန်ပေးဂရုစိုက်မိခဲ့မယ်ဆိုရင်ရော…ဘက်ကီ့ဘဝဘယ်လိုတွေများဆက်ဖြစ်မှာလဲ?အိပ်ရေးပျက်ခဲ့ရတဲ့ဘက်ကီလည်းခရီးတွေထွက်ပြီး ဘယ်လိုတွေများဆက်ဖြစ်မှာလဲ?သင်တို့သာ ရွေးချယ်ခွင့်ရခဲ့ရင်ရော ဘယ်လိုဘဝမျိုးကိုရွေးချယ်မှာလဲဆိုတာတွေကို…ဘဝနှစ်ခု အပြိုင်ယှဉ်ပြပြီးတင်ဆက်ထားတဲ့စိတ်ဝင်စားစရာဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ မေသဇင်မြင့်ပါ) File Size : (700 MB) and (380 MB) Quality : Webrip Running Time : 1hr 50minutes Format : Mp4 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Thazin Myint Encode by Thanhtike Zaw
movie

Dear Other Self (2017)

2017
Bakit hindi ka crush ng crush mo? (2013) 6.7
Bakit hindi ka crush ng crush mo? (2013) "Bakit hindi ka crush ng crush mo? " ဇာတ်ကားဟာ ပုံမှန်မြန်မာဇာတ်ကားတွေလိုပဲ ချစ်ကြိုက်ကွဲညား ရိုက်ကူးထားတယ် ဆိုပေမယ့် IMDb ratting မှာ 6.6 အထိရရှိထားတဲ့ ဖိလစ်ပိုင်ကားပဲဖြစ်ပါတယ်... ဖိလစ်ပိုင်ကားတကားအနေနဲ့ ဘာလို့ Rating အဲ့လောက်ထိရထားတာလဲဆိုတာကတော့ ဇာတ်ကားကိုကြည့်မိရင်နားလည်သွားပါလိမ့်မယ်...ဇာတ်ကားနာမည်က အင်္ဂလိပ်လိုဆိုရင် Why your crush won't crush you back? လို့အဓိပ္ပာယ်ရပါတယ် Fancy Drama ဇာတ်ကားဆိုပေမယ့် သူပေးချင်တဲ့ Massage ကို ထိထိရောက်ရောက်ပေးနိုင်အောင်ရိုက်ကူးထားပါတယ် အချစ်စစ်ဆိုတာက လုပ်ယူလို့ရနိုင်လား လုပ်မယူပဲနဲ့ ရင်ဘတ်ရဲ့တနေရာရာမှာရှိနေလားဆိုတာ crush ဖြစ်နေကြတဲ့သူတွေအတွက်လည်း ရိုက်ကူးထားပုံပေါ်ပါတယ်....:P ချစ်သူနှစ်ဦးကြား လိင်ဆက်ဆံခြင်းကိစ္စဟာ ချစ်ကြိုက်ခင်မှာဖြစ်သင့်လား ဒါမှမဟုတ်ချစ်သူဘ၀မှာ အချစ်ကြည့်သက်သက်သီးသန့်ခံစားကြပြီ အိမ်ထောင်ပြုပြီးမှသာ လိင်ဆက်ဆံသင်ကြလားဆိုတဲ့ အခုခေတ်လူငယ်တွေမမှားသင့်တဲ့အမှားတွေကို မြင်သာအောင်ရိုက်ပြထားပါတယ် ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ကျရှုံးလုလုဆဲဆဲဖြစ်နေတဲ့ တေးစီးရီးထုတ်လုပ်ရေးကုမ္ပဏီကို အဖိုးရဲ့ညွှန်ကြားချက်ကြောင့် အယ်လစ်တယောက် မဖြစ်မနေကိုင်တွယ်ရမယ့်အရေးနဲ့ကြုံလာပါတော့တယ် ကုမဏ္ဏီရဲ့ကိုပြန်လည်ထူထောင်နိုင်ဖို့ စရိတ်လျော့ဖို့ ၀န်ထမ်းတွေကိုမဖြစ်မနေထုတ်ရတော့မယ့်အချိန်မှာ တကယ့်အချစ်စစ်အချစ်မှန်ကိုသာယုံကြည်တဲ့ ဆန်ဒီနဲ့ ကုမ္ပဏီမှာဆုံတွေ့ကြပါတော့တယ် ဆန်ဒီကလည်း ယောက်ျားလေးတွေထားထားသွားလို့ စိတ်ညစ်နေရတဲ့အချိန် အယ်လစ်ကလည်း ခိုင်းစေချက်ကြောင့် မဖြစ်မနေကျဉ်းထဲကြပ်ထဲရောက်နေတဲ့အချိန် မှာတော့ ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ "Why your crush ...
movie

Bakit hindi ka crush ng crush mo? (2013)

2013