Channel Myanmar

Xiao Jinxi

The Labyrinth ( 2022 ) 6.6
The Labyrinth ( 2022 ) ဒီတစ်ခါမှတော့ သည်းထိတ်ရင်ဖို Horror Thriller ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအမည်ကတော့ "ဝင်္ကပါ" ဖြစ်ပြီး ဘာဝင်္ကပါလဲဆိုတာတော့ ဇာတ်လမ်းအကျဥ်းမှာဖတ်ကြည့်ရအောင်။ဇာတ်လမ်းအစမှာ ရထားတစ်စီးဟာ အေးအေးလူလူခုတ်မောင်းနေလေရဲ့။ ရထားပေါ်မှာ လူတန်းစားအမျိုးမျိုး၊ လူအမျိုးမျိုးက လိုက်ပါစီးနင်းနေကြတာပေါ့။ ရှေ့မှာကြုံလာမယ့်အန္တရာယ်ကိုသတိမထားမိစွာဘဲ အေးအေးလူလူ စကားတပြောပြောနဲ့ပေါ့။တစ်နေရာအရောက်မှာတော့ ဘာဖြစ်မှန်းမသိဘဲ ရထားဟာရပ်တန့်သွားပါတော့တယ်။ ရထားထဲကထွက်ဖို့ကြိုးစားကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီးနောက်မှာတော့ ရထားလမ်းမြေပြိုနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဘေးလွတ်ရာမှာဆင်းနေကြပေမယ့် ကင်းခြေများအကောင်ရေ ထောင်ချီဝိုင်းလာတဲ့အခါမှာတော့ ရထားပေါ်ပြန်တက်နေရုံကလွဲရွေးချယ်စရာမရှိခဲ့ပါဘူး။ရထားဟာ ဝန်မမျှဖြစ်ပြီး မြေပြိုနေတဲ့တွင်းနက်ကြီးထဲကို ထိုးကျသွားပါလေရော။ အဲ့ဒီတွင်းထဲမှာလည်း ကင်းခြေများအကောင်ရေအမြောက်အများရှိနေတဲ့အခါ ခြေဦးတည့်ရာကိုပြေးရပါတော့တယ်။ ဘယ်နေရာကိုရောက်မှန်းမသိရောက်ကုန်ရင်း ကယ်ဆယ်ရေးအဖွဲဲ့တွေကရော သူတိူ့ကိုရှာတွေ့ပြီး ကယ်တင်နိုင်ပါ့မလား။ သူတို့အနေနဲ့ရော ကင်းခြေများဝင်္ကပါကနေလွတ်အောင်ပြေးနိုင်ပါ့မလား။ ဘေးအန္တရာယ်ကြုံတဲ့အခါတွေ့ရမယ့်လူ့ သဘောသဘာဝ ကို မြင်တွေ့ရမယ့်အ​ပြင် ကင်းခြေများနဲ့လူတွေရဲ့အားပြိုင်ပွဲကို စိတ်လှုပ်ရှားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Encoded by LK
movie

The Labyrinth ( 2022 )