Channel Myanmar

Xu Yu Xuan

The Invincible Constable ( 2022 ) 6.1
The Invincible Constable ( 2022 ) "ကျန်ကျောင်းနှင့် ထူးဆန်းသောမီးနတ်ရုပ်ထုခိုးမှု" (2022)ရန်ကျုံးဧကရာဇ်စိုးစံစဥ်ကာလမှာ သူရဲကောင်းကျန်ကျောင်းကို ကြောင်ဘုရင်ဘွဲ့ချီးမြှင့်ခဲ့ပါတယ်။ ဒါကိုမကျေနပ်တဲ့ ကောင်းကင်ကျွန်းကကြွက်ငါးကောင်အဖွဲ့ဟာ ကျန်ကျောင်းကိုဒုက္ခရောက်အောင်ကြံစည်ဖို့ချောင်းနေခဲ့တယ်။ အငယ်ဆုံးကြွက်ဖြစ်တဲ့ ပိုင်ယွီထန်ကတော့ ကျန်ကျောင်းကိုဒုက္ခပေးဖို့စိတ်ဓာတ်အပြင်းပြဆုံးဖြစ်နေပါတယ်။အခွင့်ကြုံလာတဲ့အချိန်ကတော့ မီးနတ်ပွဲတော်ကျင်းပတဲ့အချိန်ပါပဲ။ မင်းကြီးဟာတိုင်းပြည်အတွက်ဆုတောင်းဖို့မီးနတ်ရုပ်ထုကို သွန်းလုပ်ခဲ့ပြီး အဲ့ဒီရုပ်ထုကိုကာကွယ်ဖို့ကျန်ကျောင်းကို​တာဝန်ပေးထားခဲ့ပါတယ်။ ရုပ်ထုဟာအသက်တမျှအရေးကြီးလှတဲ့ရတနာပေါ့။ ပိုင်ယွီထန်ဟာမီးနတ်ရုပ်ထုကိုခိုးယူလို့ရခဲ့ပေမယ့် ပွဲတော်မှာမီးလောင်ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး ပြည်သူအများဒုက္ခရောက်ရပါတော့တယ်။ဒီအမှုကိုဖြေရှင်းဖို့ ကျန်ကျောင်းခေါင်းပေါ်ကျလာတဲ့အခါမှာတော့… မီးလောင်ပေါက်ကွဲမှုကြီးဟာ ကြွက်ငါးကောင်ကြောင့်လား နောက်ကွယ်မှာဘယ်သူရှိနေတာလဲ ဘယ်လိုမြှုပ်ကွက်တွေနဲ့ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Invincible Constable ( 2022 )