Channel Myanmar

Yang Kuei-Mei

Tigertail (2020) 6.6
Tigertail (2020) Tigertail (2020)~ IMDb - 6.6/10, Rotten Tomatoes - 82% ~၁၉၇၀ ဝန်းကျင်နှစ်တွေတုန်းကပေါ့…အကကောင်းတဲ့ ရုပ်ဖြောင့်ဖြောင့် စက်ရုံလုပ်သားလေးတစ်ယောက်ဟာ သူ့ရဲ့ အမေရိကန်အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ဘဝရဲ့ ငယ်ချစ်ကို စွန့်လွှတ်၊ အမေတစ်ခု သားတစ်ခုဘဝရဲ့ အမေ့ကို ထားခဲ့ရစ်ပြီး အမေရိကကို ရောက်ခဲ့တယ်။ တကယ်တမ်းရောက်သွားတဲ့အခါမှာတော့ စိတ်ကူးထဲက အမေရိကဟာ နဖူးတွေ့ဒူးတွေ့ နိစ္စဓူဝရင်ဆိုင်ရမယ့် အမေရိကနဲ့ လုံးလုံးမျှ မတူကြောင်း ရင်နာနာနဲ့ သိလိုက်ရပါတယ်။အချစ်ထက် ဘဝကို ဦးစားပေးခဲ့တဲ့သူ့အနေနဲ့ နေ့စဉ်ဘဝကို အကောင်းဆုံးကြိုးစားပြီး ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ ချိန်ညှိဖို့ ကြိုးစားခဲ့ပေမဲ့ ထင်သလိုဖြစ်မလာခဲ့ရှာပြန်တယ်။ဒီရုပ်ရှင်ဟာ အရွယ်ရောက်ပြီးသားသမီးဖြစ်သူနဲ့ ဇာတ်လိုက်ရဲ့ကြားက ဆက်ဆံရေးကနေမှ အတိတ်နဲ့ ပစ္စုပ္ပန်ကြား လူးလာကူးခတ်နေတဲ့ မှတ်ဉာဏ်တွေပါ။ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘဲ နေ့စဉ်ဘဝမှာ လူသားတွေ ကြုံတွေ့ဖြတ်သန်းနေရတာတွေပါ၊ ဒီကားထဲက ဇာတ်လိုက်ဟာဆိုရင်လည်း သူ့ကာရိုက်တာအရဆို ကိုယ်မကြိုက်ချင်လှပေမယ့် နောင်တတွေကို သူနဲ့ထပ်တူ ...
movie

Tigertail (2020)

2020
[18+] The Wayward Cloud (2005) 6.5
[18+] The Wayward Cloud (2005) The Wayward Cloud (2005)~ IMDb - 6.5/10, Rotten Tomatoes - 78% ~ (ဒီလိုခေတ်ဟောင်းကားတွေထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲကြည်အောင် 720p ထိချဲ့ကုတ်ပေးလိုက်ပါတယ်ခင်ဗျာ) ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ရဲ့ အမှတ်သညာလိုဖြစ်နေတဲ့ကားလို့ ပြောရမှာပဲ။ နောက်ဒီကားအမျိုးအစားက မြူဇစ်ကယ်ဒရာမာ။ မြူဇစ်ကယ်ဒရာမာအရေအတွက်က တရုတ်ရဲ့ ရုပ်ရှင်တွေထုတ်လုပ်နှုန်းနဲ့ ယှဉ်ရင် ၀.၀၀၁ ရာခိုင်နှုန်းတောင် ရှိပါ့မလားပဲ။ တရုတ်မြူဇစ်ကယ် ဒရာမာစစ်ကလည်း ပိုရှားတယ်။ ကြည့်ဖူးသလောက်ထဲတော့ ဟောင်ကောင်မှာဆို Perhaps Love, နောက်ထိုင်ဝမ်က ဒီကား၊။ ဒီလောက်ပဲ တွေ့ဖူးတယ်။ ဒီကားက မြူဇစ်ကယ်ဒရာမာဖြစ်နေရုံတင်မဟုတ်ဘဲ တကယ့်ငစားကားလည်း ဟုတ်တယ်။ ဘယ်လိုစားလဲတော့ ခင်ဗျားကိုယ်တိုင်ကြည့်မှ သိမှာပဲ။ အပြမှာတင်စားတာမဟုတ်ဘဲ သူ့သီချင်းတွေကလည်း စားတယ်။ မသိတဲ့လူသွားပြရင်တော့ အောကားလားလို့တော့ အမေးခံရမှာပဲ။ Tsai Ming-liang အနေနဲ့ဆိုရင်တောင် တော်တော်စားတဲ့ကားလို့ပြောရမှာပါပဲ။ ဒီရုပ်ရှင်က ...
movie

[18+] The Wayward Cloud (2005)

2005
Goodbye, Dragon Inn (2003) 7.1
Goodbye, Dragon Inn (2003) Goodbye, Dragon Inn ( 2003 ) ---------------------------- Directed by Tsai Ming LiangBreathless ရုပ်ရှင်ထဲက Godard ရဲ့ ဒိုင်ယာလော့တစ်ကြောင်းရှိတယ်။ ဘဝရဲ့အကြီးကျယ်ဆုံးပန်းတိုင်က immortal ဖြစ်လာပြီးမှ သေဖို့ပဲတဲ့။ ဒီလိုမသေမျိုးဖြစ်လာပြီးမှ သေသွားတဲ့လူတွေ ရှိတော့ရှိပါတယ်။ ဗန်ဂိုး , မိုးဇက် , ဟိုးမား , မိုက်ကယ်အိန်ဂျလို , တာကော့စကီး...။ လွယ်တော့မလွယ်လှဘူးပေါ့။ အခက်ဆုံးအရာလို့ ပြောရင်တောင်ရမလားပဲ။ဂွတ်ဘိုင်ဒရာဂွန်အင်း တစ်ကားလုံးက ရုပ်ရှင်ရုံဟောင်းတစ်ခုမှာ တစ်ချိန်က legenကြီး ကင်းဟူရဲ့ ဒရာဂွန်အင်းကားပြနေတဲ့ အချိန်တစ်ခုကို ရိုက်ထားရုံသက်သက်ပဲ။ ဒီလိုရိုက်တာ Tsai Ming Liangပထမဆုံးတော့ မဟုတ်ဘူးပေါ့။ ရုပ်ရှင်ကို ရုပ်ရှင်ပိုဆန်စေခဲ့တဲ့ အင်ဂမာဘတ်မန်းတို့ အီရန်ရုပ်ရှင်က ဆရာတစ်ဆူဖြစ်တဲ့Abbas Kiraostami တို့လည်း ရိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ Tsai Ming Liangကလည်း Tsai Ming ...
movie

Goodbye, Dragon Inn (2003)

Vive L’Amour (1994) 7.4
Vive L’Amour (1994) Vive L'Amour (1994)~ IMDb - 7.4/10, Rotten Tomatoes - 86% ~Directed by "Tsai Ming-liang"ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ ...
movie

Vive L’Amour (1994)

1994