Channel Myanmar

Yeon-Seok Yoo

Mood Of The Day (2016) 6.7
Mood Of The Day (2016) Mood of the day ဇာတ်ကားဟာဆိုရင် ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb Ratting 6.7 ရရှိထားပါတယ် Oldboy,A Weresolf boy တို့နှင့်လူသိများသော မင်းသား Yeon-Seok Yooနှင့်War of arrows ဇာတ်ကားထဲမှ မင်းသမီး Chae-won Moonတို့ ပါဝင်သရုပ်ဆောင်ထားပါတယ် အချစ်ဆိုတဲ့အရာဟာ ရက်တွေလတွေနှစ်တွေကြာအောင် ချစ်ကြသည့်တိုင်အောင် အချစ်စစ်ဆိုတာတကယ်ဖြစ်လာနိုင်သလား...... အချစ်စစ်ဆိုတာဟာ အဲ့လောက်အချိန်တွေအများကြီးမကြာနိုင်ပေမယ့်လည်း တစ်ရက်တည်းနဲ့တကယ့်အချစ်ဖြစ်သွားနိုင်တယ်ဆိုတာကို ပေါ်လွင်အောင် ရိုက်ပြထားတဲ့ဇာတ်ကားတကားဖြစ်ပါတယ်.... ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် မိန်းကလေးတွေဆိုရင်အပျော်သာ သဘောထားပြီး အချစ်ဆိုတာကိုအလေးမထားတဲ့ မင်းသား ဂျေဟွန်း(နဲ့ တယောက်တည်းကိုသာ လေးလေးနက်နက်ထားချစ်တတ်တဲ့မင်းသမီး ဆိုဂျန်(Chae-won Moon)ဟာ မိမိတို့ရဲ့အလုပ်ကိစ္စနဲ့အတူ တိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံကြပါတော့တယ်... နှစ်ယောက်စလုံးရဲ့အလုပ်ကိစ္စက နာမည်ကျော်ဘက်စဘော်ကစားသမား ကင်ဂျင်ချွဲဆိုသူကို ရှာဖွေဖို့ပဲဖြစ်တယ်....တရက်တည်းပဲတွေ့ဆုံပြီး ဘက်စကစ်ဘော်ကစားသမားတယောက်ကိုရှာဖွေရင်း တင်္ဂလေးအတွင်းမှာပဲ တယောက်နဲ့တယောက် ဖွင့်ပြောပြလို့မရတဲ့ သံယောဇဉ်တွေဖြစ်သွားတဲ့အခါမှာတော့... မင်းသားကရော သူ့ရဲ့အကျင့်ဆိုးတွေကို ပြင်နိုင်မှာလား... မင်းသမီးကရော သူ့ရဲ့အနှစ်နှစ်အလလချစ်ရတဲ့ချစ်သူကိုစွန့်လွှတ်နိုင်မှာလားဆိုတာကို Romance ဆန်ဆန်နဲ့ ကြည်ကြည်နူးနူးကြည့်ရှုရမယ့် Drama ကားကောင်းတစ်ကားပဲဖြစ်ပါတယ်....Quality...DVD Rip File size…(1 GB , 874 MB)  Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Translator…Aung Pyay Encoder….Moe Myint Lwin    
movie

Mood Of The Day (2016)

2016