Channel Myanmar

Yi Yunhe

Dust To Dust ( 2023 ) 6.1
Dust To Dust ( 2023 ) တရားခံကိုဖမ်းနိုင်ဖို့ (၂၁)နှစ်ကြာခဲ့တဲ့ (၁၉၉၅)ခုနှစ်မှာဖြစ်ခဲ့တဲ့ ဘဏ်ဓားပြမှုကိုအခြေခံပြီးရိုက်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါ။(၁၉၉၅)ခုနှစ် ကွမ်းတုံရဲ့ ငွေစုဘဏ်လေးတစ်ခုမှာ လူနှစ်ယောက်သေနတ်နဲ့ဝင်ပြီးဓားပြတိုက်တဲ့အမှုဖြစ်ခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ဘဏ်ရဲ့ငွေသယ်ယာဉ်ကိုဓားပြတိုက်မှုဖြစ်သွားပါတယ်။ တစ်ခါမှာတော့ ဘဏ်ဝန်ထမ်း(၃)ယောက်သေခဲ့ပြီး ငွေပမာဏဟာလဲအဲဒီအချိန်မှာ အများဆုံးအဖြစ်စံချိန်တင်သွားပါတယ်။နယ်မြေ(၃)ခုကရဲတွေဟာပူးပေါင်းပြီးစုံစမ်းခဲ့လို့ တရားခံ(၅)ယောက်ကို အမြန်ဖမ်းနိုင်ခဲ့ပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ (၂၁)နှစ်ကြာပြီးမှ တရားခံတစ်ယောက်ကို နယ်စပ်မြို့တစ်မြို့မှာ ပြန်တွေ့လိုက်ရတဲ့အခါ အမှုကပြန်ပြီးအသက်ဝင်လာပါတော့တယ်။ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းတစ်ခုလုံးကိုကစိတ်ဝင်စားဖို့ကောင်းပြီး ဒါရိုက်တာကလဲ ကောင်းကောင်းတင်ဆက်ပေးနိုင်တဲ့အတွက် မှုခင်းဇာတ်ကားကောင်းလေးတွေကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Dust To Dust ( 2023 )

Nobody ( 2023 ) 5.6
Nobody ( 2023 ) CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ ဟာသဇာတ်လမ်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းထဲမှာတော့ ရွှေဆိုင်ကိုဓားပြတိုက်ပြီးထွက်ပြေးသွားတဲ့ လူနှစ်ယောက်အဖွဲ့၊ပိုက်ဆံတစ်သန်းပျောက်သွားလို့ လုံအစ်ကိုဆိုတဲ့လူကိုရှာခိုင်းတဲ့ လုံအစ်ကိုတို့အဖွဲ့၊ ရှေးခေတ်ဘုရင်သုံးခဲ့တဲ့ပန်းကန်လုံးကို လေလံသွားတင်မယ့် သာ့ချီ၊ ရဲနဲ့ရန်ဖြစ်ပြီးထောင်ကျသွားလို့လွတ်လာတာမကြာသေးတဲ့ ရွှင့်ကျီ ဒီလိုလူတွေ အမှတ်မထင်ပဲ ရေပူစမ်းတစ်ခုမှာ သွားဆုံတွေ့ရာကနေ အမှားအယွင်းအလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုတွေ ဖြစ်ပျက်ကြမလဲဆိုတာ ဟာသဇာတ်ကားလေးတစ်ကားလေးဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ ပရိသတ်တွေကိုတစ်ခုခုရရှိသွားစေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့်ဒီဇာတ်ကားလေးကို ကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Nobody ( 2023 )

River God: The Strange Story ( 2023 ) 6
River God: The Strange Story ( 2023 ) သည်းထိတ်ရင်ဖိုကားတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက် River God ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -မင်ကော်ခေတ်မှာ ထျန်းကျင်းဝေ့မြို့မှာ ရေဘေးအန္တရာယ်တွေ အကြိမ်ကြိမ်ကြုံတွေ့နေရပြီး သဘာဝလွန် ဖြစ်ရပ်သတင်းတွေ မပျက်ကြားနေရပါတယ်။ ရေပေါ်ရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ကောသယ်ယိုဟာ သူ့ဆရာရဲ့ ပညာတွေကို ဆက်ခံထားပြီး မြစ်နတ်အဖြစ် နာမည်ကြီးနေပါတယ်။တစ်နေ့မှာ ကောသယ်ယိုတစ်ယောက် မြစ်ထဲကနေ အလောင်း ၂ ခုကို ဆယ်ခဲ့ပြီးနောက်မှာတော့ ပုံရိပ်ယောင်တွေကို မြင်လာခဲ့ပါတယ်။ ပုံရိပ်ယောင်တွေက တစ်ဆင့် သူ့အစ်ကို သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကလေးပျောက်ဆုံးမှုနဲ့ ပတ်သက်နေတာ သိခဲ့ရပါတယ်ကောသယ်ယို၊ တင်းမောင်နဲ့ လီတာ့လန့်တို့ ၃ ယောက်ဟာ အမှန်တရားကို ရှာဖွေဖို့အတွက် စွန်စားခန်း စတင်ခဲ့ပါတယ်။ စာကြည့်တိုက်မီးလောင်မှု၊ ဝက်ခေါင်းလူကြီးရဲ့တိုက်ခိုက်မှုတွေ၊ ယင်းရန်မြစ်နတ်ရဲ့ လမ်းညွှန်မှု၊ ဝေမိသားစုသင်္ချိုင်းက သရဲအိမ်ကြီး စတဲ့ နေရာတွေကို တစ်ယောက်ယောက်က တမင်လမ်းညွှန်ပြနေပါတယ်။ကောသယ်ယိုတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၂၀ က အမှန်တရားကို ဖော်ထုတ်နိုင်ပါ့မလား...... ပုံရိပ်ယောင်တွေနဲ့ သူ့ကို တိုက်ခိုက်နေသူကရော ဘယ်သူဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ...
movie

River God: The Strange Story ( 2023 )

Goodbye I ( 2022 ) 6
Goodbye I ( 2022 ) CM Chinese Fanလေးတွေအတွက် ဆန်းဆန်းပြားပြားခမ်းနားကြီးကျယ်တဲ့ အသုဘတစ်ခုဖြစ်လာအောင်စီမံတဲ့ဇာတ်ကားလေးတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ဖန့်တမင်ပိုင်ဟာတုံးပေမှာအဖြူရောင်လုပ်ငန်း(သုဘရာဇာလုပ်ငန်း) လုပ်ငန်းလုပ်ကိုင်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူများနဲ့မတူတာက ထောင်ကထွက်လာတဲ့သူတွေကိုအလုပ်အကိုင်ပေးလက်ခံပေးခဲ့တယ်။တစ်နေ့မှာတော့ နျိုရင့်လန်ဆိုတဲ့လူတစ်ယောက်ရောက်ချလာပြီး အသုဘတစ်ခုအတွက် ယွမ်သိန်း၃၀သုံးမယ်လို့ဆိုပါတယ်။ ဖန့်တမင်ပိုင်တို့အဖွဲ့ကအရမ်းကိုအံ့ဩခဲ့ရတာပေါ့.....ဒီလိုနဲ့အသုဘအခမ်းအနားပြင်ဆင်နေတဲ့အချိန်မှာ ကျောက်တမင်ပိုင်နဲ့နျိုရင့်လန်က သူတို့နှစ်ယောက်ကြားက ရေစက်ဟာဒီလောက်ပဲမဟုတ်ဘူးဆိုတာသိလိုက်ရတယ်...... သူတို့နှစ်ယောက်ကြားမှာရောဘယ်လိုဆက်စပ်မှုတွေရှိနေသေးလဲ...... ယွမ်သိန်း၃၀တန်အသုဘအခမ်းအနားကြီးဟာဘယ်လိုဖြစ်လာမလဲ......ဒီဇာတ်ကားလေးရဲ့အတွဲ ၂ ကြည့်မယ်ဆိုရင် အောက်ကလင့်မှာဝင်ကြည့်ပါGoodbye 2 ( 2023 ) – Channel Myanmar [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Goodbye I ( 2022 )

Fight Against Evil ( 2021 ) 6.2
Fight Against Evil ( 2021 ) ကြမ်း မှ ဖိုက်မှ ကြိုက်တဲ့ Action ပရိတ်သတ်တွေအတွက်အက်ရှင်ကားကောင်းလေးတကားတင်ဆက်ပေးလိုက်ပါတယ်ဒီ Fight Against Evil ဇာတ်ကားကတော့ စုန်းပေမြို့မှာဖြစ်ပွားခဲ့တဲ့မှုခင်းတစ်ခုအကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မင်းသား လီဟုမ်ချီက‌တော့ ရဲအရာရှိလေးတစ်ယောက်ပေါ့ဗျာလီဟုမ်ချီကသူခိုးဖမ်းရင်းနဲ့ ပြည်သူတစ်ယောက်နဲ့စကားများပြီးတိုင်ကြားခံလိုက်ရတာကနေတစ်ဆင့် အလုပ်ခဏနားလိုက်ရပါတယ်လီဟုမ်ချီနဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့က မိန်းကလေးရှင်ဘက်ကအိမ်ပြန်ပြီး မိဘတွေနဲ့တွေ့ဖို့ စုန်းပေမြို့ကိုခဏတာခရီးထွက်လိုက်ချိန်ကနေ ဒီ‌အမှုက စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ် လီဟုမ်ချီကယောက္ခထီးဖြစ်သူနဲ့အဆင်ပြေအောင် ညှိယူရင်းနဲ့ မထင်မှတ်ပဲလူတွေသတ်လိုက် ငွေတွေလိမ်လိုက်နဲ့အမြတ်ထုတ်နေတဲ့ ညီအကို ၃ယောက်နဲ့ တွေ့စုံလိုက်ရပါတယ်သုညအဆင့်ကနေ ဘဝစခဲ့တဲ့ ညီအကို ၃ယောက်ကဘယ်လိုအကြံတွေနဲ့ လောင်းကစားလောကကြီးကို ထိန်းချုပ်သွားမလဲကိုတွေရဲ့မင်းသား လီဟုမ်ချီကရော အမှုကိုဘယ်လိုလိုက်မလဲ ဒီအမှုကရော သူ့ချစ်ရသူနဲ့ယောက္ခထီးဖြစ်သူကြားမှာ‌ရောပတ်သက်မှုတွေရှိနေလို့ဘယ်လိုအမှုကိုဖြေရှင်းသွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင် Quality : WEB-DL 1080p , 480pFormat : mp4Genres : Crime , Drama , ActionRelease Date : 4 October 2021During : 1h 23minSubtitle : Myanmar Subtitle ...
movie

Fight Against Evil ( 2021 )