Channel Myanmar

Yoo Ha-Bok

Hot Young Bloods (2014) 6.8
Hot Young Bloods (2014) ဟုန်းဆောင်း အထက်တန်းကျောင်းက ကျောင်းသူ ယောင်းဆုဟာ စိတ်ကြမ်းလူကြမ်းတစ်ယောက်ဖြစ်ပြီးအမျိုးသမီး လူမိုက်ခေါင်းဆောင်တစ်ယောက်အဖြစ် နာမည်ကြီးပါတယ် သူတစ်ဖက်သတ်ကြိုက်နေတဲ့ ကျောင်းသားကတော့ကန်ဂျောင်းဂီ ဖြစ်ပြီး ကျောင်းသူတွေကြားမှာ ရေပန်းစားတဲ့ playboy တွေ့မရှောင်ဖွန်ကြောင်သူပါဒါပေမယ့် ယောင်းဆုကိုတော့ တစ်ခြားကျောင်းက ကျောင်းသားလူမိုက် ခေါင်းဆောင်ဂွမ်ဆစ်က ကြိုက်နေတဲ့အတွက် လက်ရှောင်ထားခဲ့ပါတယ် တစ်နေ့တော့ ဟုန်းဆောင်းကျောင်းကိုဆိုးလ်မြို့က အပြစ်ကင်းပြီး ချစ်ဖို့ကောင်းတဲ့ ယွန်ဟီးဆိုတဲ့ ကျောင်းသူတစ်ယောက်ပြောင်းလာတဲ့အခါမှာတော့playboy ကြီး ကန်ဂျောင်းဂီတစ်ယောက် ဘယ်လိုအကွက်တွေ ရွှေ့မလဲ တစ်ဖက်သတ်ကြိုက်နေတဲ့ ယောင်းဆုကရော ဘယ်လိုတွေ နှောင့်ယှက်မှာလဲ ကျောင်းသားလူမိုက် ဂွမ်ဆစ်ကရောအရှုပ်တော်ပုံထဲကို ဘယ်လိုပါဝင်လာမလဲဆိုတဲ့ လေးပွင့်ဆိုင် လူငယ်ဟာသ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်မင်းသမီးဖြစ်သူနဲ့ အရန်မင်းသားတို့ကလည်း ၂၀၁၈ ခုနှစ်ထွက် on your wedding day ဆိုတဲ့ဇာတ်ကားမှာ အတူသရုပ်ဆောင်ထားပါသေးတယ်။(ဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Aung Tayza ...
movie

Hot Young Bloods (2014)

2014
A Company Man (2012) 6.7
A Company Man (2012)   ဒီကားလေးဟာကိုရီးယားအက်ရှင်ကားတွေထဲမှာတည်တည်ငြိမ်ငြိမ်နဲ့သရုပ်ဆောင်တတ်တဲ့ တောင်ကိုရီးယားဝါရင့်မင်းသားSo-Ji_Subပါဝင်သရုပ်ဆောင်ထားတဲ့၂၀၁၂ထွက်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးကိုကြေးစားလူသတ်သမားအဖွဲ့အစည်းတစ်ခုနဲ့စတင်ထားပါတယ်။ Heyong-Doဟာအပြင်ပန်းကကြည့်ရင်တော့သတ္တုလုပ်ငန်းတစ်ခုရဲ့ဝန်ထမ်းတစ်ယောက်လို့ပဲမြင်ရမှာပါတယ်။ တကယ်တော့အဲဒီသတ္တုလုပ်ငန်းဆိုတာကိုအယောင်ပြပြီးအဖွဲ့အစည်းအလိုက်အလုပ်လုပ်တဲ့ကြေးစားလူသတ်သမားအဖွဲ့တစ်ခုရဲ့အဖွဲ့ဝင်တစ်ပါပဲ။ မိမိလုပ်ငန်းမှာကျွမ်းကျင်ပိုင်နိုင်စွာသွေးအေးစွာလုပ်ဆောင်နိုင်ပြီးအတော်ဆုံးကြေးစားလူသတ်သမားဖြစ်ပေမယ့်အချစ်ဆိုတဲ့အရာသူ့ဘ၀ထဲကိုဝင်လာချိန်မှာတော့အရာအားလုံးပြောင်းလဲကုန်ပါတော့တယ်။ Single motherတစ်ယောက်ဖြစ်သူMi-Yeonနဲ့တွေ့ကာချစ်မိပြီးတဲ့နောက်Heyongဟာသူ့ရဲ့အတိတ်ကမကောင်းမှုတွေကိုစက်ဆုပ်လာပါတော့တယ်။ အဲဒါနဲ့အခိုင်အမာတည်ရှိနေတဲ့သူ့ရဲ့ကြေးစားလူသတ်ဂိုဏ်းကနေထွက်ဖို့ကြိုးစားတဲ့နောက်မှာတော့ အဖြစ်အပျက်တွေဟာမုဆိုးဘ၀ကနေသားကောင်ဘ၀အဖြစ်သို့နေ့ချင်းညချင်းရောက်သွားသလိုပါပဲ။ Heyongတစ်ယောက်နွံထဲကနေရုန်းထွက်နိုင်မလား။သူမျှော်လင့်တဲ့ငြိမ်းချမ်းတဲ့ဘ၀လေးထူထောင်နိုင်မလား။ အတိတ်အရိပ်ဆိုးကိုကျော်ဖြတ်နိုင်မလားဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်ကြတာပေါ့ဗျာ။ မင်းသားကောင်းတလက်ဖြစ်တဲ့အတွက်အက်ရှင်ကားကောင်းတစ်ကားကိုစိတ်ကျေနပ်မှုအပြည့်အ၀နဲ့အားလပ်ချိန်စိတ်အပန်းပြေကြည့်နိုင်မှာဖြစ်ပါတယ်။ Ratingအနေနဲ့လည်6း.7ထိရထားတဲ့ကားလေးဖြစ်ပါတယ်။   (ဘာသာပြန်သူကတော့ CM မှ Translator တစ်ဦးဖြစ်သူ Thinzar Thaung Htike San ပဲဖြစ်ပါတယ်)  File Size : (700 MB) and (280 MB) Quality : Bluray720p Running Time : 1hr 36minutes Format : Mp4 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated By Thinzar Thaung Htike San Encode By Thanhtike Zaw
movie

A Company Man (2012)

2012