Channel Myanmar

Yu Li

Wu Long Yuan ( 2022 ) 5.9
Wu Long Yuan ( 2022 ) မကောင်းဆိုးဝါး မှော် မိစ္ဆာတွေနှစ်သက်တဲ့ CMပရိသတ်ကြီးအတွက် Wu Long Yuan ဆိုတဲ့ မိစ္ဆာနှိမ်နင်းတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့...... ဝူလုံဘုန်းကြီးကျောင်းက တပည့်ကြီးအားလျန့်ဟာ ဂုဏ်ရှိန်ကြီးမားတဲ့ မိစ္ဆာနှိမ်နင်းသူတစ်ယောက်အရမ်းကိုဖြစ်ချင်ပါတယ်။ ဒါပေမယ့် ပညာရည်မပြည့်မီပဲ သူများတွေလေးစားအထင်ကြီးအောင် လိမ်လည်ခြင်းသာလုပ်တတ်ပါတယ်။ချောမောတဲ့ လင်နန်ရှားမျိုးနွယ် ရှားခယ့်ယန်ကတော့ လင်နန်ရှားမျိုးနွယ်ဆိုတဲ့ဂုဏ်သရေရှိ မိစ္ဆာနှိမ်နင်းသူမျိုးနွယ်ကဆင်းသက်လာသူပါ။ သူကမိသားစုအညှိုးအတေးအတွက် မိစ္ဆာတွေကိုအမြစ်ကနေနှိမ်နင်းချင်းသူတစ်ယောက်ပဲ။ သူတို့နှစ်ယောက်ဟာ ဝူလုံဘုန်းကြီးကျောင်းက ဆရာတော်ကြီးပေးအပ်တဲ့တာဝန်အရ လွတ်မြောက်လာတော့မယ့် မိစ္ဆာဘုရင်ကြီးကိုပြန်လည်ချုပ်နှောင်ဖို့အတွက် အသွားလမ်းခရီးမှာ မိစ္ဆာနှိမ်နင်းခြင်းဝတ္ထုကိုဖြစ်အောင်ရေးမယ်ဆိုပြီး ရည်မှန်းချက်ထားထားတဲ့ အိုက်ဖေးနဲ့လမ်းမှာတွေ့ကြပြီး ၃ယောက်သား မိစ္ဆာဘုရင်ကြီးကိုနှိမ်နင်းဖို့သွားပါတော့တယ်။လမ်းခရီးတစ်လျှောက်ကြုံတွေ့လာတဲ့မိစ္ဆာတွေကိုဘယ်လိုနှိမ်နင်းကြမလဲ...... မိစ္ဆာဘုရင်ကြီးကိုရော ဒီလူငယ်လေး၃ယောက်က ရင်ဆိုင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ တခြားမိစ္ဆာကားတွေလိုဖန်တက်စီဆန်ဆန်ရိုက်ထားတာမဟုတ်ပဲ ကြောက်စရာနည်းနည်းကောင်းတဲ့အတွက် အဖော်လေးနဲ့ကြည့်ကြပါလို့ မှာချင်ပါတယ်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Comedy , Thriller Runtime : 1h 33min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Wu Long Yuan ( 2022 )

Five Elements Secret Art ( 2022 ) 6.2
Five Elements Secret Art ( 2022 ) CM ချစ်ပရိသတ်တွေအတွက် သိုင်းကားကောင်းလေးမိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးက လွန်လေပြီးသော နှစ်ပေါင်းများစွာက ရှေးလူကြီးတွေက ရေမီးသစ်သား မြေ သတ္တု ဆိုတဲ့ ဒြပ်စင် ၅ မျိုးကို ဖော်စပ်ခဲ့ပြီး ဒီ ဒြပ်စင် ၅ ပါးရဲ့ အရှင်သခင်တွေက လောက ဘေးကင်းဖို့ကို ထိန်းသိမ်းဖို့ တာဝန်အသီးသီးယူဖို့ ကြံရွယ်ခဲ့တယ်...ဒါပေမယ့် ဒီရတနာအကြောင်းသိတဲ့ မသမာသူတွေက ဒီဒြပ်စင် ၅ပါးကို လက်ထဲအရယူပြီး လောကကို အုပ်စိုးဖို့ကြံခဲ့တယ်...ဒီလိုနဲ့ အာဏာနဲ့ ဂုဏ်၊ ကြွယ်ဝချမ်းသာမှုက အရေးကြီးတယ်လို့ ထင်ထားတဲ့ ဟင်းရွက်သည်လေး ယန်ရိကျင်းတစ်ယောက် သတ္တုအရှင်သခင်ဖြစ်လာခဲ့ချိန်မှာတော့... လောကရဲ့ တကယ့်တန်ဖိုးရှိတဲ့အရာကို ဆုံးရှုံးခဲ့ရပါတယ်... ဒါကြောင့်လည်း အချိန်ခရီးသွားချိန်မှာ သူဘာကိုပြောင်းလဲနိုင်မယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ...ကဲ ဒြပ်စင် ၅ ပါးကို ဘယ်လို ကာကွယ်ကြမယ်... ရိကျင်းဆုံးရှုံးသွားတာက ဘာလဲ.... အချိန်ခရီးသွားပြီး ဘာပြောင်းလဲနိုင်မလဲ.... ဇာတ်ကားလေးကြည့်လိုက်တော့နော်..... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 26min Subtitle : Myanmar Subtitle ( Hardsub ...
movie

Five Elements Secret Art ( 2022 )

Huo Family Fist ( 2020 ) 5.2
Huo Family Fist ( 2020 ) သိုင်းကားကောင်းကြိုက်သူတွေအကြိုက်တွေ့စေမယ့်၂၀၂၀ထွက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်ဂျပန်တွေတရုတ်ပြည်ကိုအုပ်စိုးနိုင်ဖို့ ဘိန်းပင်တွေစိုက်ဖို့ ကြိုးစားစဉ်ကာလ...အားရှီလို့ခေါတဲ့မိန်းကလေးဟာရှန်ဟဲမှာအပျော်မယ်လုပ်ဖို့ရောင်းစားခံရရင်းရှန်ဟဲကိုအုပ်စိုးနေတဲ့ ကျင်းကန်ကန်ဂိုဏ်းချုပ်ရဲ့မွေးစားသားအားပေါက်ကိုသတ်မိလိုက်ပေမယ့်သူမရဲ့သိုင်းပညာတော်မှုကြောင့်ဂိုဏ်းချုပ်ရဲ့ချစ်ခင်မှုကိုရပြီး မွေးစားသမီးတော်လိုက်ပါတယ်...ဒီလိုနဲ့ရှန်းလော့မိန်ရဲ့သခင်မရှီဖြစ်လာပြီး ဘိန်းရှူတဲ့နေရာတွေမှန်သမျှကိုလိုက်ဖျက်ဆီးပြီး နယ်မြေသန့်စင်တဲ့အခါ...စခန်းမူးပိုင်နဲ့ ဂိုဏ်းချုပ်ရဲ့မွေးစားသားအားဟူတို့ရဲ့ စီးပွားရေးကိုထိခိုက်စေတဲ့အခါ...သခင်မရှီကိုဘယ်လိုတွေအကောက်ကြံမှာလဲ...နောက်ကွယ်ကအဓိကကြိုးကိုင်သူကဘယ်သူလဲ...သခင်မရှီက ဟော့ကျားချွမ်သိုင်းကွက်နဲ့ရန်သူကို ဘယ်လိုအနိုင်ယူမလဲ...တိုက်ခိုက်မှုတွေကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရမှာဖြစ်ပြီးသခင်မရှီနဲ့ ဟော့ကျားချွမ်ဂိုဏ်းရဲ့ဆက်ခံသူ ဟော့ကျားစိမ်းတို့ရဲ့အချစ်ကိုလဲ မြင်တွေ့ရမှာပါ.. Translated & Review By Phyo ZawEncoded By LK
movie

Huo Family Fist ( 2020 )

Destines ( 2019 ) 5.2
Destines ( 2019 ) Zawgyi*******ဒီကားလေးဟာ လူတွေရဲ့လောဘစိတ်ကိုအခြေခံပြီးရိုက်ပြသွားတဲ့ ဇာတ်ကားဖြစ်ပါတယ်စန်းရှီးနယ်တစ်ဝိုက်မှာ နာမည်ကျော်ကြားလှတဲ့အန်ကယ်စုန့်အလွှာခေါက်ဆွဲရဲ့ဖော်မြူလာကို ချင်စုန့်စိမ်းဆိုတဲ့လူဆိုးခေါင်းဆောင်က ရယူဖို့အမျိုးမျိုးကြိုးစားရာကနေ ဘယ်လိုအဖြစ်အပျက်မျိုးတွေကြုံတွေ့ရမှာလဲ...လျို့ဝှက်ဖော်မြူလာက တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းအိုးထဲမှာရှိနေတာသိလိုက်ရတဲ့အခါ လောဘသားအချင်းချင်းဘယ်လိုတွေလုယူကြမှာလဲ...နောက်ဆုံးမှာဘယ်သူကပိုင်ဆိုင်ခွင့်ရမှာလဲ...ဘယ်လိုလှည့်ကွက်မျိုးတွေရှိနေတာလဲ....လောဘကြီးရင် အရနည်းတတ်တယ်ဆိုတာကို ဖော်ပြနေတဲ့ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ် Unicode*******ဒီကားလေးဟာ လူတွေရဲ့လောဘစိတ်ကိုအခြေခံပြီးရိုက်ပြသွားတဲ့ ဇာတ်ကားဖြစ်ပါတယ်စန်းရှီးနယ်တစ်ဝိုက်မှာ နာမည်ကျော်ကြားလှတဲ့အန်ကယ်စုန့်အလွှာခေါက်ဆွဲရဲ့ဖော်မြူလာကို ချင်စုန့်စိမ်းဆိုတဲ့လူဆိုးခေါင်းဆောင်က ရယူဖို့အမျိုးမျိုးကြိုးစားရာကနေ ဘယ်လိုအဖြစ်အပျက်မျိုးတွေကြုံတွေ့ရမှာလဲ...လျို့ဝှက်ဖော်မြူလာက တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းအိုးထဲမှာရှိနေတာသိလိုက်ရတဲ့အခါ လောဘသားအချင်းချင်းဘယ်လိုတွေလုယူကြမှာလဲ...နောက်ဆုံးမှာဘယ်သူကပိုင်ဆိုင်ခွင့်ရမှာလဲ...ဘယ်လိုလှည့်ကွက်မျိုးတွေရှိနေတာလဲ....လောဘကြီးရင် အရနည်းတတ်တယ်ဆိုတာကို ဖော်ပြနေတဲ့ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ် Translated & Review By Phyo ZawEncoded By LK
movie

Destines ( 2019 )

2019