Channel Myanmar

Yu Sichu

The Chase ( 2023 )
The Chase ( 2023 ) ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို Action ကား ကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ။(ဇာတ်လမ်းအကျဥ်း)ခေါင်းဆောင်ယွီရှောက်နမ်တို့ဦးဆောင်တဲ့ အမျိုးသမီးအထူးရဲတပ်ဖွဲ့ဟာ နည်းပညာကုမ္ပဏီသစ်တစ်ခုရဲ့ သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးလုပ်ငန်းများအတွက် ပါဝင်ဆောင်ရွက်ခဲ့ပါတယ် ။ ဒီသတင်းစာရှင်းလင်းပွဲကျင်းပနေစဥ်အတွင်းမှာ ရွှမ်ဟဲ့ဂိုဏ်းလို့အမည်ရတဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုက ဟက်ကာနည်းလမ်းကို အသုံးပြုပြီး ခြိမ်းခြောက်တဲ့ ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့ပါတော့တယ် ။ဒီခြိမ်းခြောက်မှုကို လုပ်နေသူမှာ တစ်ဦးတည်းသာဖြစ်ကြောင်း ယွီရှောက်နမ်သိရှိသွားတဲ့အခါ အဲဒီလူကို ဖြေရှင်းဖို့အတွက် ကြိုးစားခဲ့ပါတော့တယ် ။ အဲဒီအချိန်မှာပဲ ဒီခြိမ်းခြောက်တဲ့ သူဟာ ယွီရှောက်နမ်နဲ့ တစ်ချိန်တစ်ခါက ပတ်သတ်ခဲ့ဖူးတဲ့အပြင် ကံကောင်းကြောင်းမလှစွာနဲ့ပဲ အဲဒီလူဟာ လွတ်မြောက်သွားခဲ့ပါတယ် ။ဒီပြဿနာဖြစ်ပြီး နောက်ပိုင်းမှာလဲ ရွှမ်ဟဲ့ဂိုဏ်းက ဒုစရိုက်မျိုးစုံကျူးလွန်လာခဲ့ပြီး အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်တဲ့အထိ ဖြစ်လာခဲ့ပါတော့တယ် ။ ဒါတွေကိုနှိမ်နှင်းဖို့အတွက် -ယွီရှောက်နမ်ဦးဆောင်တဲ့ အမျိူးသမီးရဲတပ်ဖွဲ့ ဘယ်လိုတွေ နှိမ်နင်းပြီး တရားမျှတမှုကို ယူပေးမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုလိုက်ရအောင်ပါ ။ အမျိုးသားရဲတပ်ဖွဲ့နဲ့ ရင်ဘောင်တန်းပြီး တိုက်ကြ ခိုက်ကြတဲ့ အမျိုးသမီးရဲတပ်ဖွဲ့အကြောင်း ရိုက်ကူးထားတာဖြစ်တာမို့ သေချာပေါက်ကို မိမိုက်နေမှာ အသေချာပါပဲ။[ Reviewed By Chit Mya Mya Hmwe ] Quality : WEB-DL ...
movie

The Chase ( 2023 )