Channel Myanmar

Yu Zhen

Doll Bride ( 2024 ) 5.9
Doll Bride ( 2024 ) ယွင်ဝူမြို့က ယွင်ဝူတံတားမှာ လှေကားထစ် 99ထစ်ရှိပြီး လှေကားထစ်99ထစ်လုံးလျှောက်လှမ်းပြီးရင်တော့ ကြင်စဦးဇနီးမောင်နှံတွေ အိုအောင်မင်းအောင်ပေါင်းရမယ်ဆိုတဲ့ ဒဏ္ဍာရီရှိပါတယ်တဲ့ ။ဒါပေမဲ့ ထျန်အိမ်တော်ရဲ့သခင်လေးမင်္ဂလာဆောင်တဲ့နေ့မှာ မြူခိုးတွေလည်းထူထပ်နေပြီးတော့ တံတားကိုဖြတ်တဲ့အခါမှာ လှေကားထစ်က 99ထပ်အပြင် နောက်တစ်ထပ်ပါပိုနေခဲ့ပါတယ် ။ဒီလိုနဲ့နတ်ဆရာမရဲ့အပြောအရ အဲဒီတံတားက အမွှာလှေကားထစ်တစ်စုံပေါ်လာတတ်တာက တစ္ဆေမင်္ဂလာဆောင်မှဆိုတော့ ဒီမင်္ဂလာပွဲကဂြိုလ်ဆိုးဝင်ပြီမလို့ မင်္ဂလာပွဲဖျက်ဖို့အကြံပေးခဲ့ပါတယ် ။ဒါပေမဲ့ မင်္ဂလာပွဲကိုဆက်ကျင်းပကြတဲ့ ထျန်အိမ်ကမင်္ဂလာပွဲက တကယ်ကြီးကပ်ဆိုက်လာခဲ့ပါတော့တယ် ။ သတို့သမီးကရုပ်တရက်ပြီးစက္ကူရုပ်ဖြစ်သွားပြီး မင်္ဂလာပွဲမှာပါဝင်တဲ့သူတွေပါ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတဲ့အချိန်မှာတော့...တကယ်ပဲသရဲသတ်တာဖြစ်မလား ? ဒီလိုထူးဆန်းတဲ့သေဆုံးမှုတွေရဲ့ နောက်ကွယ်မှာတစ်ခုခုရှိလို့နေမလား ? အမှုတွေကရော ဘယ်လိုတွေတစ်ခုပြီးတစ်ခုထပ်ပေါ်လာအုံးမလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အဆုံးထိခံစားကြည့်ရှု့ပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK
movie

Doll Bride ( 2024 )

Exorcism ( 2023 ) 5.9
Exorcism ( 2023 ) မြို့လေးတစ်မြို့ရဲ့သူဌေးအိမ်ဖြစ်တဲ့ ချန်အိမ်တော်မှာ သခင်ကြီးချန်ရဲ့စတုတ္ထမြောက်ဇနီးလေးက မတော်တဆဆုံးသွားခဲ့ပါတယ်။ အသုဘနေ့မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ပြီးနောက် ချန်အိမ်တော်ကြီးက သရဲခြောက်ပါတယ်တဲ့......အစိမ်းသေသေတဲ့သခင်မ(၄)ကခြောက်လှန့်နေပါတယ်ဆိုပြီး ကောလဟာလတွေပြန့်လာပါတယ်။ ဒီလိုနဲ့ ပယောဂဆရာကြီးဝမ်က ချန်အိမ်ကိုအပနှင်ဖို့ရောက်လာခဲ့ပါတယ်။ ချန်အိမ်တော်ကလူတွေဟာ တစ်ယောက်တစ်မျိုးမူမမှန်တာကိုတွေ့ရပြီ ခြောက်ခြားစရာဖြစ်ရပ်တွေနဲ့ကြုံလာရပါတယ်။ ဆရာကြီးဝမ်ဟာ ချန်အိမ်ကြီးမှာအပနှင်ဖို့ကြိုးစားရင်းနဲ့ ချန်မိသားစုရဲ့လျှို့ဝှက်ချက်တွေကိုသိလာတဲ့အခါ...... ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller  Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Exorcism ( 2023 )

Work In Vain Song Ci ( 2021 ) 6.1
Work In Vain Song Ci ( 2021 ) လျှိုဝှက်ဆန်ဆန် ဂမ္ဘီရဆန်ဆန်မှုခင်းကားတွေကြည့်ချင်တဲ့CMကနေ တရုတ်ရှေးခေတ်မှုခင်းစစ်တဲ့ကားတစ်ကားလေးနဲ့မိတ်ဆက်လိုက်ပါတယ် ရှေ့ခေတ်ကပေါ်ခဲ့တဲ့ ပျောက်ဆုံးနေပြီဖြစ်တဲ့ ပေါ်ရွှင်ဆိုတဲ့မိစ္ဆာဘာသာဝင်တစ်ခုက စုန့်ချီနေတဲ့ချန်တင်းကိုရောက်ရှိလာပြီးကျိန်စာတိုက်ခဲ့တယ်ကျိန်စာကတကယ်ပဲ မိစ္ဆာမျိုးကလုပ်တာလား? လူသားတွေရဲ့ လောဘ ဒေါသ မနာလိုမှုနဲ့ ကာမပျော်မွေ့မှုကြောင့် ဖြစ်လာတဲ့အမှုတွေက တကယ်ပဲကျိန်စာကြောင့်ဖြစ်လာတာလား? လူတွေရဲ့နဂိုစိတ်ရင်းကြောင့်ဖြစ်လာတာလား?စုန့်ခေတ်ရဲ့ အလောင်းစစ်ဆေးတဲ့သူ စုန့်ချီက ဒီအမှုတွေနဲ့ နောက်ကွယ်ကကြိုးကိုင်သူကို ဘယ်လိုတွေးခေါ်မှုတွေအမျှော်အမြင်တွေနဲ့ အမှုကိုဖြေရှင်းမလဲဆိုတာကို လှည့်ကွက်မျိုးစုံ မထင်မှတ်ထားတဲ့ဇာတ်မြှုပ်ဇာတ်ကွက်တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုနိုင်မဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်…. [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Thriller Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Work In Vain Song Ci ( 2021 )

Snow Leopard Secret War ( 2021 ) 6
Snow Leopard Secret War ( 2021 ) အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ဂျပန်တပ်ကို တရုတ်တွေတော်လှန်ခဲ့တဲ့ ခေတ်နောက်ခံထားပြီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်low budget  ကားဆိုပေမယ့် သရုပ်ဆောင်တွေကသရုပ်ဆောင်ကောင်းမွန်မှုနဲ့ Plot ကောင်းတာကြောင့်ကြည့်လို့ကောင်းတဲ့ဇာတ်ကားအမျိုးအစားထဲမှာပါပါတယ်ဇာတ်လမ်းအကျဉ်းပြောရရင် တရုတ်ပြည်ကိုဂျပန်တွေသိမ်းထားတဲ့ကာလမှာ ဂျပန်လက်အောက်ခံသစ္စာဖောက်တွေ အများကြီးပေါ်လာပါတယ်ဒါကို ရှင်းဖို့ပြည်သူ့တပ်ဖွဲ့နဲ့အတူပြောက်ကျားတပ်ဖွဲ့လေးတွေပေါ်လာတော့တယ်သို့ပေမယ့် ခံယူချက်နဲ့ ပန်းတိုင်တူပေမယ့်သတင်းပေါက်ရောက်မှုခြင်းကွာသလို ရိက္ခာ ထောက်ပံ့မှု အစစမတူညီတာမျိုးရှိလို့ ကြားထဲ သဘောထားကွဲလွဲမှုတွေနဲ့ သိုးရေခြုံသောဝံပုလွေလိုပဲ ရန်သူတပ်က သူလျိုတွေလည်း ကိုယ့်တပ်ထဲရှိနေတဲ့အခါဘယ်လိုတွေဆက်ဖြစ်မလဲ ဘယ်လိုကြုံရမလဲဆိုတာဆက်လက်ကြည့်ရှုရမှာပါပဲဖြစ်ပါတယ်  Quality : WEB-DL 1080p Format : mp4 Genres : Action , War  Duration : 1h 23min Subtitle : Myanmar Subtitle ( Hardsub ) Translated By Chu Chu Encoded By LK
movie

Snow Leopard Secret War ( 2021 )