Channel Myanmar

Zhang Dong

Exorcism ( 2023 ) 5.9
Exorcism ( 2023 ) မြို့လေးတစ်မြို့ရဲ့သူဌေးအိမ်ဖြစ်တဲ့ ချန်အိမ်တော်မှာ သခင်ကြီးချန်ရဲ့စတုတ္ထမြောက်ဇနီးလေးက မတော်တဆဆုံးသွားခဲ့ပါတယ်။ အသုဘနေ့မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ပြီးနောက် ချန်အိမ်တော်ကြီးက သရဲခြောက်ပါတယ်တဲ့......အစိမ်းသေသေတဲ့သခင်မ(၄)ကခြောက်လှန့်နေပါတယ်ဆိုပြီး ကောလဟာလတွေပြန့်လာပါတယ်။ ဒီလိုနဲ့ ပယောဂဆရာကြီးဝမ်က ချန်အိမ်ကိုအပနှင်ဖို့ရောက်လာခဲ့ပါတယ်။ ချန်အိမ်တော်ကလူတွေဟာ တစ်ယောက်တစ်မျိုးမူမမှန်တာကိုတွေ့ရပြီ ခြောက်ခြားစရာဖြစ်ရပ်တွေနဲ့ကြုံလာရပါတယ်။ ဆရာကြီးဝမ်ဟာ ချန်အိမ်ကြီးမှာအပနှင်ဖို့ကြိုးစားရင်းနဲ့ ချန်မိသားစုရဲ့လျှို့ဝှက်ချက်တွေကိုသိလာတဲ့အခါ...... ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller  Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Exorcism ( 2023 )

Uncle Maoshan ( 2023 ) 6
Uncle Maoshan ( 2023 ) တရုတ်ခုန်ဆွသရဲကားတွေကြိုက်တဲ့ CM ရဲ့ ပရိတ်သတ်တွေအတွက် Uncle Maoshan ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ချင်းခေတ်နှောင်း မင်ကော်ခေတ်အစပိုင်းမှာ သူဌေးကြီး သခင်ကြီးရန်ဟာ မတော်တဆသေဆုံးသွားခဲ့ပါတယ်။ ကောလာဟလတွေအရ သခင်ကြီးရန်ဟာ သရဲကိုက်လို့သေတာလို့ ပြောနေကြသဖြင့် မမလေးရန်ဟာ ဦးလေးကျိုကို သူမအဖေအတွက် အကူအညီတောင်းလာပါတယ်။ အမှန်တရားအတွက် သွားရောက်စုံစမ်းစဉ် အလောင်းရုံထဲ ထားခဲ့တဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။သေဆုံးသွားတဲ့ သခင်ကြီးရန်ဟာ ထူးဆန်းစွာ ပြန်ရှင်လာပြီး သရဲအဖြစ်နဲ့ မြို့ထဲကလူတွေကို လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ရဲစခန်းမှ အဖွဲ့ခေါင်းဆောင်ချောင်ဟာ ဆရာကြီးချန်းဟဲ့ကို ခေါ်ပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းခိုင်းခဲ့ပေမယ့်လဲ ဆရာကြီးချန်းဟဲ့လည်း ဘာမှ မတတ်နိုင်ဖြစ်ခဲ့ရပါတယ်​၏သရဲတွေကလည်း တဖြည်းဖြည်းနှင့် ပိုဆိုးလာပြီး မြို့ထဲမှ လူအများကလဲ စိုးရိမ်ကြောက်လန့်နေရပါတယ်။ မောင်ရှန်းဘုန်းကြီးဖြစ်သူ ဦးလေးကျိုဟာလည်း သူ့ဘဝမှာ အကြီးဆုံး အခက်အခဲနဲ့ တွေ့နေပါတော့တယ်။မြို့ထဲက သရဲတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲ...... ဦးလေးကျိုနဲ့ သူ့တပည့်တွေကရော ဘယ်လို နှိမ်နင်းကြမလဲ...... ဆိုတာ ရုပ်ရှင်ထဲမှာပဲ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller  Runtime : ...
movie

Uncle Maoshan ( 2023 )

The Incredible Water Monster ( 2023 ) 6
The Incredible Water Monster ( 2023 ) ယခုတစ်ခေါက်သိပ္ပံဇာတ်လမ်းကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ဇီဝဗေဒပါမောက္ခ စုလိယဟာ နိုင်ငံခြားမှာ ရေမိစ္ဆာကြီးက တျန်းချစ်မြစ်မှာ ပေါ်ပေါက်လာကြောင်း သတင်းရခဲ့တယ်။ ထိုရေမိစ္ဆာကြီးနဲ့ ပျောက်ဆုံးသွားတဲ့ သူမအဖေတို့ အဆက်အနွယ်တချို့ရှိမယ်လို့ ခံစားမိခဲ့တယ်။ သူမအဖေ ပျောက်ဆုံးသွားတဲ့ အကြောင်းအရင်းကို ရှာဖွေရန် သူမတစ်ယောက်တည်း အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ရွာကို ရောက်လာခဲ့တယ်။ထိုရွာမှ ရွာသားတွေက သူတို့ရွာမှာ အပန်းဖြေစခန်း တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေတာ ဖြစ်တဲ့အတွက် ရေမိစ္ဆာအကြောင်း စုံစမ်းသူများကို ဆန့်ကျင်ခဲ့တယ်။ သူမ ရွာထဲဝင်တာနဲ့ အမှောင်ခန်းထဲမှာ အဖမ်းခံလိုက်ရတယ်။ထိုအမှောင်ခန်းထဲမှာ မထင်မှတ်ထားပဲ သူမရဲ့ သူငယ်ချင်းဖြစ်သူ စန်းဟားနဲ့ ချန်လုံတို့ကို တွေ့ခဲ့တယ်။ သူတို့တတွေဟာ နယ်မြေတစ်ခု ငြိမ်းချမ်းစေဖို့အတွက် အဆင့်မြင့်အတိုင်းအတာ ပတ်ဝန်းကျင်အပေါ် နားလည်မှုနဲ့ အချိန်ခရီးသွားခြင်း ဟာကွက်တွေကို အသုံးချပြီး ရေမိစ္ဆာနဲ့ ပြင်ပအန္တရယ်များကို တိုက်ခိုက်ခဲ့ပါတယ်။သူတို့တတွေ ရေမိစ္ဆာကြီးကို နှိမ်နင်းနိုင်ပါ့မလား...... ထိုရေမိစ္ဆာကြီးကလဲ လိယရဲ့ အဖေနဲ့ ဘယ်လို ပတ်သက်နေလဲ ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : ...
movie

The Incredible Water Monster ( 2023 )

Detective Dee and Plague of Chang’an ( 2021 ) 6
Detective Dee and Plague of Chang’an ( 2021 ) ထူးဆန်းထွေလာစုံထောက်ကြီးဒီးရဲ့မှုခင်းဇာတ်လမ်းပရိသတ်တွေအတွက် စုံထောက်ကြီးဒီးရဲ့ ချန်အန်မြို့တော်ကပ်ဘေးအမှုကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ပန်းချီဆရာကြီးရဲ့နှစ်နှစ်ကြာအောင်ကြိုးစားအားထုတ်ထားတဲ့ လက်ရာမြောက်နံရံပန်းချီကားကို ဂုဏ်သရေရှိလူကြီးမင်းတွေလာကြည့်ကြတဲ့အချိန်မှာ ပန်းချီဆရာရဲ့လက်ထောက်လေးဟာ ထူးထူးဆန်းဆန်းသေနေတာကိုတွေ့လိုက်ကြရပါတယ်။ငရဲဘုံအကြောင်းရေးထားတဲ့ကျမ်းထဲကအတိုင်း လူတွေဟာအဖြစ်ဆိုးနဲ့သေကြတဲ့အခါ ချန်အန်းမြို့တော်ကြီးမှာ ဒါဟာမကောင်းတဲ့သူတွေကိုကောင်းကင်ကြီးက ပြစ်ဒဏ်ခတ်ခြင်းပဲဆိုပြီး ကောလဟာလတွေပြန့်သွားပါတယ်။စုံထောက်ကြီးဒီးတစ်ယောက် အမှုကိုလိုက်စုံစမ်းရင်းနဲ့ လူသတ်သမားထောင်ချောက်ဆင်တာကိုခံလိုက်ရပြီး တရားခံအဖြစ်နဲ့အဖမ်းခံလိုက်ရပါတယ်။ စုံထောက်ကြီးဒီးတစ်ယောက် အမှုမှန်ပေါ်အောင်ဘယ်လိုများလိုက်ရမလဲ...... ဆန်းကြယ်တဲ့လူသေမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်ကြီးရှိနေမလဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Detective Dee and Plague of Chang’an ( 2021 )

Mountain Ghost ( 2023 ) 5.9
Mountain Ghost ( 2023 ) "ကျဲ" တောင်တန်းဆီက သေရာကနေ ပြန်လည်ရှင်သန်နိုင်တယ်ဆိုတဲ့ ပယင်းကျောက်စိမ်းတုံးရဲ့ထူးဆန်းဖွယ် ဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ် ...!ကျဲ တောင်လို့ အမည်ရတဲ့ တောင်​ခြေမှာ ချန်ရှို့ဆိုတဲ့ ရွာငယ်လေး တစ်ရွာက တည်ရှိလို့နေခဲ့ပါတယ် ။ အဲဒီရွာငယ်လေးဟာ အမဲလိုက်ခြင်းကို အားပြုပြီး အသက်မွေးဝမ်းကြောင်းပြုရတဲ့ ရွာငယ်လေးပါ ။ သူတို့နဲ့ အနီးအနားမှာရှိတဲ့ ကျဲ တောင်ကို ဝင်ရောက်သွားကြတဲ့ သူတိုင်းဟာလဲ တစ်ယောက်မှ အသက်ရှင်လျှက်ပြန်မလာနိုင်ခဲ့ကြပါဘူး ။ဒါကို စုံစမ်း သိရှိလိုတဲ့ ထျန်းရှီး လို့ခေါ်တဲ့ လူငယ်လေးဟာ ရွာသူကြီးရဲ့ အမိန့်ကို အာခံပြီး ကျဲ တောင်ဆီ ရွာသားတစ်ချို့နဲ့ သွားရောက်ခဲ့ပါတယ် ။ ဒါပေမဲ့လဲ ထျန်းရှီး အပါအဝင် ရွာသားတစ်ချို့ဟာ သေဆုံးလျှက်ပဲ ပြန်လည်ရောက်ရှိခဲ့ပါတယ် ။ တစ်ဆက်ထဲမှာပဲ ထူးဆန်းတဲ့ အဖြစ်အပျက်က ဖြစ်ပေါ်ခဲ့လေတော့တယ် အဲ့တာကတော့ ထျန်းရှီးဟာ ပြန်လည်ရှင်သန်လာချင်းပါပဲ ။ ဒီလိုနဲ့ ထျန်းရှီးဟာ သူ့ရဲ့ သေဆုံးသွားကြတဲ့ ရွာသူရွာသားတွေအတွက် "ပယင်းကျောက်စိမ်းတုံး" ကို ပြန်လည်ရှာဖွေဖို့ သခင်ကြီးဝူ ဆိုသူတို့နဲ့ ကျဲတောင်ဆီ ပြန်လည်ခရီးဆက်တဲ့အခါမှာ....?❏ "ပယင်းကျောက်စိမ်းတုံး"ကို ရှာဖွေတွေ့ရှိပြီး ...
movie

Mountain Ghost ( 2023 )

Mao Shan (2021) 5.6
Mao Shan (2021) ယင်ရှောင်ရီဟာ အမေဖြစ်သူဖွင့်ထားတဲ့ စားသောက်ဆိုင်လေးမှာ ဝိုင်းလုပ်ဝိုင်းကူပေးရတဲ့ လူငယ်လေးတစ်ယောက်ပေါ့၊ ခမျာမှာ စားသောက်ဆိုင်အလုပ် လုပ်ရတယ်ဆိုပေမယ့် သူ့စိတ်ထဲမှာတော့ အင်မတန်ကြီးကျယ်တဲ့ ဆန္ဒတစ်ခုတော့ ရှိနေသဗျ၊ အဲဒါကတော့ မောရှန်းကျောင်းတော်လို့ခေါ်တဲ့ အဆင့်အတန်းမြင့်တဲ့ သိုင်းပညာသင်တန်းကျောင်းမှာ ပညာသင်ပြီး နဂါးကိုးကောင် သခင်ဆိုတဲ့ ကျောင်းရဲ့အမြင့်ဆုံးဂုဏ်ပုဒ်ကြီးနဲ့ ဝင့်ကြွားချင်သူပေါ့၊ဖြစ်ချင်တော့ မောရှန်းရဲ့ ကျောင်းတော်က ရန်စလို့ ပြောရမယ့် ရန်သူတော်ကြီးတစ်ယောက်ဟာ အောက်လမ်း မှော်အစွမ်းတွေနဲ့ တိုက်ခိုက်လာမယ့်ဘေးနဲ့ ကြုံတွေ့လာရတဲ့အခါ ကျောင်းတော်ကြီးအနေနဲ့ နဂါးကိုးကောင်သခင်ဘွဲ့ကို လက်ဆင့်ကမ်းရယူမယ့် သိုင်း ပညာရှင်အကျော်အမော်ကို ရှာခဲ့ပါတယ်၊ကံစီမံရာပဲ ဆိုရမလား၊ ကံကောင်းချင်တယ်ပဲ ပြောရမလား...ယင်ရှောင်ရီတစ်ယောက် မရွယ်ဘဲစော်ကဲမင်းဖြစ်ဆိုသလို သိုင်းပညာနဲ့ပတ်သတ်ရင် ဗလာနတ္ထိ ဘာမှမသိရာမှ ထိုဂုဏ်ပုဒ်ကိုရသွားတဲ့အခါ...ကွန်ဖူးအကြောင်းတစ်လုံးနကန်းမသိတဲ့ ရှောင်ရီအနေနဲ့ သူ့အပေါ်အမြင်မကြည်တဲ့ သိုင်းဆရာနဲ့ သိုင်းညီအစ်ကိုတွေကြား ဘယ်လိုကြိုးစားပြရင်း နဂါးကိုးကောင်သခင်ဘွဲ့နဲ့ သူထိုက်တန်ကြောင်း ပြမလဲ၊ မောရှန်းကျောင်းရဲ့ ရန်သူတော်ကြီးကို ဘယ်လိုချေမှုန်းမလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှူရမှာပါ၊ ငယ်ငယ်က သိပ်ကိုကြိုက်ခဲ့ရတဲ့ Animationကားတစ်ကားကိုပါ မြင်ယောင်စေမိမှာပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ...
movie

Mao Shan (2021)

HUA MULAN ( 2020 ) 7.9
HUA MULAN ( 2020 ) ထုံးစံအတိုင်း ဗားရှင်းတမျိုးနဲ့ မူလန်ပေါ့ ဒါပေမယ့်ဒီမူလန်ဗားရှင်းကတော့ မဆိုးဘူးပြောရမယ်.မူလန်လေးနည်းနည်းမလှတာကလွဲရင် ဇာတ်ကားလေးကမဆိုးလှပါဘူးထင်ထားတာထက်ပိုပြီးကောင်းပါတယ်တခြားမူလန်မင်းသမီးထက်စာရင် မလှဘူးပဲပြောတာပါနော်ကြည့်ရင်းကြည့်ရင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဒီမူလန်လေးလည်း ချစ်စရာကောင်းတာတွေ့ရပါလိမ့်မယ်ကိုယ်ခံပညာတော်ပြီး လူဆိုးဖမ်းရတာကိုနှစ်ခြိုက်တဲ့ မူလန်တစ်ယောက်လူဆိုးထိန်းဆီမှာ လူဆိုးဖမ်းဖို့အလုပ်တောင်းသော်လည်းမိန်းကလေးဖြစ်နေလို့လုပ်ချင်တာ လုပ်ခွင့်မရခဲ့ပါဘူးဒီအချိန်မှာ တိုင်းပြည်ကိုကျူးကျော်လာတဲ့ ရန်သူတွေကိုကာကွယ်ဖို့တစ်အိမ်တစ်ယောက်စစ်မှုထမ်းခေါ်ရာက ဖခင်ကိုယ်စားယောက်ျားလေးယောင်ဆောင်ပြီး တပ်ထဲဝင်ရောက်ခဲ့ပါတယ်သိုင်းပညာကိုပင်ကိုယ်ဝါသနာပါတဲ့မူလန်တစ်ယောက် တပ်ထဲမှာလည်းတပ်သားကောင်းတစ်ယောက်အနေနဲ့လေ့ကျင့်သင်ကြားနိုင်ခဲ့ပါတယ်စစ်ပွဲတွေအပေါ်မှာ သာမာန်လောက်သာအစက စိတ်ထဲထားခဲ့ပေမယ့်မိတ်ဆွေရင်းတစ်ယောက် တိုက်ပွဲကျသွားတဲ့အခါ... ခိုကိုးရာမဲ့ပြည်သူတွေမျက်စိရှေ့မှာသေဆုံးတာကိုတွေ့လိုက်ရတဲ့အခါ သူ့အမြင်တွေပြောင်းလဲလာပြီးအောင်လံလွှင့်လိုစိတ်တွေ ပြင်းထန်လာပါတယ်ဘယ်လိုတွေအောင်မြင်အောင်တိုက်ခိုက်မလဲမူလန်ဇာတ်လမ်းကိုအမျိုးမျိုးပုံဖော်ရိုက်ကူးကြတဲ့အထဲမှာဒီကားလေးကလည်းတစ်မျိုးကောင်းပါတယ်ဒီဇာတ်လမ်းလေးကို မူလန်ကယ်တင်ထားခဲ့တဲ့ မိဘမဲ့ကလေးတစ်ယောက်ဖြစ်တဲ့ချူးလိုက်ဟော်က အသက်ကြီးရင့်တဲ့အချိန် ပြန်ပြောင်းပြောပြတဲ့ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်ဂျင်းတော့ဂျင်းပေမယ့် ရသမြောက်ဂျင်းလေးမို့ အားပေးကြည့်ရှုကြပါဦးနော်Translated & Review By Htoo Htoo Ka JoeEncoded By LK
movie

HUA MULAN ( 2020 )