Channel Myanmar

Zhang Ran

Last Sunrise ( 2019 ) 5.8
Last Sunrise ( 2019 ) "တကယ်လို့ ဒီနေ့ဟာကမ္ဘာပျက်မယ့်နေ့ဆိုရင် မင်းဘာလုပ်မှာလဲ" "ကျွန်တော်အသက်ဆက်ရှင်သွားမယ်"အနာဂတ်တစ်နေ့မှာ ကမ္ဘာပေါ်ကသဘာဝစွမ်းအင်တွေကို ထုတ်ယူသုံးစွဲလို့ကုန်ခန်းသွားတဲ့အခါ နေရောင်ခြည်စွမ်းအင်ကိုအားကိုးပြီးသုံးစွဲရပါတယ်။ ဒီတောက်ပနေတဲ့နေမင်းကြီးဟာ တစ်နေ့မှာပျောက်ကွယ်သွားမယ်လို့ ဘယ်သူကမှမထင်ထားခဲ့ပါဘူး။ ဆိုလာစွမ်းအင်ခေတ်ကြီးမှာ နေကြီးကရုတ်တရက်ပျောက်သွားခဲ့ပြီး တစ်ကမ္ဘာလုံးမဲမှောင်သွားခဲ့ပါတယ်။ နေမရှိတော့တဲ့အတွက် ကမ္ဘာအပါဝင်ဂြိုလ်ကြီး(၉)လုံးနဲ့လည်ပတ်နေတဲ့ နေအဖွဲ့အစည်းကြီးဟာ နေပတ်လမ်းကြောင်းတွေပျောက်ပြီး ကစဉ့်ကလျားဖြစ်သွားပါတော့တယ်။ကမ္ဘာပေါ်မှာအောက်စီဂျင်တွေတဖြည်းဖြည်းကျလာပြီး အပူချိန်ကလဲအရှိန်နဲ့ကျနေတဲ့အတွက် လူသားတွေဟာ အသက်ရှင်နိုင်ဖို့ ကြိုးစားပြီးနည်းလမ်းရှာကြရပါတော့တယ်။အဲ့ဒီအချိန်မှာ နက္ခတ်ဗေဒအလွတ်တမ်းပညာရှင် စွန်းယန် နဲ့ သူ့ရဲ့ဘေးတိုက်ခန်းက ချန်မု တို့ဟာ အသက်ရှင်ဖို့အတွက်အတူအဖော်ပြုရင်း အခက်အခဲတွေအတူကျော်ဖြတ်ပြီး နယ်မြေတစ်ခုပြီးတစ်ခုကျော်ဖြတ်ကာ မျှော်လင့်ချက်တွေရှိတဲ့နယ်မြေကို ခရီးနှင်ကြပါတယ်။ အချိန်နဲ့အမျှအေးခဲလာပြီး အသက်ရှင်ဖို့ခက်ခဲတဲ့ကမ္ဘာမြေကြီးပေါ်မှာ သူတို့နစ်ယောက်ဟာ အသက်ဆက်ရှင်နိုင်ပါ့မလား......Sci-fi Drama ဇာတ်ကားကောင်းလေးကို မလွတ်တမ်းကြည့်စေချင်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Adventure , Drama , Science-Fiction Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Last Sunrise ( 2019 )

Last Sunrise ( 2019 ) 6.6
Last Sunrise ( 2019 ) ဒီကား​လေးဟာ Imdb 6.6ရထားတဲ့2019ထွက်​ဇာတ်​ကား​ကောင်း​လေးတစ်​ပုဒ်​ဖြစ်​ပါတယ်​Helio´sရဲ့ CEO ဝမ်​ယွင်​ဟာ​နေ​ရောင်​ခြည်​စွမ်းအင်​အသုံးပြုပြီးလူသား​တွေအတွက်​ နယ်​​မြေသစ်​တစ်​ခုကိုဖန်​တီး​ပေးခဲ့ပါတယ်​...ဒီလိုနဲ့တစ်​​နေ့မှာ​နေမင်းကြီးရုတ်​တရက်​​ပျောက်​ကွယ်​သွားတဲ့အခါ​နေ​ရောင်​ခြည်​စွမ်းအင်​သုံးစနစ်​​တွေအားလုံးရပ်​တန့်​သွားပြီးမထိန်းချုပ်​နိုင်​​တော့တဲ့အခါ အရာအားလုံးက​မောက်​ကမဖြစ်​ကုန်​ပါတယ်​..​နေမင်းကြီး မ​ပျောက်​ကွယ်​ခင်​မှာအ​ကြောင်းအချက်​အလက်​​တွေကိုကြိုသုံးသပ်​နိုင်​ခဲ့တဲ့နက္ခတ်​ပညာရှင်​စွင်းယန်​ နဲ့သူ့အိမ်​နီးချင်းမိန်းက​လေ​နေမင်းတို့ဟာ​နေမင်းကြီး​ပျောက်​ကွယ်​ပြီး​နောက်​ပိုင်းမှာ က​မောက်​ကမ​တွေဖြစ်​​နေတဲ့နယ်​​မြေ​တွေကိုဘယ်​လို​ကျော်​ဖြတ်​သွားမလဲ...စွမ်းအင်​အပြည့်​အဝရရှိထား​သေးတဲ့ နယ်​​မြေ၄ဆိုတာရှိတယ်​လို့သိလိုက်​ရချိန်​မှာ အဲ့​နေရာကိုအ​ရောက်​သွားနိုင်​ပါ့မလား...ဘယ်​လိုအခက်​အခဲ​တွေကြုံ​တွေ့ရမှာလဲ...ဇာတ်​လမ်းတစ်​ခုလုံးကိုစိတ်​လှုပ်​ရှားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​ Translated & Review By Phyo ZawEncoded  By LK
movie

Last Sunrise ( 2019 )

2019