Channel Myanmar

Zhang Yaqi

The Legend of Herring (2022) 5.2
The Legend of Herring (2022) မကောင်းဆိုးဝါးနှိမ်နင်းသူ လျိုချန်းကျစ်က နဂါးအဖြစ်ကျင့်ကြံအောင်မြင်ချင်တဲ့ ငါးမကောင်းဆိုးဝါးရှောင်ချင်းနဲ့ သိရှိခဲ့ကြတယ်ရှောင်ချင်းက သူ့ကိုငါးမကောင်းဆိုးဝါးမှန်း မသိစေဖို့အတွက် သူ့ကိုယ်သူလည်း မကောင်းဆိုးဝါးနှိမ်နင်းသူလို့ လိမ်ပြောခဲ့တယ် နောက်တော့သူတို့နှစ်ယောက်က အတူအဖော်လုပ်သွားလာခဲ့ပြီး အခက်အခဲအန္တရာယ်တွေကို အတူ‌ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတယ် ရှောင်ချင်းရဲ့ကြင်နာတဲ့နှလုံးသားက လျိုချန်းကျစ်ရဲ့ မကောင်းဆိုးဝါးတိုင်းကို မကောင်းဘူးလို့ထင်တဲ့အမြင်ကို ပြောင်းလဲစေခဲ့တဲ့အပြင် အချင်းချင်းရဲ့မှီခိုအားထားရာ ဖြစ်လာခဲ့ကြတယ် နောက်ဆုံးမှာ သူတို့နှစ်ယောက်လက်တွဲပြီးနဂါးဆိုးရဲ့မကောင်းကြံစည်မှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး လောကကြီးကို ဘယ်လိုကာကွယ်ပေးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါနော် Quality - WEB DL 1080p,720p Format - mp4 Genres - Action, Drama, Fantasy Runtime - 1 hr 17 min Subtitle - Myanmar Subtitile (Hardsub) Translated by CM Team Reviewed by Mary Eaint Encoded by LK
movie

The Legend of Herring (2022)

Three Lines of Reincarnation ( 2023 ) 5.9
Three Lines of Reincarnation ( 2023 ) မြေအောက်သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားတွေကိုရိုးအီနေကြပြီလား..... ဒီတစ်ခါတော့ မြေအောက်မှာရတနာတွေဖွက်တဲ့အခါ ခိုးယူခံရနိုင်တဲ့အန္တရာယ်များတဲ့အတွက် ယိ၊ကျန်း၊တင်း မျိးနွယ်(၃)စုရဲ့အကူအညီနဲ့ရေအောက်မှာ ရတနာသိုက်တည်ပြီးမြှုပ်နံကြပါတယ်တဲ့။မျိုးနွယ်(၃)စုရဲ့ထူးခြားချက်ကတော့ ရေအောက်မှာအသက်ရှူနိုင်ပြီး စိတ်ကြိုက်သွားလာနိုင်တဲ့ ရေသရဲလို့ခေါ်တဲ့ထူးခြားတဲ့လူတွေရှိနေခြင်းပါပဲ။ ယိဆာ့ဆိုတဲ့ကောင်မလေးဟာ ထူးဆန်းတဲ့ရောဂါကိုကုသဖို့အတွက်နဲ့ သူငယ်ငယ်တုန်းက သူတို့မျိုးနွယ်တစ်စုလုံး မျိုးတုန်းလုမတတ်ဖြစ်ခဲ့ရတဲ့ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အားလုံးပဲရေအောက်ကမ္ဘာရဲ့လျှို့ဝှက်ချက်တွေကိုအတူဖော်လုပ်လိုက်ကြပါဦးနော်...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Drama , Romance Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Three Lines of Reincarnation ( 2023 )

Mountain Ghost ( 2023 ) 5.9
Mountain Ghost ( 2023 ) "ကျဲ" တောင်တန်းဆီက သေရာကနေ ပြန်လည်ရှင်သန်နိုင်တယ်ဆိုတဲ့ ပယင်းကျောက်စိမ်းတုံးရဲ့ထူးဆန်းဖွယ် ဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ် ...!ကျဲ တောင်လို့ အမည်ရတဲ့ တောင်​ခြေမှာ ချန်ရှို့ဆိုတဲ့ ရွာငယ်လေး တစ်ရွာက တည်ရှိလို့နေခဲ့ပါတယ် ။ အဲဒီရွာငယ်လေးဟာ အမဲလိုက်ခြင်းကို အားပြုပြီး အသက်မွေးဝမ်းကြောင်းပြုရတဲ့ ရွာငယ်လေးပါ ။ သူတို့နဲ့ အနီးအနားမှာရှိတဲ့ ကျဲ တောင်ကို ဝင်ရောက်သွားကြတဲ့ သူတိုင်းဟာလဲ တစ်ယောက်မှ အသက်ရှင်လျှက်ပြန်မလာနိုင်ခဲ့ကြပါဘူး ။ဒါကို စုံစမ်း သိရှိလိုတဲ့ ထျန်းရှီး လို့ခေါ်တဲ့ လူငယ်လေးဟာ ရွာသူကြီးရဲ့ အမိန့်ကို အာခံပြီး ကျဲ တောင်ဆီ ရွာသားတစ်ချို့နဲ့ သွားရောက်ခဲ့ပါတယ် ။ ဒါပေမဲ့လဲ ထျန်းရှီး အပါအဝင် ရွာသားတစ်ချို့ဟာ သေဆုံးလျှက်ပဲ ပြန်လည်ရောက်ရှိခဲ့ပါတယ် ။ တစ်ဆက်ထဲမှာပဲ ထူးဆန်းတဲ့ အဖြစ်အပျက်က ဖြစ်ပေါ်ခဲ့လေတော့တယ် အဲ့တာကတော့ ထျန်းရှီးဟာ ပြန်လည်ရှင်သန်လာချင်းပါပဲ ။ ဒီလိုနဲ့ ထျန်းရှီးဟာ သူ့ရဲ့ သေဆုံးသွားကြတဲ့ ရွာသူရွာသားတွေအတွက် "ပယင်းကျောက်စိမ်းတုံး" ကို ပြန်လည်ရှာဖွေဖို့ သခင်ကြီးဝူ ဆိုသူတို့နဲ့ ကျဲတောင်ဆီ ပြန်လည်ခရီးဆက်တဲ့အခါမှာ....?❏ "ပယင်းကျောက်စိမ်းတုံး"ကို ရှာဖွေတွေ့ရှိပြီး ...
movie

Mountain Ghost ( 2023 )

The Unspoken Stories: Legend of Green Fish ( 2022 ) 5.9
The Unspoken Stories: Legend of Green Fish ( 2022 ) ဒီတစ်ခေါက်မှာတော့ VFX ကောင်းကောင်းနဲ့ မိန်းကလေးချောချောလေးတွေပါတဲ့ တရုတ်မှော်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အရမ်းဆိုးသွမ်းလွန်းတဲ့ နဂါးနီကို ဖမ်းဖို့ ပု၀ူဂိုဏ်းရဲ့ဂိုဏ်းချုပ်ဆရာကြီးဟာ ကိုယ့်ကိုကိုယ် စတေးပြီး နှစ်တစ်ရာလောက် နဂါးနီကို လှောင်ထားခဲ့ပါတယ်။နှစ်တစ်ရာလုံး အဲ့ဒီနေရာကို ဘယ်သူမှ ရှာလို့မတွေ့ပေမယ့် နှစ်တစ်ရာပြည့်တဲ့အချိန်မှာတော့ မိစ္ဆာအဖြစ်ကနေ နဂါးဖြစ်ချင်တဲ့ မချောလေးရယ် ပု၀ူဂိုဏ်းက မိစ္ဆာနှိမ်နင်းတဲ့ဆရာရယ် ပေါင်းပြီး နဂါးနီရှိတဲ့နေရာကို ရှာဖို့ အကြောင်းဖန်လာပါတော့တယ်... သူတို့နှစ်ဦး နဂါးနီဖမ်းထားတဲ့နေရာကိုရှာတွေ့မလား ဘယ်လိုအကြောင်းအရာတွေပေါ်ထွက်လာဦးမလဲဆိုတာတော့ ရုပ်ရှင်ထဲမှာစီးမျောခံစားလိုက်ပါဦး Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Action Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Lwin Htoo Aung Encoded by LK
movie

The Unspoken Stories: Legend of Green Fish ( 2022 )

The Legend of Enveloped Demons ( 2022 ) 5.7
The Legend of Enveloped Demons ( 2022 ) “လူသားတွေနဲ့ မိစ္ဆာတွေရဲ့ကြားမှ ပြင်းထန်လှတဲ့ တိုက်ပွဲတစ်ခု ”ဟိုးလွန်ခဲ့တဲ့ နှစ်​ပေါင်းရာချီအချိန်ကာလ မိစ္ဆာတွေဟာ လူသားတွေနေထိုင်ရာ ကမ္ဘာကြီးကိုလာရောက်ဖျက်ဆီးသော အချိန်တစ်ခု......., အပြစ်မဲ့တဲ့ ပြည်သူတွေ ခမျာ မိစ္ဆာတွေရဲ့ဒဏ်ကို အလူးအလဲခံကာနေရပါတော့တယ်အဲဒီအချိန်မှာ လျဲ့ယန် မီးတောင်အတွင်းမှာ အနက်ရောင်သံလို့ခေါ်တဲ့ အထူးသတ္ထုတစ်မျိုးရှိပြီးတော့ အဲ့ဒီ သတ္တုနဲ့ ပြုလုပ်ထားတဲ့ လက်နက်တွေဟာ မိစ္ဆာတွေအပေါ် အရမ်းပြင်းထန်တဲ့ အကျိူးသက်ရောက်မှုတစ်ခု ရှိလို့နေပါတယ် ဒါပေမဲ့လို့ သာမန်သက်ရှိတွေကတော့ အဲဒီ သံသတ္ထုရဲ့ စွမ်းအားကိုမခံနိုင်ကြပါဘူး အဲ့ဒါကြောင့်နဲ့ပဲ မျ ားစွာလှသော ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ယောကျာ်းတွေဟာ မိစ္ဆာတွေကို နှိမ်နင်းဖို့အတွက် မီးတောင်ဆီကို ရောက်ရှိလို့လာကြပါတယ် အဲဒီမှာ သူတို့ရဲ့ ခြေတွေ/လက်တွေကို စတေးပြီး သံနဲ့ပြုလုပ်ထားတဲ့ ခြေအတု လက်အတုတွေကို တပ်ဆင်ခဲ့ကြပြီးတော့ သူတို့ကိုယ်သူတို့ "မိစ္ဆာနှိမ်နင်းသူ" လို့ အမည်ခေါ်တွင်ခဲ့ကြပါတော့တယ်"မိစ္ဆာနှိမ်နင်းသူ" သူဆိုတာ လူသားတွေနဲ့ မိစ္ဆာတွေအကြားက အဖွဲ့အစည်းတစ်ခုလဲဖြစ်ပါတယ် မိစ္ဆာနှိမ်နင်းသူ တွေရဲ့ တိုက်ပွဲဟာဆိုရင် အရမ်းကိုမှအံ့သြဖွယ်ကောင်းလှပေမဲ့လဲ သံသတ္ထုရဲ့ စွမ်းအားတွေက မိစ္ဆာနှိမ်နင်းသူ တွေကို ဝါးမျိုလို့နေဆဲပါပဲ ဒါပေမဲ့ မိစ္ဆာတွေကို ကိုယ်ကျိုးစွန့်ကာ နှိမ်နင်းပေးပေမယ့်လို့ လူတွေရဲ့အမြင်ထဲမှာတော့ သူတို့ဟာ ဆူးတစ်ချောင်းလို ကာဆီးနေပြီး အမည်မသိသူရဲကောင်းတွေအဖြစ် ရပ်တည်လို့ နေခဲ့ရရှာပါတော့တယ် အဲဒီအထဲမှာမှ ကျမ်းသစ္စာကျိန်ဆိုထားကြတဲ့ နောက်ဆုံးသော မိစ္ဆာနှိမ်နင်းသူမျိုးဆက်မှ ...
movie

The Legend of Enveloped Demons ( 2022 )