Channel Myanmar

Zhang Zhilu

The First Myth: Clash of Gods ( 2021 ) 6
The First Myth: Clash of Gods ( 2021 ) CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ Three Kingdom (三国演义) တို့လို ဂန္တဝင်စာပေဝတ္ထုဖြစ်တဲ့ Investiture of the Gods (封神榜) ကိုမှီငြမ်းထားတဲ့ ကားလေးတစ်ကားကို ချပြပေးလိုက်ချင်ပါတယ်။ဒီထဲမှာ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ဆိုတဲ့အတိုင်း ထီးနန်းစည်းစိမ်အာဏာမှာယစ်မူးနေတဲ့ ရှန်းခေတ်ရဲ့နောက်ဆုံးဘုရင် ရှန်းကျုတ်ဘုရင်က သူ့ထီးနန်းတည်တံ့ဖို့ရာ အပြစ်မဲ့ပြည်သူကို နှိပ်စက်ပြီးသစ္စာရှိတဲ့မူးမင်းမတ်ရာတွေကိုပြည်နှင်ဒဏ်စေလွှတ်ခဲ့တယ်။ဒါကို အမတ်ချုပ်ဖြစ်တဲ့ကျန်းကျီယာကမနှစ်မြို့တာကြောင့် နတ်ဘွဲ့တံဆိပ်အပ်နှင်းတဲ့ စာလွှာကိုပြင်ဆင်ပြီး ကောင်းကင်ဘုံကသတ်မှတ်တဲ့ရှင်ဘုရင်သစ်ကို တင်မြှောက်ဖို့ကြိုးစားပါတယ်။ ကျန်းကျီယာကတော့ အမတ တစ်ပါးဖြစ်ပြီးသူ့ဆရာတူညီတော် ရှန်းကုန်းပေါက်ကတော့ရှန်းကျုတ်ရဲ့မင်းဆရာလည်းဖြစ်၊ ရှန်းကျုတ်ကိုအားပေးအားမြှောက်ပြုကာ စည်းစိမ်အာဏာမှာယစ်မူးနေခဲ့တယ်။လောဘစိတ်ကို မငြိမ်းနိုင်တဲ့ရှန်းကုန်းပေါက်ကတော့ ဒီစာလွှာကိုယူပြီး စာလွှာရဲ့စည်းတံဆိပ်ကိုဖွင့်ကာ လူ့ပြည်မှာရှိတဲ့ အမတအပေါင်းတို့ရဲ့စွမ်းအားတွေကို ပိတ်လှောင်ပြီး လူ့ပြည်ကိုအုပ်စိုးခြယ်လှယ်ဖို့ကြိုးစားနေတာပေါ့။ ဒီလိုနဲ့ဝတ္ထုထဲမှာပါရှိတဲ့ စစ်သူကြီးယန်ကျန်,နီကျား, လေကျန်ကျီ,ထူရှင်စွန်းအစရှိတဲ့ အမတအပေါင်းတို့ကကျန်းကျီယာဖက်ကနေ ကူညီကာကွယ်ပေးရင်ဒီစာလွှာကိုကောင်းကင်ဘုံဆီ ပြန်လည်အပ်နှင်းဖို့ကြိုးစားကြတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာကြမလဲ။ ဘယ်လိုတွေအမတတွေရဲ့စစ်ပွဲမှာ ဓားစာခံအပြစ်မဲ့လူသားတွေက ဆင်းရဲဒုက္ခတွေခံစားရမလဲ။နောက်ဆုံးမှာ ဒီစာလွှာကဘယ်သူ့ လက်ထဲဆီရောက်သွားမလဲစတဲ့စိတ်ဝင်စားစရာအကြောင်းရာတွေကိုတော့ ဒီဇာတ်ကားလေးကနေ ကြည့်ရူစောင့်မျှော်လိုက်ကြရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy , Adventure Runtime : 1h 32 min Subtitle : Myanmar Subtitle ( ...
movie

The First Myth: Clash of Gods ( 2021 )

Battlefield: Fall of The World ( 2022 ) 6.4
Battlefield: Fall of The World ( 2022 ) CM ကနေမှ ဒီတစ်ခါမှာတော့ တင်ဆက်နေကျ ပုံစံမျိုးမဟုတ်တဲ့ သိပ္ပံရုပ်ရှင်အမျိုးအစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် လူသားတွေအတွက်တော့ အိမ်မက်ဆိုးတစ်ခုလို နည်းပညာမြင့်မားလာတဲ့ တခြားဂြိုလ်တစ်ခုက ဂြိုလ်သားတွေဟာ ကမ္ဘာကြီးကို ကျူးကျော်ဝင်ရောက်ပြီး လူသား‌‌တွေကို အမြစ်ပြတ်ချေမှုန်းပစ်ဖို အကောင်ထည်ဖော်နေချိန်မှာ ကောင်းရန့် ဦးဆောင်ပြီး လင်ချန် ကျောက်လိကျင်းတို ကနေပြီးတော့ ခုခံရေးတပ်ဖွဲငယ်လေးကို ဖွဲပြီး ကမ္ဘာကြီးကို ဂြိုလ်သားတွေ လက်ထဲကနေ ကယ်တင်ကြတဲ့ အကြောင်းလေးကို ရိုက်ကူးထားတာဖြစ်ပါတယ်ကမ္ဘာကြီးက ဂြိုလ်သားတွေကြောင့် ပျက်စီးလုနီးပါးဖြစ်နေတဲ့အချိန်မှာ ကမ္ဘာကြီးကို ကယ်တင်ဖို ဘယ်လိုကြိုးပမ်းသွားမှာလဲဆိုတာကိုတော့ ဒီသည်းထိတ်ရင်ဖိုစရာ ဇာတ်ကား လေးမှာ ကြည့်ရှုလိုရပါတယ်နော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science-Fiction Runtime : 1h 40 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team
movie

Battlefield: Fall of The World ( 2022 )

The Lightning Strike ( 2022 ) 6.2
The Lightning Strike ( 2022 ) ဒီတစ်ခါတော့ CM ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကတော့ ရူးသွပ်နေတဲ့ ပါမောက္ခလော်ဟုန်ပန်းဟာ မူးယစ်အသစ်တစ်ခုဖြစ်တဲ့ "ဟိုင်းလော့ရှန်" ကို တီထွင်ထုတ်လုပ်ပြီး နိုင်ငံတော်ဥပဒေကို စိန်ခေါ်နေပါသတဲ့ကွယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် နိုင်ငံတော်ရဲ့ အတော်ဆုံးမူးယစ်တပ်ဖွဲဖြစ်တဲ့ "လျှပ်စီးအဖွဲ့"ဟာ ဒုစခန်းမှူးယန်ရဲ့ ညွှန်ကြားမှုအောက်မှာ ဟောင်ကောင်သူလျှိရဲနဲ့ ပူးပေါင်းပြီး အချိန်ကြာ ထောင်ချောက်တစ်ခုကို အကွက်ချခဲ့ပါတယ်။ပင်လယ်တစ်လျှောက် မူးယစ်လမ်းကြောင်းကိုပိတ်ပြီး မြေအောက်မူးယစ်အပေးအယူလုပ်တဲ့လမ်းကြောင်းတွေကိုရှာဖွေပြီး မူးယစ်အဖွဲထဲကို သူလျှိဝင်ရောင်ခြင်းဖြင့် မူးယစ်ဂိုဏ်းအဖွဲကို တိုက်ခိုက်ခဲ့ပါတယ်။မူးယစ်ဂိုဏ်းကြီးတစ်ခုလုံးကို အမြစ်ပြတ်တိုက်ခိုက်နိုင်မလား...... ဟိုင်းလော့ရှန်ဆိုတဲ့ မူးယစ်ဆေးက တစ်ကမ္ဘာလုံး မပျံ့ခင်မှာ တားဆီးနိုင်မလား...... ဆိုတာကို ဇာတ်လမ်းထဲမှာ အတူတူ အဖြေရှာကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 43min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Lightning Strike ( 2022 )