Channel Myanmar

Zhao Da

The Lost Legend ( 2023 ) 5.9
The Lost Legend ( 2023 ) ဒီတစ်ခါတော့ ပုံမှန်သင်္ချိုင်းဖောက်ထွင်းကားတွေနဲ့မတူတဲ့ တင်ဆက်ပုံနဲ့ မထင်မှတ်ထားတဲ့Plot twistedတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သင်္ချိုင်းဖောက်ထွင်းဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဖာချိုးဂိုဏ်းသားတွေဖြစ်တဲ့ ဟွမ်ရှောင်မန်တို့ဆရာတပည့်တွေဟာ သင်္ချိုင်းဖောက်ထွင်းတဲ့လောကကနေထွက်ပြီး သာမန်ဘဝနဲ့နေထိုင်ဖို့ကြိုးစားနေကြပါတယ်။ တစ်နေ့မှာတော့ ရဲစခန်းမှူးတစ်ယောက်ရောက်လာပြီး သူ့ရဲ့ဇနီးကိုကယ်ဖို့အတွက် နှစ် (၁၀၀၀) သင်္ချိုင်းလိုအမှောင်ဆုံးနေရာတွေမှာသာပေါက်တဲ့ တစ္ဆေဂျင်ဆင်းကိုရှာဖွေပေးဖို့ အကူအညီတောင်းလာပါတယ်။လူ့အသက်ကယ်ဖို့အရေးကြီးတဲ့အတွက် ဆရာတပည့်တွေဟာ တတ်သိပညာမနေသာပဲ ကူညီပေးဖို့သဘောတူလိုက်ကြတယ်။ သူတို့တောထဲကိုစဝင်လိုက်တာနဲ့ အမဲလိုက်မုဆိုးအဖွဲ့နဲ့ကြုံရပြီး ပြေးရင်လွှားရင်း ဆရာကြီးကသေနတ်မှန်ပြီးသေသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ လူ့အသက်ကယ်ဖို့ကနေ ဆရာ့အတွက်လက်စားချေဖို့ ဒီသင်္ချိုင်းကရတနာတွေကိုဖောက်ထွင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဝင်္ကဘာလိုရှုပ်ထွေးလှတဲ့မြေအောက်နန်းတော်သင်္ချိုင်းကြီးထဲမှာ သူတို့တွေဟာလက်စားချေနိုင်ပါ့လား...... နောက်ကွယ်မှာဘယ်လိုမထင်မှတ်ထားတဲ့ အရာတွေရှိနေဦးမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Lost Legend ( 2023 )

Punish Evil ( 2022 ) 6.3
Punish Evil ( 2022 ) CM ကနေပြီးတော့ Punish Evil ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၂၀ ရာစုနှစ်မှာ တရုတ်ပြည်တောင်ပိုင်းရဲ့ မြို့လေးဖြစ်တဲ့ပင်းဟိုင်မှာ ရဲခေါင်းဆောင် Song Hai ကပင်းဟိုင်ရဲ့ဖြစ်သမျှ အမှုတွေကိုဦးဆောင်ရတဲ့သူပေါ့။တစ်နေ့မှာ ပင်းဟိုင်ဘဏ်ရဲ့ ဘဏ်လုယက်မှုမှာပါဝင်ပတ်သက်သူ Zhuang Zhi Qiang ကသူ့အဖွဲ့ကိုဦးဆောင်ပြီးဘဏ်ကို လုယက်ခဲ့တယ်။ Zhuang Zhi Qiang ဦးဆောင်တဲ့အဖွဲ့က ၂ မိနစ်အတွင်းလုယက်မှုကိုအောင်မြင်သွားနိုင်တဲ့အပြင် ရဲတွေလက်ထဲကနေ လွတ်မြောက်နိုင်တဲ့လက်ရဲပြီးရက်စက်တဲ့အဖွဲ့ပေါ့။ ဒီလိုနဲ့ အမှုတွေဆက်တိုက်ဖြစ်လာရင်းရဲတွေက သဲလွန်စတွေနဲ့လိုက်လံဖမ်းဆီးတဲ့အခါမှတော့ဘယ်လိုတွေဆက်ဖြစ်လာမလဲ။ ဒီကားလေးကတော့ အက်ရှင်ကားကိုမှကြိုက်နှစ်သက်တဲ့လူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်တင်ဆက်ထားတာကြောင့် ဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင် ~ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime , Drama Runtime : 1h 25min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Punish Evil ( 2022 )