Channel Myanmar

Zhao Jing

Angels of Vengeance 2 (2023 ) 5.9
Angels of Vengeance 2 (2023 ) နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်ကြီးအတွင်းမှာ ဘယ်အရာမဆို အွန်လိုင်းကနေပြီး စီမံလုပ်ကိုင်လို့ ရနေခဲ့ပါတယ် ။ အဲဒီအထဲမှာ အွန်လိုင်းချေးငွေလုပ်ငန်းတွေကလဲ အပါအဝင်ပါပဲ ။ အာမခံချက် လုံလုံလောက်လောက်မရှိပဲနဲ့ ကိုယ်လိုချင်တဲ့ ငွေပမာဏကို ချေးယူနိုင်တဲ့ အွန်လိုင်းငွေချေးလုပ်ငန်းတွေဟာ တရုတ်နိုင်ငံရဲ့ ဟန်ကျန်းမြို့ကြီးအတွင်းမှာ ပျံ့နှံ့လို့နေခဲ့ပါတယ် ။ဒီလိုမျိုး လုပ်ငန်းတွေ ခေတ်စားလာခဲ့သလို မြို့အတွင်းမှာ အမျိုးသမီးလူငယ်လေးတွေ အစုလိုက် အပြုံလိုက်ပျောက်ဆုံးမှုတွေဟာလဲ ထူးထူးဆန်းဆန်း ဖြစ်ပေါ်ခဲ့ပြန်ပါတယ် ။ ဒီအမှုကို အထူးရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ရှိီးယွီ ဦးဆောင်တဲ့ အမျိုးသမီးငယ်လေးများဟာ စတင် စုံစမ်းခဲ့ကြပါတော့တယ် ။ စုံစမ်းပြီးတဲ့နောက်မှာတော့ အမျိုးသမီးလူငယ်လေးတွေ အစုလိုက် အပြုံလိုက်ပျောက်ဆုံးမှုတွေဟာ အွန်လိုင်းချေးငွေလုပ်ငန်းနဲ့ ပတ်သတ် ဆက်နွယ်နေတဲ့ အကြောင်းသိရှိသွားခဲ့တဲ့အပြင် ချေးငွေပြန်မဆပ်နိုင်တဲ့ မိန်းမပျိုလေးတွေဟာ လိင်ကျွန်အဖြစ် သူများနိုင်ငံကို ရောင်းစားခံတယ်ဆိုတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သဲလွန်တစ်ခုကိုပါ ရလိုက်တဲ့အခါမှာ ....?ရှီးယွီ ဦးဆောင်တဲ့ အမျိုးသမီးအထူးရဲတပ်ဖွဲ့ဟာ အမှန်တရားနောက်ကို လိုက်ပြီး အမှောင်ထုထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီးငယ်လေးတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကတော့ ? သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင် ။ ဒီတော့ အထူးရဲတပ်ဖွဲ့ဝင် အမျိုးသမီးငယ်လေးများရဲ့ စွန့်စားခန်းကို အခုပဲကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya ...
movie

Angels of Vengeance 2 (2023 )

Angels Of Vengeance ( 2023 ) 5.9
Angels Of Vengeance ( 2023 ) CMပရိသတ်ကြီးကို မှုခင်းရဲမေ လျို့ဝှက်သည်းဖို ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။အထူးရဲကွန်မန်ဒိုတပ်ဖွဲ့ဝင် နတ်မိမယ်လေး(၄)ယောက်ဟာ မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး မူးယစ်ရာဇာကိုအမြစ်ကနေလှန်ပစ်နိုင်ဖို့အတွက် သူလျှိုအဖြစ်နဲ့ မူးယစ်ဂိုဏ်းထဲကိုရောဝင်ပြီး အမှုကိုဖော်ထုတ်မယ့် မှုခင်းဇာတ်လမ်းပဲဖြစ်ပါတယ်။နတ်မိမယ်(၄)ယောက်ကတစ်ယောက်ချင်းစီဘယ်လိုစွမ်းရည်တွေရှိကြလဲ...... မူးယစ်ဂိုဏ်းထဲမှာ လျို့ဝှက်သည်းဖိုဘယ်လိုဟန်ဆောင်ပြီ းသက်သေတွေရအောင်ယူကြလဲ...... မူးယစ်ဂိုဏ်းကြီးကိုဘယ်လိုနှိမ်နင်းပစ်လဲ......ဆိုတာ ကို ကြမ်းကြမ်းရမ်းရမ်းဖိုက်တင်ခန်းတွေနဲ့အတူ မမတွေကအလှမပျက်တင်ဆက်ပြသွားမှာဖြစ်ပါတယ်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action, Crime Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Angels Of Vengeance ( 2023 )