Channel Myanmar

Zhao Yingjun

Escaping The Madhouse ( 2024 ) 5.7
Escaping The Madhouse ( 2024 ) ဒီရက်ပိုင်း CM ချစ်ပရိသတ်တွေကို Escaping the Madhouse ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ယွင်ယင်မြို့ပေါ်မှာ လူတွေအများကြီးအဆိပ်မိသေဆုံးကုန်ကြတယ်။ ထောင်ရန်ဆိုတဲ့ လူငယ်စာဂျပိုးလေးကတော့ ဒီအဆိပ်ကိုဘယ်လိုဖြေရမလဲဦးနှောက်ခြောက်ခေါင်းစားနေတဲ့ ရေသူမျိုးနွယ်ဖြစ်တဲ့ ဝမ်အာမိန်းကလေးနဲ့တွေ့ဆုံတယ်။ဝမ်အာတို့ရေသူမျိုးနွယ်တွေကတော့ ကုန်းပေါ်မှာ ယွင်ယင်မြို့သားတွေကငါးလေးတွေကို မဆင်မခြင်လောဘတရားနဲ့ သတ်ဖြတ်နေမှုကြောင့် လက်စားချေဖို့အတွက် ကုန်းပေါ်တက်လာခဲ့တာဖြစ်တယ်။ သူတို့ခေါင်းဆောင်ဖြစ်တဲ့ ရှီသခင်မဆီမှာ အိပ်မက်ဝိဉာဉ်ပုလွေလက်နက်တစ်ပါးရှိပြီး အိပ်မက်သမားတော်မျိုးနွယ်ကပဲ ဒီပုလွေကိုသုံးနိုင်တာကြောင့် ဒီမျိုးနွယ်ရဲ့အမွေဆက်ခံသူ လိုက်လံရှာဖွေဖို့အတွက်လည်း ကုန်းပေါ်တက်လာခဲ့တယ်။ဒီလိုနဲ့ ဒီမျိုးနွယ်ရဲ့မျိုးရိုးဆက်ခံသူက ဘယ်သူများဖြစ်မလဲ။ ဝမ်အာနဲ့ဒီထောင်ရန်သမားတော်လေးနဲ့ ဘယ်လိုများ ဆက်ဖြစ်ကြမလဲ။ မြို့ပေါ်ကအဆိပ်မိနေတဲ့ပြည်သူတွေကော ဘယ်လိုဖြေဆေးရသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကနေ ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Fantasy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Escaping The Madhouse ( 2024 )

Various Geeks ( 2023 ) 5.6
Various Geeks ( 2023 ) တကယ်လို့ ဒေါ်လာ ၁၀ သိန်းက သင့်ရှေ့ကို ရောက်လာရင် ဘယ်လိုလုပ်မလဲ။ လိုချင်မိမလား။ ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟာသမှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ ကျန်းပေါ်ဟာ နိုင်ငံခြားခရီးသွားလုပ်ငန်းကို လုပ်နေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဌေးဝမ်ရဲ့ တောင်းဆိုချက်အရ ဒေါ်လာ ၁၀ သိန်းကို နိုင်ငံခြားပို့ဖို့ စီစဉ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ငယ်သူငယ်ချင်း ဖုန်လဲ့ချီက ဒေါ်လာအတုအမှုတစ်ခုကို လိုက်လံစုံစမ်းနေခဲ့ပါတယ်။သူတို့ နှစ်ယောက်နဲ့ နယ်ပယ်အစုံက ငွေမက်သူတွေနဲ့ ဒေါ်လာ ၁၀ သိန်းရဲ့ အရှုပ်တော်ပုံထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ ငွေအတုတွေ အစစ်တွေနဲ့ လူတိုင်းဟာ အရှုပ်တော်ပုံထဲကို ရောက်သွားတဲ့အခါမှာတော့......ကျန်းပေါ်တစ်ယောက် ဒေါ်လာ ၁၀ သိန်းကို သေချာထိန်းသိမ်းနိုင်ပါ့မလား...... ဒေါ်လာအတု အရောင်းအဝယ်လုပ်နေတဲ့ လူတွေကရော ဘယ်လို ဇာတ်သိမ်းမျိုးဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres: Comedy , Crime Runtime : 1h ...
movie

Various Geeks ( 2023 )

Back To The Tomorrow ( 2023 ) 5.9
Back To The Tomorrow ( 2023 ) နေ့ရက်တစ်ရက်ထဲကိုပဲတစ်ဖန်တလဲလဲဖြတ်သန်းနေရမယ်ဆိုရင် သင်တို့ဘာတွေလုပ်ပြီး ဘယ်လိုဖြတ်သန်းကြမလဲ......ကိုယ့်ကိုယ်ကိုကံဆိုးတယ်လို့ သတ်မှတ်ထားတဲ့ပေါင်ကျန့်ဟာ ဘာကိုမှအလေးနက်မထားပဲ ကြုံရာလုပ်စားပြီးနေလာခဲ့တယ်။ သူကအိမ်လခတောင်မှန်အောင်မပေးနိုင်ပါဘူး။ တစ်နေ့တာကုန်ဆုံးသွားပြီး နောက်တစ်နေ့ပြန်နိုးလာတဲ့အချိန်မှ ာ သူကဟာ(၁၁)လ (၁၁)ရက်ကိုပဲပြန်ပြန်ရောက်သွားပြီး ကြုံတွေ့ခဲ့တာတွေကို အတိအကျပြန်ကြုံရတာကိုသိလိုက်ရတယ်......ဒီလိုနဲ့မပြီးဆုံးနိုင်အောင်ဖြတ်သန်းနေရတဲ့(၁၁.၁၁)နေ့ကို ပေါင်ကျန့်ဟာနည်းအမျိုးမျိုးစုံနဲ့ လုပ်ချင်ရာတွေလုပ်ပြီးဖြတ်သန်းရင်း သူလွဲချော်ခဲ့ရတဲ့အရာတွေ အထင်လွဲခဲ့တာတွေကိုနားလည်လာခဲ့တယ်။အဲဒီလိုနဲ့သူ့ရဲ့(၁၁.၁၁)နေ့ကိုပိုပိုကောင်းအောင်ကြိုးစားရင်း အဲဒီညမှာနှလုံးရောဂါနဲ့သေရမယ့် ကလေးရှိတာကိုသိသွားခဲ့ပါတယ်။ ကံကြမ္မာကိုပြောင်းလဲလို့မရတဲ့အတွက် ကလေးလေးရဲ့ မသေခင်ဆန္ဒတွေကို ဖြည့်စည်းပေးဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ လူသားဆန်မှုတွေနဲ့ ဒီချာလည်ရိုက်နေတဲ့နေ့ရက်တစ်ခုကိုဘယ်လိုအကြိမ်ကြိမ်ဖြတ်သန်းကြမလဲ...... မနက်ဖန်ကိုဘယ်လိုများမှရောက်နိုင်မှာလဲ..ဆိုတာကို ခံစားကြည့်ရှုလိုက်ပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Back To The Tomorrow ( 2023 )