Channel Myanmar

Zhu Haijun

Snake 4: The Lost World ( 2023 ) 5.7
Snake 4: The Lost World ( 2023 ) ခရီးသည်တင်လေယာဉ်တစ်စီးဟာ မိုးကြိုးမိပြီး အင်ဂျင်ကျသွားခဲ့တော့ မဖြစ်မနေအရေးပေါ်ဆင်းသက်ဖို့ ဖြစ်လာခဲ့ပါတယ်။ တွေ့ရာကျွန်းလေးတစ်ကျွန်းပေါ်ဆင်းသက်လိုက်ရာမှာ လေယာဉ်ဟာနှစ်ပိုင်းပြတ်ပြီး ပြုတ်ကျသွားခဲ့တယ်။မြေပုံပေါ်မှာ လူမသိတဲ့သီးခြားကမ္ဘာလိုဖြစ်နေတဲ့ကျွန်းတစ်ကျွန်း ပေါ်မှာ လေယာဉ်ရဲ့အပိုင်းနှစ်ခုဟာ တောင်တစ်လုံးရဲ့ဟိုဘက်ခြမ်းဒီဘက်ခြမ်းကိုကျသွားခဲ့ပါတယ်။ ဒီလိုနဲ့ လေယာဉ်မြီးပိုင်းကခရီးသည်တွေဟာ အရေးပေါ်အချက်ပေး အကူအညီတောင်းနိုင်ဖို့ လေယာဉ်ခေါင်းပိုင်းဆီကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဒီလျှို့ဝှက်တဲ့ကျွန်းပေါ်မှာ ဆန်းကြယ်တဲ့ အသားစားသစ်ပင်တွေနဲ့ သားရဲတွေက ခရီးသည်တွေကိုစောင့်ကြိုနေမှန်း သူတို့မသိကြပါဘူး။ အန္တရာယ်အမျိုးမျိုးကိုကျော်ဖြတ်ရင်း အသက်ဆက်ရှင်ဖို့ကြိုးစားရင်း ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres :  Thriller , Fantasy , Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Snake 4: The Lost World ( 2023 )

Battle of Snakes ( 2023 ) 5.7
Battle of Snakes ( 2023 ) CM ရဲ့ တရုတ်ကားချစ်သူတို့အတွက် ဒီတစ်ခေါက်မှာတော့ အဏ္ဏဝါမိစ္ဆာမြွေကြီး ဇာတ်လမ်းကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေး အစမှာ လူသူဝေးတဲ့နေရာကို ကူးစက်စေတဲ့ ဓာတုအညစ်အကြေးအရည်တွေကို စွန့်ပစ်ဖို့ ကြိုးစားတဲ့ မသမာလူတစ်စုကြောင့် ပင်လယ်ထဲ ပြောင်းလဲမှုကြီးတစ်ခုဖြစ်ခဲ့တယ်...တစ်ဖက်မှာလည်း ပူတင်းဆိုတဲ့ သမီးလေးနဲ့ သားအဖသံယောဇဉ် ရင်ကြားစေ့ဖို့ ကြိုးစားနေတဲ့ လင်ဟောက်တုန်းတို့ သားအဖကလည်း... သူငယ်ချင်း မာဖန်း ကျေးဇူးနဲ့ ပင်လယ်ခရီးစဉ်စတင်ဖို့ဖြစ်ခဲ့တယ်...လင်ဟောက်တုန်းနဲ့ မာဖန်းတို့က ကိုယ်ပိုင်တိရစ္ဆာန်ဥယျာဉ် အသေးလေး ဖွင့်ထားတာဖြစ်ပြီး ဟောက်တုန်းမှာ ရှောင်ဟေးဆိုတဲ့ လိမ်မာလွန်းတဲ့ မျောက်ဝံတစ်ကောင်ရှိတယ်... ဒီမျောက်ဝံကို အချိန်ပေးလွန်းတာကြောင့်လည်း ကွာရှင်းဖို့ဖြစ်လာပြီး သူ့သမီးလေး ပူတင်းနဲ့လည်း သူစိမ်းဆန်သွားခဲ့တာပေါ့...ဒီလိုနဲ့ ဖင်အန်းသင်္ဘောကြီးရဲ့ အပျော်ခရီးစဉ်စခဲ့တာပေါ့... ဒီခရီးစဉ်က ဘာကို အကြောင်းပြုတာလဲ... ဘာကြောင့် တိရစ္ဆာန်တွေကို ဖိတ်ကြားခဲ့ရတာလဲ... နောက်ပြီး အပျော်ခရီးစဉ်ကြီး ဘယ်လို အဆုံးသတ်သွားမှာလဲ... စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာမို့ ကြည့်ရတာ အရှုံးမရှိစေမယ့် ကားကောင်းတစ်ခုပါ...Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : 1h 17 min Subtitle : Myanmar ...
movie

Battle of Snakes ( 2023 )

League of Gods: Zhou Destruction I (2023) 6
League of Gods: Zhou Destruction I (2023) ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality ...
movie

League of Gods: Zhou Destruction I (2023)

Kunlun Kingdom ( 2023 ) 5.9
Kunlun Kingdom ( 2023 ) စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ တောင်ပေါ်မှာရှာဖွေလေ့လာရင်း မိစ္ဆာနဂါးကျောက်ဖြစ်ရုပ်ကြွင်းအသက်ဝင်လာတာနဲ့ကြုံခဲ့ရပြီး လေ့လာရေးတစ်ဖွဲ့လုံးဒုက္ခရောက်ခဲ့ကြပါတယ်အဖွဲ့ထဲမှာ လီရှန်းရဲ့မိဘနှစ်ပါးလုံးပါဝင်ခဲ့တာဖြစ်ပြီး နှစ်အတော်ကြာအောင်ထိ လီရှန်းဟာ မိဘတွေရဲ့ဘာသတင်းအစနမှပြန်မကြားခဲ့ရပါဘူးတခြားအဖွဲ့ဝင်များရဲ့ မိသားစုတွေကလည်း လီရှန်းရဲ့မိဘနှစ်ပါးကို လူသတ်တရားခံဆိုပြီးစွပ်စွဲခဲ့ကြပါတယ်မတရားစွပ်စွဲခံရတာကို သက်သေပြနိုင်ဖို့ လီရှန်းတစ်ယောက် ဘယ်လိုစူးစမ်းရှာဖွေမှုတွေလုပ်ရင်း ဘာတွေသိလာရမလဲငယ်ငယ်ကတည်းက‌အတူတူကြီးပြင်းခဲ့တဲ့ လုယောင်နဲ့ လောင်ယွီကရော သူငယ်ချင်းအတွက်ဘယ်လို အသက်စွန့်ပြီးကာကွယ်ကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Kyawt Encoded by LK
movie

Kunlun Kingdom ( 2023 )