Channel Myanmar

Ziyi Fang

True and False Jigong ( 2023 ) 6.1
True and False Jigong ( 2023 ) “မိစ္ဆာတွေကို နှိမ်နင်း / အားနည်းသူတွေကိုကူညီပေးပြီး ပြည်သူတွေရဲ့ အချစ်ကို ရရှိနေသူ ၊ မသေမျိုးကျင့်စဥ်ရရှိဖို့ ကျင့်ကြံနေသူ ၊ တောင်ပေါ်မှာပဲ သီတင်းသုံးနေထိုင်တတ်သူ ဘုန်းတော်ကြီး - ကျိကုန်း”“ရုပ်ဆိုးလွန်း၍ အားလုံးက မိစ္ဆာတစ်ကောင်လိုသတ်မှတ်ခြင်းခံနေရသူ ၊ ဆိုးဝါးလွန်းတဲ့ မျက်နှာကြောင့် အားလုံးရဲ့ အပယ်ခံဖြစ်ပြီး အ ထီးကျန်နေရသူ ၊ ပြည်သူတွေရဲ့ ချစ်ခြင်းကို ခံရဖို့ ကြိုးစားနေသူ - ဟွမ်ယွမ်”လွန်ခဲ့တဲ့ အနှစ် ၂၀ က ဘုန်းတော်ကြီး ကျိကုန်းဟာ မြွေမိစ္ဆာမောင်နှမကိုနှိမ်နှင်းရင်း အစ်ကိုဖြစ်သူကို သတ်ပစ်ခဲ့မိပါတယ် ။ ကျန်တဲ့ မိစ္ဆာညီမလေးကိုတော့ အမှားတွေပြန်လည်ပြင်ဆင်ပေးဖို့ လွှတ်လိုက်ပေမဲ့ တကယ်တမ်းမှာတော့ အဲဒီမိစ္ဆာမဟာ အစ်ကိုဖြစ်သူအတွက် လက်စားပြန်ချေဖို့ ကြိူးပန်းနေခဲ့ပါတယ် ။ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးလာခဲ့ပြီး ပိုင်ရွှိန်မြို့တော်မှာထူးဆန်းတဲ့ ကိစ္စတွေဖြစ်ပေါ်လာခဲ့ပါတော့တယ် ။ ဒါတွေကို ဖြေရှင်းဖို့ အတွက် ဘုန်းတော်ကြီး ကျိကုန်းဟာ ပိုင်ရွှိန်မြို့တော်ကိုရောက်လာခဲ့ပေမဲ့ ၎င်းမြို့တော်မှာ သူနဲ့ ချွတ်စွပ်တူတဲ့ နောက်တဲ့ ကျိကုန်းတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ် ။❏ ဘုန်းတော်ကြီး ကျိကုန်းတစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ ...
movie

True and False Jigong ( 2023 )