Channel Myanmar

Zorion Eguileor

The Elderly (2022) 5.3
The Elderly (2022) The Elderly (2022)~ IMDb - 5.3/10, Rotten Tomatoes - 100% ~ဒီကားလေးကတော့ 2022 ခုနှစ်ထွက် စပိန် ဟော်ရာ ဖန်တ‌စီကားလေးဖြစ်ပါတယ်။ Award တစ်ခုလည်းရထားပြီး Nomination လေးခုလည်း ၀င်ထားပါသေးတယ်။ ဇာတ်လမ်းအစမှာ ရိုဆာဆိုတဲ့အဖွားအိုတစ်ယောက်က ၀ရန်တာပေါ်က ခုန်ချသတ်သေသွားပြီး ခင်ပွန်းသည်ဖြစ်သူ မန်နျူရယ်တစ်ယောက်သာ‌ကျန်ခဲ့လို့ သားဖြစ်သူက ‌အိမ်ပေါ်ခေါ်တင်စောင့်ရှောက်ထားပါတယ်။ ဒါပေမဲ့ မန်နျူရယ်က စိတ်ကျရောဂါကိုခံစားနေရပြီး ထင်ယောင်ထင်မှားတွေဖြစ် အသံတွေကြားနေရတယ်လို့ပြောပြီး ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို စတင်လုပ်လာတော့ နဂိုမကြည်ဖြူရင်းစွဲရှိသူချွေးမဖြစ်သူက ပိုမုန်းလာပါတယ်။ အဲဒီနောက်ပိုင်းကဖြစ်ရပ်တွေကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဒီကားလေးက သာမန်ဟော်ရာကားတစ်ကားထက်ကိုပိုပါတယ်။ လက်ရှိကာလဖြစ်ရပ်တချို့တွေကို ထင်ထင်ရှားရှားကို မီးမောင်းထိုးပြနေပြီး တချို့ Scene တွေက တကယ်ကိုစိတ်ညစ်ညူးစရာကောင်းလောက်အောင် ကြောက်စရာမွန်းကျပ်စရာကောင်းပါတယ်။ IMDb မှာ 5.3/10 ပဲ ရထားပေမယ့် ခရမ်းချဉ်သီးကတော့ 100% အပြည့်ရထားလို့ ကြည့်ရှုသူတွေအတွက် အရွေးမမှားလောက်တဲ့ဇာတ်ကားလေးပါပဲ။ အားလုံးပဲ ...
movie

The Elderly (2022)

2022
The Platform (2019) 7.0
The Platform (2019) ဒီရုပ်ရှင်ကတော့ IDmb rating 7.0 ရရှိထားတဲ့ Netflix စပိန်ရုပ်ရှင်ကားပါ။တကယ့်ကို မှောင်မိုက်တဲ့ Thriller အမျိုးအစားဖြစ်လို့ကလေးတွေ မကြည့်သင့်ပါဘူး။ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊တစ်ဆင့်ချင်းစီက အကျဉ်းခန်းမှာ လူနှစ်ယောက်စီကိုနေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီးဆီ Goreng သွားခဲ့တယ်။သဘောတူညီချက်တစ်ခုနဲ့ လာရောက်ခဲ့တဲ့ Goreng ဟာအဲ့ဒီနေရာကို ငရဲမှန်း မသိခဲ့ဘူး။အဲ့ဒီနေရာက တကယ့်ငရဲ၊ "စားသောက်ခြင်း"အမှုနဲ့ပတ်သတ်ပြီး ကြောက်ဖို့ကောင်းတဲ့ငရဲ။Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ။အဲ့ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ကျဉ်းကျပ်ခက်ခဲတဲ့အခြေအနေ စနစ် ကိုလိုက်ပြီးလူတို့စိတ်တွေ ပြောင်းလဲတာတွေ...အခြေအနေဘယ်လိုပဲဖြစ်ဖြစ် စနစ်ကို အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ...ဇာတ်ကောင်တွေရဲ့ စကားတွေမှာ တွေးစရာ သဘောကျစရာလေးတွေ...အဲ့လို အဲ့လိုတွေကို ဒီရုပ်ရှင်ကနေ ရရှိခံစားနိုင်ပါတယ်။ File Size : ( 886 MB , 324 MB) Quality : WEB-Rip 720p Running Time : 1 hr 34 min Format : ...
movie

The Platform (2019)