Channel Myanmar

Adina Porter

The Changeling (2023) 6.2
The Changeling (2023) ကလေးချင်းလဲတဲ့ မကောင်းဆိုးရွား ခေါ် Changeling ဒီ နာမည်ကိုတော့ Supernatural ဖန်တွေ၊ အခြားမှော်ကားတွေ ကြိုက်တတ်တဲ့သူတွေ ကြားဖူးနေမှာပါ။ မွေးကင်းစကလေးလေးတွေကို အမေလက်ကနေ မသိအောင်ခိုးပြီး သူတို့ရဲ့ မကောင်းဆိုးရွားကလေးတွေနဲ့ ပုံစံတူ လဲလှယ်ထားတာပါ။ဒီနေရာမှာ အချို့ မူကွဲပုံပြင်တွေလည်း ရှိတတ်ပါသေးတယ်။ နတ်မှင်စာငယ်တွေက ကလေးချင်းလဲတဲ့ ပုံပြင်မျိုးလည်းရှိပါတယ်။ ဒီစီးရီးကတော့ ပဟေဠိဆန်ဆန်ရိုက်ထားတာမို့ ကလေးအလဲခံရတယ်ဆိုတာလည်း သက်သေမပြနိုင်သေး၊ ထူးဆန်းတာတွေဖြစ်နေပေမဲ့ အကြောင်းရင်းကို မသိသေးဘဲ အဖြေရှာရတဲ့အမျိုးအစားမို့ သို့လော သို့လောနဲ့ ရင်တထိတ်ထိတ်ကြည့်ရအောင် ဖန်တီးထားတာပါ။ပဟေဠိဆန်တဲ့ မိသားစုနောက်ခံနဲ့ လူတစ်ယောက်က အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်မိပြီး လက်ထပ်သွားကြတယ်။ အမျိုးသမီးလေးရဲ့မိသားစုနောက်ခံကလည်း ပဟေဠိဆန်နေပြန်တယ်။ ပိုဆိုးတာက အဲဒီအမျိုးသမီးဟာ ကလေးမရခင်မှာ စုန်းမလိုလို နတ်သမီးလိုလို သူတစ်ယောက်ဆီကနေ ဆုသုံးခုတောင်းလိုက်မိတယ်။ အဲဒီဆုတွေကိုလည်း မပြထားဘူး။ ဒီတော့ အဲဒီမိသားစုမှာ ကြောက်စရာတွေဖြစ်လာတဲ့အခါ ဇာတ်ဆောင်တွေနဲ့အတူ လိုက်အဖြေရှာရမဲ့ ဇာတ်လမ်းတွဲမျိုးမို့ အရသာရှိရှိ ကြည့်ရမှာပါပဲ။File ...
6.2
TMDb: 6.2/10 353 votes
tv

The Changeling (2023)

2023
Paper Girls (2022) Season 01 Complete 7.8
Paper Girls (2022) Season 01 Complete Paper Girls (2022) Season 01 Complete ~ IMDb - 6.8/10, RT - 87%, IGN - 7/10 ~ (၈ပိုင်း စဆုံးထွက်ရှိထားတာဖြစ်ပြီး တစ်ရက် နှစ်ပိုင်းနှုန်းနဲ့ လေးရက်အတွင်း ၈ပိုင်းလုံး တင်ဆက်ပေးသွားပါမယ်) နာမည်တူ Mystery/Sci-Fi Comic ဖြစ်တဲ့ Paper Girls ကို ဇာတ်လမ်းတွဲအဖြစ် ပြန်ရိုက်ကူးထားတာပါ။ ရဗျူးတွေကတော့ Stranger Things, Yellowjackets နဲ့ Black Mirror သုံးကားလုံးရဲ့ အရသာကိုပေးထားတယ်ဆိုပါတယ်။ ကျွန်တော်လည်းစစကြည့်ချင်းမှာ STနဲ့ နည်းနည်းဆင်နေသလိုလို ထင်လိုက်ပါသေးတယ်။ ကလေးတစ်အုပ် တိုင်ပတ်နေတာရော၊ ကောင်းကင်အနီကြီးရော၊ ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေရော အပိုင်းတစ်မှာ မြင်နေရတာကိုး။ Thriller စီးရီးလို့ ပြောရမယ့် စီးရီးဆိုတော့ စစချင်းမှာ သတင်းစာပို့တဲ့ကလေးမတွေက ညဘက်ကြီး သတင်းစာပို့ရင်း လမ်းသရဲတွေနှောင့်ယှက်ခံရတဲ့ ဇာတ်ကွက်တွေပြပြီး ရင်တထိတ်ထိတ်ဖြစ်အောင်လုပ်ထားတယ်။ ပြီးကျ ...
7.8
TMDb: 7.8/10 10 votes
tv

Paper Girls (2022) Season 01 Complete

2022