Channel Myanmar

Agnieszka Żulewska

High Water (2022) 7.147
High Water (2022) High Water 2022Netflix က ပိုလန်မှာရင်းနှီးမြှပ်နှံမှုတွေ များလာတာကြောင့် ရုပ်ရှင်ချစ်သူတွေအတွက် ပိုလန်စီးရီးတွေကို Netflix မှာလက်လှမ်းမီနေပါပြီ။ ပိုလန်စီးရီးတွေကလဲ တကယ့်ကိုစီးရီးကောင်းတွေအများကြီးထွက်တာမို့ hidden gems တွေပေါ်လာတယ်ပြောရမှာပါပဲ။အခုလဲ ပိုလန်စီးရီးအသစ်တစ်ခုဖြစ်တဲ့ High Water ကိုကြည့်လိုက်ကြရအောင်။ဒါကတော့ပိုလန်ကရေကြီးမှုဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်လမ်းပါ။ နယ်သာလန်မှာနေနေတဲ့ ပိုလန်ကဗရော့ဆွာဖ်မြို့သူ ဇလဗေဒပညာရှင်ယက်ရှ်မီနာက ဗရော့ဆွာဖ်မှာရေကြီးတော့မယ်လို့ခန့်မှန်းချက်ထုတ်လိုက်ပါတယ်။ တခြားဇလဗေဒပညာရှင်ကြီးတွေကတော့မဖြစ်နိုင်ဘူးဆိုပါတယ်။ မြို့တော်ဝန်ကတော့သေချာအောင်ဆိုပြီး ယက်ရှ်မီနာကိုမြို့ဆီ ပြန်လာကူညီဖို့ဖိတ်ခေါ်ရာမှာဇာတ်လမ်းစတင်လာပါတယ်။ သဘာဝတရားနဲ့ရင်ဆိုင်ရမယ်ဆိုရင်တော့ လုပ်စရာတစ်ခုပဲရှိပါတယ်။ အားလုံးအန္တရာယ်ကင်းရေးပါ။သဘာဝတရားကိုပြန်တိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲလေ။ ဗရော့ဆွာဖ်မှာ ရေကြီးမယ့်အရိပ်အယောင်စချိန်မှာပဲ ပညာရှင်တွေကြားကအယူအဆတွေ အားပြိုင်မှုတွေ လုပ်ဆောင်ချက်တွေ မြို့သူမြို့သားတွေရဲ့တုံ့ပြန်မှုတွေ ဒါ့အပြင်မြို့ပြန်ရောက်လာတဲ့ယက်ရှ်မီနာရဲ့အတိတ်ဒရာမာတွေ အဲလိုအကြောင်းအရာတွေကိုဇာတ်လမ်းသွားခပ်သွက်သွက်နဲ့တင်ဆက်ထားတာက ရေကြီးမှူအကြောင်းဘာမှမသိသူအတွက်တောင် စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတလဲအတော်ရတဲ့စီးရီးကောင်းတစ်ခုပါပဲ။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Mary Christ တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size…800MB | 400MB Format… mp4 Duration…. 44min Episodes... 6 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Roman NoX, Mary Christ Encoder ...
7.147
TMDb: 7.147/10 34 votes
tv

High Water (2022)

2022