Channel Myanmar

Ahn Ji-ho

BEGINS ≠ YOUTH (2024)
BEGINS ≠ YOUTH (2024) BEGINS ≠ YOUTH (2024)**********************အပိုင်းသစ် (၁+၂+၃+၄) ဒီ Seriesကတော့ ARMY တွေအားလုံးသိကြတဲ့ BTS UniverseSave Me webtoon ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Story line ကိုတော့ Save Me MV မှာတွေ့ဖူးကြမှာပါ။အခက်အခဲကိုယ်စီရှိကြတဲ့ လူငယ်လေး ၇ ဦးလွှတ်တော်အမတ်ရဲ့သားတစ်ယောက်လည်းဖြစ် ရုပ်ရည်ကလည်းကြည့်ကောင်းအားလုံးအမြင်မှာပြီးပြည့်စုံတဲ့ဘဝကြီးပိုင်ဆိုင်ထားရတဲ့ကောင်လေးဆိုပေမဲ့လက်တွေ့မှာ ဘဝကြီးကို အဖေပုံသွင်းတဲ့အတိုင်းနေထိုင်ရပြီးတော့ကိုယ့်ခံစားချက်ကိုထုတ်ဖော်ခွင့်မရတဲ့ Kim Hwan၊စကားသိပ်မပြောပေမဲ့ နွေးထွေးတဲ့စိတ်ထားရှိတဲ့ကောင်လေး Min Ceinအမေက သူ့အတွက်အရာရာဆိုပေမဲ့ လူတိုင်းက အမေ့ကိုသတ်ပြီးအိမ်ကိုမီးရှို့ကောင်ဆိုပြီး ​ဆိုးဝါးတဲ့ကောလာဟလတွေဖြန့်ကြတယ်။ဒီလိုကြုံတွေ့ရတဲ့သူ့အတွက် စိတ်သက်သာရာရစေတာ ပီယာနိုတီးခြင်းပါပဲ။အကကရတာနှစ်သက်ပြီး အကောင်းမြင်စိတ်ရှိတဲ့ Jung Hosu ကတချိန်တည်းက ကစားကွင်းထဲမှာ ပစ်ထားခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။တာဝန်ယူစိတ်အပြည့်အဝရှိတဲ့ Kim Dogeonဆင်းရဲတဲ့မိသားစုကြောင့် စောစောစီးစီးရင့်ကျက်သူဖြစ်လာတဲ့ခဲ့တဲ့သူကျောင်းစာတစ်ဖက် အလုပ်တစ်ဖက်လုပ်နေပေမဲ့လည်းကျောင်းစာမှာလည်းအမြဲတမ်းအမှတ်ကောင်းကောင်းရနေသူ၊တောက်ပတဲ့အပြုံးလေးရှိတဲ့ Park Haruငယ်ငယ်တုန်းဖြစ်ခဲ့တဲ့ အကြောက်တရားကြောင့်သူ့ကိုယ်သူဘယ်သူလဲဆိုတာအမြဲတမ်းမေးခွန်းထုတ်နေတတ်ပြီးတော့မိသားစုတွေနဲ့အလိမ်အညာစကားတွေနဲ့ ကာကွယ်ခံထားရတဲ့သူပဲဖြစ်ပါတယ်။အရက်သမားအဖေနဲ့အတူတူနေရတဲ့ကောင်လေးတစ်ချိန်တုန်းက ကြင်နာနွေးထွေးခဲ့တဲ့အဖေဖြစ်ပေမဲ့မိခင်ဖြစ်သူ ထွက်သွားပြီးနောက်ပြောင်းလဲလာတဲ့အခါ..တစ်ချိန်က ကြင်နာတဲ့အဖေ ပြန်ဖြစ်ဖို့ မျှော်လင့်နေသေးတဲ့ Kim Jooan..။Insecure မိသားစုနဲ့ အတူတူနေရပြီးတဲ့နောက် ...

BEGINS ≠ YOUTH (2024)

2024
Night Has Come (2023) [Complete] 10
Night Has Come (2023) [Complete] Night Has Come (2023)***********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး  ယူအီးလ်အထက်တန်းကျောင်းက အထက်တန်းဒုတိယနှစ် အခန်း၃ကကျောင်းသားတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့လာရေးခရီးထွက်ရင်းသူတို့ဖုန်းထဲကို ထူးဆန်းတဲ့ message တစ်ခုဝင်လာပါတယ်။အဲဒါကတော့ အပျော်တမ်းမဟုတ်ဘဲ တကယ့် အသက်နဲ့ပါရင်းပြီးမာဖီးယားဂိမ်းကစားဖို့ပဲ ဖြစ်ပါတယ်။အပျော်တမ်းကစားနေကြ လူသတ်ဂိမ်းကနေ ရုတ်တရက် သူတို့အသက်နဲ့ပါရင်းပြီး ကစားရတဲ့အခါ...သူတို့ လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲ...တကယ်ရော လွတ်မြောက်နိုင်ပါ့မလား...ဆိုတာတွေကို ဂိမ်းဆန်ဆန်နဲ့ အသည်းတထိပ်ထိပ်ကြည့်ရမှာဖြစ်ပါတယ်။(ဒီကားကလည်း ရက်ရက်စက်စက် လူသတ်တဲ့အခန်းတွေပါတဲ့အတွက်18+ သတ်မှတ်ထားပါတယ်။ ) Aired: Dec 4, 2023 - ? Aired On: Monday Genres: Thriller, Mystery, Horror, Youth Duration: 35 mins Episodes: 12 Original Network: VIKI Translated by Thet Hnin Hsu, Hsu Pyae, Toe Toe Aung, Emily, Ashley & Phyu Sin Encoded by ...
10
TMDb: 10/10 1 votes
tv

Night Has Come (2023) [Complete]

2023
Nobody Knows (2020) [Complete] 8
Nobody Knows (2020) [Complete] Nobody Knows (2020) [အစ-အဆုံး]အပိုင်း ၁၄ မှ ၁၆ (ဇတ်သိမ်းပိုင်း) ထိဒီတစ်ခေါက် CM ပရိတ်သတ်ကြီးတွေအတွက် အရမ်းမိုက်တဲ့ ကွင်းဆက်လူသတ်မှုကား‌ဟောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အမှုကားတွေကြိုက်တဲ့ ပရိတ်သတ်ကြီးတို့သိကြတဲ့အတိုင်း ကွင်းဆက်လူသတ်မှုတွေမှာ ထူးခြားတဲ့အချက်ကိုလိုက်ပြီး အမှုအမည်တပ်လေ့ရှိပါတယ်။ ဒီကားမှာတော့ ကွင်းဆက်လူသတ်သမားဟာ ခရစ်ယာန်ဘာသာမှာ "ဒဏ်ချက်တော်" လို့ခေါ်ဝေါ်တဲ့ အမှတ်အသားတစ်ခု "Stigmata" ကို နစ်နာသူရဲ့ ခန္ဓာကိုယ်‌ပေါ်ချန်ထားခဲ့တတ်ပါတယ်။ဒီ Stigmata လူသတ်သမားရဲ့ သားကောင်ဖြစ်သွားခဲ့ရတဲ့ သူငယ်ချင်းအတွက် လက်စားချေဖို့ရာ ချာယောင်းဂျင်းတစ်ယောက် စုံထောက်ဖြစ်လာခဲ့ပြီး ၁၉ နှစ်ကြာအောင် ဒီအမှုနောက်ကိုပဲလိုက်ရင်း ဘဝကိုဖြတ်သန်းလာသူပါ။နှစ်များစွာကြာလာတာနဲ့အမျှ "Stigmata ကွင်းဆက်လူသတ်မှု" ကြီး အေးစက်လာတဲ့အချိန်မှာ ချာယောင်းဂျင်းရဲ့သူငယ်ချင်း အထက်တန်းကျောင်းသား ဂိုအွန်းဟိုဟာ ဟိုတယ်အဆောက်အဦးတစ်ခုပေါ်က ခုန်ချပြီး ကိုမာဖြစ်သွားခဲ့ပါတယ်။ဆက်စပ်မှုမရှိတဲ့ "Stigmata" နဲ့ "ဂိုအွန်းဟို" အမှုနှစ်ခုဟာ "ဘဝသစ်ခရစ်ယာန်ဘုရားကျောင်း" နဲ့ ဆက်နွယ်မှုတွေရှိနေရင်းက သံသယဝင်စရာတွေဖြစ်လာပါတော့တယ်။"Stigmata ကွင်းဆက်လူသတ်မှု" ရဲ့ သံသယရှိသူ ဆောဆန်းဝန်းဟာ ...
8
TMDb: 8/10 12 votes
tv

Nobody Knows (2020) [Complete]

2020
Gyeongseong Creature(2023)[Complete] 8
Gyeongseong Creature(2023)[Complete] Gyeongseong Creature(2023)***************************အပိုင်း (၁ မှ ၁၀ ) ထိ စ/ဆုံး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Park Seo Joon နဲ့ Han SoHee တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ။Park SeoJoon ကတော့ ဂျန်ထယ်ဆန်းဆိုတဲ့ စီးပွားရေးသမားတစ်ယောက်နေရာကပါဝင်ထားပြီးHan SoHee ကိုတော့ နယ်လှည့်သွားလာနေတဲ့ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့စုံထောက်မလေး ယွန်းချယ်အို့အဖြစ်တွေ့ရမှာပါ ။ ထူးဆန်းတဲ့အမှုကိစ္စတစ်ခုကိုသူတို့နှစ်ဦးအတူစုံစမ်းဖို့ဖြစ်လာရာကနေ ကြုံတွေ့ရမယ့် ဘေးဒုက္ခဆိုးကြီးကို ကြည့်ရှုရမှာပါ ။ဇာတ်လမ်းအကျဉ်း***************သူမကငယ်စဥ်က ဖခင်ဖြစ်သူနဲ့အတူ မန်ချူးရီးယားနဲ့ရှန်ဟိုင်းတို့ကိုအိမ်ဦးနဲ့ကြမ်းပြင်လို့ အမြဲသွာလာနေရသူဖြစ်ပါတယ်...လူဆိုး သူခိုး ဓားပြနဲ့အခြားအန္တရယ်ပေါင်းများစွာရှိလို့  မိန်းကလေးဆိုသော်ငြားဘဝရှင်သန်ရေးအတွက် ကိုယ်ခံပညာပေါင်းစုံကိုလေ့လာသင်ယူခဲ့သလိုလက်နက်ပေါင်းစုံကိုလည်း ကျွမ်ကျင်စွာအသုံးပြုတတ်ပါတယ်...သူမရဲ့ ဆယ်နှစ်ကျော်ကြာပျောက်ဆုံးနေတဲ့ အမေကိုရှာဖွေဖို့အတွက် Gyeongseong ကိုရောက်လာပြီး Hang Tae Sang (Park Seo Joon)နဲ့ဆုံခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့....Aired: Dec 22, 2023  - Jan 5, 2024 Aired On:  Friday Genres: Action, Thriller, Historical, Sci-Fi Duration: 60 ...
8
TMDb: 8/10 1 votes
tv

Gyeongseong Creature(2023)[Complete]

2023
All of Us Are Dead (2022) 10
All of Us Are Dead (2022) All of Us Are Dead (2022) ဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်း ၁ မှ ၁၂ (အစ-အဆုံး) "ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ...ဘာလို့ ငါတို့ကျောင်းမှာလဲ?" သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ...ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်...ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့...ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။ ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖို့လည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်^^ တစ်ပြိုင်တည်း ၁၂ပိုင်းလုံးထွက်ရှိမှာဖြစ်လို့ သောကြာနေ့ညကို ကုန်ဆုံးဖို့ ဇာတ်လမ်းကောင်းရှာနေတဲ့ CM ပရိသတ်ကြီးအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော် ...(အညွှန်းကို Ei Phyu Khin က ရေးသားပေးထားပါတယ်) Aired: January ...
10
TMDb: 10/10 3 votes
tv

All of Us Are Dead (2022)

2022