Channel Myanmar

Akash Ayyar

HACK Crimes Online (2023) 4
HACK Crimes Online (2023) Hack: Crimes Online(2023) "ဆိုက်ဘာရာဇဝတ်မှုများ" IMDb-7.6/10Amazon mini tvကနေ ထုတ်လွှင့်ခဲ့ပြီး အိန္ဒိယမှာ ထင်ရှားတဲ့ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းရေးအရာရှိ မစ္စတာအာမစ်ဒူဘေးရဲ့ ၀တ္ထုကိုအခြေခံထားတဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးပဲဖြစ်ပါတယ်။ ဒီအတွဲတစ်မှာတော့ အပိုင်းကိုးပိုင်းပါဝင်ပါတယ်။ဆိုက်ဘာရာဇဝတ်မှုဆိုတာက ရာဇဝတ်မှုပါပဲ။ဘယ်လိုရာဇဝတ်မှုလည်းဆိုတော့ အပြင်မှာခိုးဆိုးလုနှိုက်သတ်ဖြတ်ကြတဲ့ ရာဇဝတ်မှုတွေလိုမျိုးပဲ အခုခေတ်ထဲက အလွှာပေါင်းစုံမှာ ပြောနေကျ "လိုင်းပေါ်မှာ... လိုင်းပေါ်က..."ဆိုတဲ့စကားလို၊ လိုင်းပေါ်ကနေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေပေါ့။ဒီမှာ ဘာပါလာလည်းဆိုတော့ ဟက်ခ်ကာဆိုတဲ့ပုဂ္ဂိုလ်တွေ။ ဟက်ခ်တယ်ဆိုတာ သူတပါး ပိုင်ဆိုင်မှုကို သူတပါးခွင့်မပြုပဲ ဝင်ရောက်ယူငင်သုံးစွဲကြတာလို့ပဲ ဆိုကြပါစို့။ ခေတ်ကြီးတိုးတက်လာတာနဲ့အညီ ကိုယ်ပိုင်ဆိုင်တဲ့ ငွေကြေးတွေကို ငွေသားအဖြစ်မဟုတ်ဘဲ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ်နဲ့ အကောင့်ဖွင့် စုဆောင်းသိမ်းဆည်း သုံးစွဲလာကြပါတယ်။ဒီလိုပိုင်ဆိုင်မှုတွေကို ဟက်ခ်ပြီး ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘဲ ခိုးယူတဲ့ ရာဇဝတ်မှုတွေ၊အဲဒါအပြင် လုပ်ငန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဓာတ်ပုံတွေ၊ ဂိမ်းအကောင့်တွေထိ ခိုးယူကြတဲ့ရာဇဝတ်မှုတွေ၊ ခိုးယူရရှိလာတဲ့ အချက်အလက်တွေကိုချုပ်ကိုင်ထားပြီး ပိုင်ရှင်ကို ခြိမ်းခြောက်ငွေညှစ်တာမျိုး၊အလိုမတူပဲ ကာမရယူတာမျိုးလို ရာဇဝတ်မှုတွေကို အထူးဆိုက်ဘာရာဇဝတ်မှုနှိမ်နှင်းရေးခေါင်းဆောင် အရာရှိအရှူတို့ရှ် ဦးဆောင်တဲ့အဖွဲ့က ဒီဆိုက်ဘာရာဇဝတ်မှုတွေကို နှိမ်နှင်းဖော်ထုတ်အရေးယူကြပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ရှက်ခ်သီဆိုတဲ့ ဆင်းရဲတဲ့မိသားစုက မွေးလာတဲ့ ကောင်မလေးတစ်ယောက် ex ဖြစ်သူရဲ့ ...
4
TMDb: 4/10 1 votes
tv

HACK Crimes Online (2023)

2023