Channel Myanmar

Akin Gazi

[18+] Da Vinci’s Demons (2013) 7.579
[18+] Da Vinci’s Demons (2013)  Historical fantasy ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Da Vinci's Demons နဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းတွဲဟာဂန္ဓဝင်ပန်းချီကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ငယ်ဘဝကိုအခြေခံထားပြီးအပြင်မှာတကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ခံသမိုင်းကြောင်းတွေကိုစိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးထားတာဖြစ်ပါတယ်။လီယိုနာဒိုဟာ ဖလောရင်စ့်မြို့မှာနေထိုင်ကျက်စားနေပြီး ပန်းချီပညာအပြင်သူစိတ်ဝင်စားတဲ့ ပစ္စည်းကိရိယာအသစ်အဆန်းတွေကို တီထွင်စမ်းသပ်ရင်းအချိန်ကုန်လေ့ရှိပါတယ်။ အဲ့ဒီအချိန်မှာပဲ သူနေထိုင်ရာမြို့ကို ရောမက မျက်စိကျကျုးကျော်လာမယ့်အခြေအနေကိုကြုံလာရပါတယ်။တစ်ချိန်တည်းမှာ ငယ်စဉ်ဘဝကတည်းက ပျောက်ဆုံးခဲ့တဲ့ သူ့မိခင်နဲ့ပတ်သက်ပြီး သဲလွန်စရစေမယ့် နည်းလမ်းတစ်ခုကိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတစ်ဆင့် သိခွင့်ရခဲ့ပါတယ်။အဲ့ဒီနည်းလမ်းဟာ vault of heaven လို့ခေါ်တဲ့လျှို့ဝှက်နေရာတစ်ခုမှာရှိပြီး အဲ့ဒီနေရာကိုရောက်ဖို့အတွက် သူဟာပဟေဠိအမျိုးမျိုးနဲ့ရန်စွယ်အသွယ်သွယ်ကိုဖြတ်ကျော်ရမှာပါ။ အဲ့ဒီခေတ်ကာလက ရောမ၊ဒီမက်ဒီချီ မိသားစု၊ ပတ်ဇာ မိသားစုတို့ကြားက ဉာဏ်ကစား အားပြိုင်မှုတွေ၊ လျှို့ဝှက်ရတနာသိုက်ရှာပုံတော်တွေကိုသမိုင်းထဲက ဂန္ဓဝင်ပုဂ္ဂိုလ်တွေဖြစ်ရပ်တွေရဲ့ နောက်ခံအခင်းအကျင်းနဲ့ရှုမြင်ရမှာဖြစ်ပါတယ်။ အလွန်ကြမ်းတမ်းတဲ့ ဝတ်လစ်စလစ်ဇာတ်ဝင်ခန်းတွေ၊ သွေးထွက်သံယိုခန်းတွေပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်တဲ့အခါမှာတော့ သတိထားစေချင်ပါတယ်။ File size…(1.4 GB)/(690 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:01:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias  Season 1Episode ...
7.579
TMDb: 7.579/10 568 votes
tv

[18+] Da Vinci’s Demons (2013)

2013