Channel Myanmar

Akiyoshi Nakao

Gudetama: An Eggcellent Adventure (2022) 7.583
Gudetama: An Eggcellent Adventure (2022) Gudetama: An Eggcellent Adventure ( 2022 )တစ်ပိုင်းဆယ်မိနစ်ကျော်လောက်နဲ့ ဆယ်ပိုင်းပါတဲ့ နက်ဖလစ်ရဲ့ ဒီဂျပန်ဟာသစီးရီးတိုလေးကို တော်တော်များများလည်း trailerကြည့်ပြီးလောက်ပါပြီ။ချစ်ဖို့ကောင်းတဲ့ ရှခိပိယောလို့ခေါ်တဲ့ ကြက်ပေါက်လေးနဲ့ စွပျင်းကြက်ဥ ဂုဒဲတမတို့ရဲ့ ချစ်စရာကောင်းတဲ့ အမေရှာပုံတော်ခရီးကို အကြောင်းကို တစ်ပိုင်းတစ်ပိုင်းစီမှာ စိတ်ဝင်စားစရာ အကူဇာတ်ကောင်တွေထည့်ပြပြီး ရိုက်ကူးထားတဲ့ ချစ်ဖို့ကောင်းတဲ့ စီးရီးတိုလေးပါပဲ။တစ်ပိုင်းကိုမှ အချိန်ဆယ်မိနစ်ပဲ ပေးရတဲ့အပြင် ချစ်ဖို့လည်းတော်တော်ကောင်းတာမို့ အသက်အရွယ်မရွေး သဘောကျလောက်မယ့် ဇာတ်ကောင်လေးတွေအကြောင်းဆိုလည်း မမှားပါဘူး။သူ့ယူနီဗာ့စ်မှာ ကြက်ပေါက်ကလေးရယ်, စကားပြောတတ်တဲ့ကြက်ဥတွေဖြစ်တဲ့ ကြက်ဥပုတ်, ကြက်ဥမာဖီးယား, ကြက်ဥပြုတ် , ကြက်ဥပေါင်း ,ဆေးကြက်ဥ, ကြက်ဥမွှေကြော် , ကြက်ဥပူတင်း , ကြက်ဥငပျင်း အစရှိသဖြင့် ကြက်ဥပေါင်းများစွာရယ် , ကြက်မကြီးတွေရယ် , ဒီစကားပြောတတ်တဲ့ ကြက်ဥတွေကိုမြင်ရတဲ့လူတွေရယ်, မမြင်ရတဲ့လူတွေရယ် ပါဝင်ပြီး ကြက်မပျောက်လို့ ကြက်ဥရှာကြတဲ့ စွန့်စားခန်းကြီးကို စ,လယ်, ဆုံး ချစ်ဖို့ကောင်းနေအောင် ရိုက်ပြထားတဲ့ ကြက်ဥဋီကာကာတွန်းဇာတ်လမ်းတွဲကြီးပါပဲ။အရင်ဆုံး trailerမကြည့်ရသေးရင် ကြည့်ကြည့်လိုက်ကြပါ။ ဂုဒဲတမဟာ Trailer ကြည့်ပြီးရင် လူတော်တော်များများ ကြည့်ချင်သွားကြမယ့် ကြည့်ရှုချိန် မိနစ်၁၀၀ရာကျော်သာ ကြာမြင့်မယ့် ဂျပန်စီးရီးတိုလေးပါပဲ။အညွှန်း ...
7.583
TMDb: 7.583/10 12 votes
tv

Gudetama: An Eggcellent Adventure (2022)

2022
First Love (2022) 9.143
First Love (2022) First Love (2022) °°°°°°°°°°°°°°°°°°°°° 'အချစ်ဦး' တဲ့ အချစ်ဦး ဆိုတာကို ဘယ်လို ခံယူထားကြလဲ။ ကိုယ့်အနေနဲ့ ပြောရရင်တော့ အချစ်ဦးဆိုတဲ့ ဖြစ်တည်မှုဟာ သိပ်ကိုအံ့သြဖို့ကောင်းတယ်။ ဘဝမှာ ပထမဆုံးအနေနဲ့ အချစ်ဆိုတာကို သင်ကြားပေးခဲ့သူ၊ ရင်ထဲမှာ လိပ်ပြာတွေပျံနေသလို ရွစိရွစိနဲ့ ထိုင်ရမလို ထရမလို ခံစားချက်မျိုးဖြစ်အောင် ပြုစားနိုင်သူလို့ ထင်တာပဲ။အဲဒီ အချစ်ဦးအကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းတွေ တစ်ပုံကြီး ရှိတဲ့အထဲကမှ ဇာတ်လမ်းတွဲကို စိတ်ကူးပုံပေါ်လာစေတာကတော့ ဂျပန်-အမေရိကန်ကပြားအဆိုတော်မလေး ဟိခါရု အုတဒရဲ့ ၁၉၉၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ 初恋 (First Love) ဆိုတဲ့ သီချင်းလေးပါပဲ။ဟိခါရုဟာ ဒီသီချင်းကို ရေးပြီး အသံသွင်းခဲ့တဲ့အချိန်ကဆို အရွယ်အားဖြင့် ၁၅ နှစ်သာ ရှိပါသေးသတဲ့။ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့ မြီးကောင်ပေါက်စအရွယ် အပျိုဖြန်းမလေးရဲ့ အချစ်ဦးဆိုတာကို လှလှပပ၊ ဆွေးဆွေးမြေ့မြေ့နဲ့ ပုံဖော်ထားခဲ့တဲ့၊ အောင်မြင်မှုတွေ အများကြီးရခဲ့တဲ့ သီချင်းလေးပေါ့။မြန်မာပရိသတ်တွေကတော့ မူရင်းဂျပန်သီချင်းကို နားမထောင်ဖူးရင်တောင် ဆုန်သင်းပါရ် ပြန်ဆိုထားတဲ့♪သိပ်ချစ်ဖူးခဲ့မိတာ မင်းတစ်ယောက်တည်း ရှိတာပါ♪ ♪တစ်သက်တာ မင်းရဲ့ရင်မှာ ...
9.143
TMDb: 9.143/10 7 votes
tv

First Love (2022)

2022
Roppongi Class (2022)
Roppongi Class (2022) Roppongi Class(2022) .............................. ♪I can fly the sky...Never gonna stay ငါ ပင်ပန်းပြီးလဲကျသွားတဲ့အထိ...♪ ဒီသီချင်းကိုကြားလိုက်တာနဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ကတုံးကေနဲ့ အသည်းချွေခဲ့တဲ့ အစ်ကိုကြီး Park Seo Joon ပါဝင်တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ Itaewon Class ကိုပြေးမြင်မိမှာပါ။ အဲ...အခု Roppongi Class ကတော့ နိဟွန်းဂျင်းတို့ ပြန်လည်ရိုက်ကူးထားတဲ့ Remake ဗားရှင်းပေါ့ဗျာ။ ခေါင်းဆောင်မင်းသားနဲ့ ဒုတိယမင်းသမီးကတော့ ဂျပန်ကားပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်တွေပါပဲ။ ဇာတ်လမ်းကတော့ မူရင်းနဲ့အတူတူပဲမလို့ ထွေထွေထူးထူးမပြောတော့ပါဘူး။ ဘယ်လိုလူတွေကြည့်သင့်လဲမေးရင်တော့ ဂျပန်စာလေ့လာနေသူများ၊ ဂျပန်ဇာတ်ကားကြည့်ပြီး Listening ကောင်းချင်တဲ့သူတွေနဲ့၊ ကိုယ့်လိုမျိုး အကြိုက်ဆုံးဇာတ်ကားတွေရဲ့ ဗားရှင်းအစုံလိုက်ကြည့်ပြီး ဝေဖန်လေကန်ချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်လို့။  File Size – 1GB / 421MBQuality –1080p / 720pDuration – 54minuteTotal Episodes: 13EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator – Moe Pwint ...

Roppongi Class (2022)

2022