Channel Myanmar

Aldís Amah Hamilton

Black Sands (2021) 6.6
Black Sands (2021) Black Sands (2021) ============== IMDb Rating - 6.6/10IMDb Rating 6.6 ရရှိထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ မြင်နေကြ Streaming Service တွေ၊ Hollywood က ထုတ်လုပ်တာမျိုးမဟုတ်ဘဲ Iceland နိုင်ငံကမို့လို့ တမူထူးခြားတဲ့ အရသာမျိုးကို ရရှိမှာပါ။ တချို့အမြင်မသင့် တော်တဲ့ အခန်းလေးတွေ ပါတတ်တာမို့ မိသားစုတွေ၊ ကလေးငယ်တွေနဲ့ အတူကြည့် တဲ့ အခါ သတိထားဖို့ ကြိုပြောချင်ပါတယ်။ Drama, Thriller, Crime အမျိုးအစား မျိုးကို ကြိုက်နှစ်သက်သူဆိုရင် လက်လွှတ်မခံလိုက်ပါနဲ့။ဇာတ်လမ်းအကျဉ်းကတော့ အာနီတာဆိုတဲ့ ရဲအမျိုးသမီးဟာ မြို့ကြီးကနေ မရောက် တာကြာပြီဖြစ်တဲ့ မွေးရပ်ကျေးလက်က မြို့လေးဆီကို တစ်ကျော့ပြန် ပြန်လာခဲ့ပါ တယ်။ သူ မြို့လေးကိုပြန်‌ရောက်ရောက်ချင်းမှာပဲ ကမ်းခြေမှာ ခရီးသွားအမျိုးသမီး တစ်ယောက်ရဲ့ အလောင်းကိုတွေ့ခဲ့ပါတယ်။ သူလည်း အဲအမှုကို ရဲစခန်းနဲ့အတူ လိုက်စုံစမ်းဖို့ ဖြစ်လာပါတယ်။ သူတို့မြို့လေးဟာ နာမည်ကြီး ခရီးသွားလာရေးနေရာ ဖြစ်တာမို့ ခရီးသွားတွေ အများအပြားလာကြပါတယ်။ ဒါပေမယ့် ခရီးသွားတွေ ...
6.6
TMDb: 6.6/10 1667 votes
tv

Black Sands (2021)

2021
Katla 7.2
Katla အိုက်စ်လန်း ဘာသာနဲ့ စီးရီးအလန်းတစ်ခု တင်ပေးလိုက်ပါပြီ။ နည်းနည်းတော့ ထူးဆန်းတဲ့ဇာတ်လမ်းပါ။ အိုက်စ်လန်းရဲ့ ရေဂျာဗစ် မြို့နားက ဗစ်ခ်ဆိုတဲ့ မြို့လေးနားမှာ ကတ်တ်လာဆိုတဲ့ မီးတောင်ကြီး ပေါက်ကွဲခဲ့တယ်။ အဲဒီမီးတောင်က နှစ်အတော်ကြာ တစ်ခါ ပေါက်ကွဲနေကျပါပဲ။ မီးတောင်က ထွက်တဲ့ ပြာတွေနဲ့ အမြဲအုံ့ဆိုင်းနေတာကြောင့် ဗစ်ခ်မှာ လူနေဦးရေ နည်းနေပါပြီ။ အဲဒီမီးတောင်ထဲကနေ လွန်ခဲ့တဲ့ တစ်နှစ် မီးတောင်ပေါက်တုန်းက ပျောက်သွားတဲ့ ကောင်မလေးတစ်ယောက် ပြန်ပေါ်လာတယ်။ တုံးလုံးကြီး ပြာတွေဖုံးပြီးတော့ပေါ့။ ဆန်းပြီလားဆို သိပ်မဆန်းသေးဘူး။ သိပ်မကြာဘူး နောက်တစ်ယောက်ပေါ်လာတယ် လွန်ခဲ့တဲ့ နှစ် ၂၀ က မိန်းကလေးတစ်ယောက်။ အဲဒီတစ်ယောက်က ပျောက်မနေဘူး။ အခုထိ အပြင်မှာ အသက် ၄၀ ကျော်အဖြစ်နဲ့ ရှိနေပြီးသား။ အငယ်တစ်ယောက် အကြီးတစ်ယောက် အတူတူဖြစ်နေတယ်။ နည်းနည်းတော့ဆန်းပြီဆိုပေမယ့် မပြီးသေးဘူး။ နောက်ထပ်ကလေးတစ်ယောက် ထပ်ပေါ်လာတဲ့။ ပေါ်လာတဲ့ ကလေးက ဒီမီးတောင်နဲ့တောင်မဆိုင်ဘူး။ အခြားမှာ သေထားပြီးသား ကလေးဖြစ်နေတာ။ ဆန်းလာပြီနော်။ ထပ်ပေါ်လာတာပြန်ရော ကောင််မလေးတစ်ယောက်။ ပေါ်လာတဲ့ တစ်ယောက်ကေ ပျောက်လည်းမပျောက်ဘူး သေလည်းမသေးဘူး။ လက်ရှိ ရှိနေတဲ့သူနဲ့ ...
7.2
TMDb: 7.2/10 110 votes
tv

Katla

2021