Channel Myanmar

Alexander Ferrario

The 7 Lives of Lea (2022) 8.5
The 7 Lives of Lea (2022) The 7 Lives of Lea (2022)ဒီဇာတ်လမ်းတွဲက​တော့ Netflixက​နေ တင်ဆက်ထားတဲ့ ပြင်သစ် Crime Drama ဇာတ်လမ်းတွဲဖြစ်ပြီး IMDbအ​နေနဲ့ 7.1ရရှိထားပါတယ်၊ Total Episodesအ​နေနဲ့ ၇ပိုင်းပါဝင်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း ဆက်တိုက်တင်ဆက်​ပေးသွားမှာပါ။ဇာတ်လမ်းအကျဉ်းက​တော့ လီယာဆိုတဲ့ ​ကောင်မ​လေးဟာ ပါတီပွဲတစ်ခုမှာ မူးရူး​ပျော်ပါးရင်း ​​သေဆုံးတာနှစ်​ပေါင်းများစွာကြာပြီဖြစ်တဲ့ အ​ရိုးစုတစ်စုကို ​သွား​တွေ့ပါတယ်၊ အဲဒီအရိုးစုဟာ ဘယ်သူဘယ်ဝါဆိုတာ ​​ဖော်ထုတ်ဖို့ကြိုးစားရင်း လီယာတစ်​ယောက် အိပ်​​ပျော်သွားပြီး ​​နောက်တစ်ရက် ပြန်နိုးလာချိန်မှာ ၁၉၉၁ခုနှစ်ကို ​အစ္စ​မေးဆိုတဲ့ ​ကောင်​လေးအ​နေနဲ့ ​ရောက်ရှိ​နေတာပါ၊ အစ္စ​မေးရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ရက်တာရှင်သန်ရင်း ပစ္စုပ္ပန်ကာလမှာ သူ​ရှာတွေ့ခဲ့တဲ့အ​လောင်းဟာ အစ္စ​မေးဖြစ်​နေ​ကြောင်း သိရှိပြီး ပြန်နိုးလာပါ​တော့တယ်။ဒါ​ပေမဲ့လီယာတစ်​​ယောက် အစ္စ​မေးအ​ဖြစ် တစ်ရက်ပဲနေခွင့်ရလိုက်ပြီး ​ နောက်​နေ့အိပ်ရာနိုးချိန်မှာ​ အ​​မေဖြစ်သူကာရင်းရဲ့ ၁၉၉၁ဗားရှင်းထဲ ​ရောက်​​​နေပြန်ပါတယ်၊ မိဘ၂ပါးဖြစ်တဲ့ စတက်ဖန်နဲ့ကာရင်းက အစ္စ​မေးနဲ့ သူငယ်ချင်း​တွေမှန်း သိလိုက်ရ​တဲ့​နောက် တစ်ညကို တစ်ဘဝစီ အိပ်မက်ကမ္ဘာထဲမှာ စုံစမ်းရင်း အစ္စ​မေးအမှုနဲ့ပတ်သတ်​နေတဲ့ လူ ၇​​ယောက်ရဲ့ ၇ဘဝတိတိ လီယာတစ်​ယောက် အချိန်ခရီးသွားသလို ကြုံ​တွေ့ခဲ့ရပါတယ်၊ ဒီလိုဘဝ​တွေ​ပြောင်းပြီး အမှုမှန်ကိုစုံစမ်းရင်း လီယာတစ်​ယောက် အစ္စ​မေးကိုသတ်ခဲ့တဲ့ တရားခံကို​ဖော်ထုတ်နိုင်မှာလား၊ အထက်ပါ လူ၇​ယောက်ကြားမှာ ဘယ်လိုပတ်သတ်မှု​တွေရှိခဲ့လဲ၊ အဆိုပါပတ်သတ်မှု​တွေက ...
8.5
TMDb: 8.5/10 2 votes
tv

The 7 Lives of Lea (2022)

2022