Channel Myanmar

Alfonso Dosal

Bandidos (2024) 7.6
Bandidos (2024)  ရတနာသိုက်ကိုလိုက်ရှာတဲ့ စွန့်စားခန်းဇာတ်လမ်းတွေကိုကြိုက်နှစ်သက်သူတွေအတွက် Netflixရဲ့အသစ်စက်စက်စပိန်ဇာတ်လမ်းတွဲဖြစ်တဲ့ Bandidos၊ စပိန်ဓားပြကားတွေဘယ်လောက်လန်းလဲဆိုတာကို Money Heist က သက်သေပြထားတာမလို့ ဒီကားလေးရော စိတ်တိုင်းကျဖြစ်ပါ့မလားဆိုတာ ရှုစားကြည့်လိုက်ရအောင်ပါ။ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီးမီဂဲလ်က ငယ်စဉ်ကတည်းကအဖေဖြစ်သူ နာမည်ကျော် ရှေးဟောင်းသုတေသနပညာရှင်ဂျူအန်မိုရာလိစ်နဲ့အတူ ရှေးဟောင်းရတနာသိုက်တွေလိုက်ရှင်းရင်းကြီးပြင်းလာသူဆိုတော့ ရှေးဟောင်းပစ္စည်းတွေနဲ့ အကျွမ်းတဝင်ရှိသူပါ။ဒါပေမဲ့ အဖေ့လိုလူရိုသေရှင်ရိုသေ ရှေးဟောင်းသုတေသီဖြစ်မလာဘဲဦးလေးနဲ့ပေါင်းပြီး ခိုးဆိုးလုနှိုက်ပေါက်စဖြစ်လာတဲ့သိုးမည်းလေးပေါ့။ဒီလိုနဲ့ အဖေဖြစ်သူ အယ်ဇိုင်းမားဖြစ်လာတော့ ဘုရားစူးဂုဏ်ယူရတဲ့သားတော်မောင်ကိုမမှတ်မိတော့ဘဲ သူ့ရဲ့တပည့် တက်သစ်စသုတေသီအာရီရယ်ကိုပဲမှတ်မိနေလို့ ကြိတ်မနိုင်ခဲမရဖြစ်နေတာကတစ်ဖက်၊အဖေ့ဆေးဖိုးနဲ့ အကြွေးပတ်လည်ဝိုင်းနေတာကတစ်ဖက်ကြောင့်အစွမ်းပြချင်နေတော့တာပေါ့။ဒီလိုနဲ့ တစ်နေ့ ဟိုတယ်မှာအလုပ်လုပ်ရင်း ဂျူအန်မိုရာလိစ်ဆိုတဲ့နာမည်နဲ့လာရှာတဲ့ ဖာနန်ဒက်ဇ်ဆိုသူဆီကနေ ခန်းနိုင်ငံနောက်ဆုံးဘုရင်ရဲ့ရွှေရတနာသိုက်အကြောင်း လမ်းစရသွားလေတော့ နဂိုထဲကဇလေးနဲ့မီဂဲလ်တစ်ယောက် အကြွေးနွံကနေအလွတ်ရုန်းဖို့ ရတနာသိုက်ရှာမယ်တကဲကဲဖြစ်ပြီး လူစုပါတော့တယ်။ဒါပေမဲ့ ရတနာသိုက်အကြောင်းကို သူတို့လိုပဲလမ်းစရပြီး သူတို့ထက်ဦးသွားတဲ့သူတွေလည်းရှိနေတဲ့ မီဂဲလ်၊ ဦးလေးဝီဆင်၊ တစ်ချိန်ကလုပ်ဖော်ကိုင်ဖက်တစ်ဖြစ်လည်း တိတ်တခိုးချစ်ရတဲ့လီလီနဲ့ လူးကပ်စ်တို့၄ ယောက် ရတနာသိုက်ကို လက်ဦးမှုရယူဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကြည့်ရှုခံစားလိုက်ရအောင်ပါ....   File Size –  863  MB / 398 MB (@Episode)Quality –WEB-DL ...
7.6
TMDb: 7.6/10 5 votes
tv

Bandidos (2024)

2024
The Chosen One (2023) 5.6
The Chosen One (2023) The Chosen One (2023) ==================ဒီတစ်ခါမှာတော့ CMပရိတ်သတ်ကြီးတို့အတွက် သဘာဝလွန်စွမ်း အားတွေပါတဲ့ စပိန်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုဒီဆိုတဲ့ ငယ်ငယ်ကတည်းကသဘာဝလွန်စွမ်းအားတွေပိုင်ဆိုင် ထားတဲ့ ကောင်လေးနဲ့ သူ့ဘေးနားက ဗရုတ်‌ဗရက်သူငယ်ချင်းလေး တွေရဲ့ အရှုပ်ထုပ်ပေါင်းသောင်းခြောက်ထောင်ပေါ့။ဂျိုဒီဟာ သူ့မှာစွမ်းအားတွေရှိတယ်ဆိုတာကို အသက်၁၂နှစ်ရောက် တဲ့အထိ မသိခဲ့ပါဘူး။ တစ်နေ့ကျ သူ့သူငယ်ချင်းတူကာဟာ သူ့ဦးလေး လှော်လက်နဲ့ရိုက်ချခဲ့တဲ့ ဒဏ္ဍာရီလာဆိုင်ရန်သတ္တဝါကို သွားရှာကြမယ်၊ ရှာတွေ့ရင် သူတို့ကျော်ကြားလို့ ချမ်းသာပြီဆိုပြီး ဂျိုဒီကို အပါခေါ်၊ သူ ငယ်ချင်းတစ်အုပ် မိဘတွေကိုညာ၊ သဲကန္တာရကိုတောင်ဖြတ်ပြီး ပင်လယ် ဆီခရီးထွက်ခဲ့ကြပါတယ်။ စိတ်ကူးနဲ့အရူးထခဲ့တဲ့ သူငယ်ချင်းတစ်အုပ် ဘယ်ပြောကောင်းမလဲ သဲကန္တရာထဲ မသေရုံတမယ်ပါပဲ။အဲဒီခရီးကအပြန်မှာ ဂျိုဒီဟာ သူ့မှာစွမ်းအားတွေရှိနေမှန်းသိသွားခဲ့ပြီး သူ့အကြောင်းကလည်း ဟိုးလေးတကျော်ဖြစ်လာပါတယ်။ ဘုရားလို ကိုးကွယ်တဲ့သူတွေတောင်ရှိလာတာမို့ ငယ်သေးတဲ့ဂျိုဒီလေးတစ်ယောက် အဲဒီဒဏ်တွေကို ဘယ်လိုကျော်ဖြတ်ရပါ့မလဲ။ သူ့မှာ ဘာလို့အစွမ်းတွေရှိ နေရတာလဲ။ သူ့အစွမ်းတွေကရော ရိုးစင်းရဲ့လား။ သူဘာတွေဆက်ပြီး ကြုံတွေ့ရဦးမလဲဆိုတာ "The Chosen One"ဆိုတဲ့စီးရီးထဲမှာ အဖြေရှာ လိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Ngwe Zin, EL ဖြစ်ပါတယ်။)File Size.............(300 Mb) ...
5.6
TMDb: 5.6/10 1100 votes
tv

The Chosen One (2023)

2023
Narcos: Mexico(2021)Season 3[Complete] 7.9
Narcos: Mexico(2021)Season 3[Complete] Narcos: Mexico(2021)Season 3 ဇာတ်လမ်းတွဲအညွှန်း**********************************************အပိုင်း( ၁ မှ ၁၀)ထိ စ/ဆုံးIMDb...8.8ကိုလံဘီယာကကိုကင်းဘုရင်ကြီးပါ့ဘလိုအက်စကိုဘာဆိုရင်ပိုက်ဆံတွေကိုမီးလှုံတဲ့ဘဲကြီးဆိုပြီးနာမည်ကြီးရအောင်ထိနာမည်ကြီးခဲ့တဲ့သူပါ။သူ့အကြောင်းကိုရိုက်ကူးထားတဲ့ Narcos series ဟာလည်းတော်တော်အောင်မြင်ခဲ့တဲ့ပါတယ်...ပါ့ဘလိုကြီးကျဆုံးခန်းပြီးလို့ ရင်ထဲဟာတာတာဖြစ်နေတဲ့အချိန် Narcos: Mexico စီးရီးကိုNetflix ကထပ်ထုတ်လွှင့်လိုက်တာ အခုဆို Narcos: Mexico(2021)Season 3ဆို ထပ်မံရောက်ရှိလာပါပြီ...ဘယ်လိုဂိုဏ်းတွေထပ်ပေါ်လာမလဲ....DEA နဲ့ မက္ကစီကိုရဲတွေရဲ့အစီမံတွေအောင်မြင်မလား....Season 3 လည်း imdb 8.8 တောင်ရရှိထားတာမို့ Narcos ပရိတ်သတ်တွေစိတ်မပျက်စေရဘူးလို့ သတင်းကောင်းပါးအပ်ပါတယ်ဗျို့...  Quality – WEB-DL 720PDuration – 50min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre :  Drama, CrimeTranslator – Lwin Lwin Aung, Hnin Wut Ye  & Chothet_mlmtEncoder – Phyo Pyae Episode 1 720P >>> UsersDrive   |    ...
7.9
TMDb: 7.9/10 748 votes
tv

Narcos: Mexico(2021)Season 3[Complete]

2021