Channel Myanmar

Alison Pill

Scott Pilgrim Takes Off (2023) 8.2
Scott Pilgrim Takes Off (2023)  Netflixကနေပြီးတော့ ကြည့်လို့ကောင်းတဲ့ နောက်ထပ်spin off seriesလေးတစ်ခုတင်ဆက်လိုက်ပြန်ပါပြီ။မူရင်း Scott Pilgrim Comicကိုအခြေခံကာ adventureaction animationစီးရီးအဖြစ်ထွက်ရှိလာတာဖြစ်ပြီးအသံသရုပ်ဆောင်ပေးထားတဲ့ actorsတွေကလည်း၂၀၁၀ခုနှစ်က Scott Pilgrim vs. the Worldဇာတ်ကားထဲကသရုပ်ဆောင်တွေပါပဲ။ဆိုတော့ကပ္ပတိန်အမေရိကChris Evans၊ကပ္ပတိန်မာဗယ်Brie Larsonစတဲ့ ပရိသတ်အကြိုက် သရုပ်ဆောင်တွေလည်းပါတာပေါ့။ဇာတ်လမ်းအကျဥ်းကို ဆက်ကြပါစို့...။Scott Pilgrimဆိုတာကတော့ Ramona Flowersဆိုတဲ့ကောင်မလေးကို ကြိုက်မိတဲ့ အလုပ်အကိုင်မရှိနဲ့ဂစ်တာတီးဝိုင်းကကောင်လေးတစ်ယောက်ပါ။ဘယ်လောက်ကြိုက်မိလဲဆိုရင် အိပ်မက်ထဲအထိတောင်ထည့်မက်ရအောင်ကြိုက်ပါတယ်။သူအဲ့လောက်ကြိုက်မယ်ဆိုရင်လည်း ကြိုက်ချင်စရာပဲဗျ...ဘာလို့ဆို anmiatedပုံစံနဲ့ Ramonaလေးက အတော်ကိုချစ်စရာကောင်းတဲ့ပုံစံလေးပါ။သို့ပေမယ့် ဒီကောင်မလေးကို‌ လွယ်လွယ်နဲ့ကြိုက်ချင်တိုင်းကြိုက်လို့မရအောင် လိုက်နှောင့်ယှက်တဲ့သူတွေရှိနေပါတယ်...။သူတို့တွေကတော့ Ramonaရဲ့ ရည်းစားဟောင်း ဇိုး၇ယောက်နဲ့ဖွဲ့စည်းထားပြီး ရှေ့လူထက်နောက်လူ လက်စွမ်းထက်တဲ့ရည်းစားဟောင်းဇိုးများအဖွဲ့ပဲဖြစ်ပါတယ်။Ramonaကို ကြိုက်ချင်ရင် ဒီရည်းစားဟောင်း ဇိုး၇ယောက်ကိုအနိုင်ယူပြီးမှ ကြိုက်လို့ရပါမယ်...။ဒီတော့ Scott Pilgrimတစ်ယောက် Ramonaနဲ့လက်တွဲနိုင်ဖို့အတွက်ရည်းစားဟောင်းဇိုးများအဖွဲ့ကို အနိုင်ယူနိုင်ပါ့မလား...။အကယ်၍များ အနိုင်မယူနိုင်ဘဲ အသက်သေဆုံးသွားခဲ့ရင်ရောဇာတ်လမ်းကဘယ်လိုဆက်မလဲ...စတာတွေကို action ဆန်ဆန်မြင်တွေ့ရမှာမို့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ စီးရီးလေးပါပဲ...။၂၀၁၀ထွက်ဇာတ်ကားလေးကလည်း အတော်ကောင်းတဲ့ကားလေးမို့မကြည့်ရသေးရင်CMမှာ ရှာကြည့်နိုင်တာမို့ ထပ်မံညွှန်းပေးလိုက်ပါတယ်ဗျ။  File Size –  727 MB ...
8.2
TMDb: 8.2/10 196 votes
tv

Scott Pilgrim Takes Off (2023)

2023
Star Trek: Picard – Season (02)(03) 7.5
Star Trek: Picard – Season (02)(03) Star Trek: Picard - Season (02)(03)=========================IMDb Rating - 7.5/10Star Trek ဇာတ်လိုက်ကျော်ကြီး Jean Luc Picard ရဲ့ စွန့်စားခန်း Season 2 ဆက်လက်ထွက်ရှိလာပါပြီ။ Star Trek ဆိုတာ ဒီနိုင်ငံမှာ Fanbase သိပ်မရှိပေမယ့် နိုင်ငံတကာမှာတော့ Sci-Fic လောကရဲ့ ပထမဆုံးထွက်ခဲ့တဲ့ ဘိုးအေ Franchise ကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ဒီဇာတ်လမ်းတွဲမှာလည်း X Men ထဲက Charles Xavier နဲ့သိကြတဲ့ မင်းသားကြီး Patrick Stewart က ဦးဆောင်ပါဝင်ထားပြီး IMDB မှာလည်း 7.5 ထိရထားပြီး အတော်လေး အခြေအနေကောင်းပါတယ်။ဇာတ်လမ်းကိုပြောရရင် ...season 1 မှာ ဗိုလ်ကြီး ဂျွန်လု ပစ်ကာ့ အနားယူနေရာကနေ အမျိုးသမီးတစ်ယောက်ကြောင့် စွန့်စားခန်းတွေထွက်ဖြစ်ခဲ့ပြီး နောက်ဆုံး စတားဖလိ အကယ်ဒမီမှာ အဓိပတိတစ်ယောက်ဖြစ်လာခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ဒီ Season 2 မှာတော့ အင်တာပရိုက် ...
7.5
TMDb: 7.5/10 2190 votes
tv

Star Trek: Picard – Season (02)(03)

2022
Star Trek: Picard – Season 01 (2020) 7.4
Star Trek: Picard – Season 01 (2020) Star Trek: Picard - Season 01=======================Star Trek လို့ဆိုလိုက်တာနဲ့ စတားဖလိ၊ ဖယ်ဒရေးရှင်း၊ အန်တာပရိုက်စ်၊ ရိုမြူလန်၊ ကလင်းဂွန်ဆိုတာတွေ ခေါင်းထဲတန်းဝင်လာကြမှာပါ။Star Trek franchise က အနာဂတ်ခေတ်ရဲ့ အာကာသခရီးသွားကိစ္စတွေအကြောင်း၊ ဂြိုဟ်သားအင်ပါယာတွေအကြောင်း၊ ခေတ်လွန်နည်းပညာတွေအကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ပြနေတဲ့ Franchise ကြီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာ၊ စီးရီးပေါင်းများစွာ ထွက်ရှိထားခဲ့ပြီဖြစ်ပြီး ယခုထပ်မံထွက်ရှိလာတာကတော့ Star Trek: Picard ဆိုတဲ့အမည်နဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး Jean-Luc Picard ရဲ့ နောက်တစ်ဖန်စွန့်စားခန်းတွေကို ရိုက်ကူးတင်ပြထားတဲ့ စီးရီးပါပဲ။ အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ကြီးပစ်ကာ့၊စပျစ်ခြံထဲမှာ အေးဆေးအနားယူနေရသော်လည်း ဘဝကို အသက်မဲ့စွာ ဖြတ်သန်းနေရတဲ့သူတစ်ယောက်။ ဒီလို လူပိုသက်သက်တစ်ယောက် ဖြစ်နေရတာကို ငြီးငွေ့လာတဲ့သူဆီ အမျိုးသမီးငယ်လေးတစ်ယောက် ရောက်လာခဲ့တယ်။ လာသူက သူနဲ့မသိကျွမ်းဖူးပါပဲ သူကို အကူအညီ လာတောင်းတဲ့သူ။ သူ ကူညီနေတုန်းမှာပဲ သူ့မျက်စိရှေ့တင် အသတ်ခံလိုက်ရတဲ့အခါ လျှို့ဝှက်အဖွဲ့အစည်းတွေအကြောင်း၊ ဆင်သက်တစ်အသက်လို့ခေါ်တဲ့ အဆင့်လွန်စက်ရုပ်လူသားတွေအကြောင်း အကုန်သိလာရပြီး အရှုပ်ထုပ်ကြီးထဲကို ဝင်ပါရတော့တာပဲ။File size…350mb Quality…1080p WEB-DL.DD.5.1 H264 FGT Format…mp4 Duration…40min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator…El' Moh Links are ...
7.4
TMDb: 7.4/10 305 votes
tv

Star Trek: Picard – Season 01 (2020)

2020