Channel Myanmar

Ana Wagener

Intimacy (2022) 6.8
Intimacy (2022) Intimacy (2022) ============IMDb Rating - 6.8/10 Money Heist မင်းသမီးတစ်ယောက်ဖြစ်တဲ့ Itziar Ituño ရဲ့ Crime , Drama Netflix စီးရီးလေးထွက်လာပါတယ်။မြို့တော်၀န်ဖြစ်ဖို့ ရာခိုင်နှုန်းများနေခဲ့ မာလင်ဇူဘီရီဟာ အိမ်ထောင်ကွဲ ထားပေမယ့်၊ အမှီခိုကင်းတဲ့ သမီတစ်ယောက်အမေ အဖြစ်နဲ့ ရပ်တည် နေတဲ့သူပါ။‌ ဒါ‌ပေမယ့် သူနဲ့ အမျိုးသားတစ်ယောက် ကမ်းခြေမှာ တစ်ည တာပျော်ပါးခဲ့တဲ့ Sex Tape ထွက်လာပြီးနောက်ပိုင်းမှာပဲ လူထုအမြင်တွေ ပါတီရဲ့အမြင်တွေ အကုန်ပြောင်းလဲသွားပြီး၊ အနှစ်နှစ်ကာလ တည်ဆောက် ခဲ့တဲ့ အောင်မြင်မှုတွေဟာ ညတွင်းချင်းပဲ လွင့်စင်ပျောက်ကွယ်ကုန်ပါတယ်။သူမရဲ့ ဘ၀ကိုဘယ်လိုပြန်လည်တည်ဆောက်ရင်း အဖက်ဆည်သွားမလဲ ကြည့်ရမှာဖြစ်ပါတယ်။ ဒီလို Sex tape တွေ leak ဖြစ်လာရင် ရှက်ရမယ့် သူဟာ နစ်နာသူ victim မဟုတ်ကြောင်းကို မီးမောင်းထိုးပြထားတဲ့ Netflix ဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းကို Thiha Yan Naing  မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(800 ...
6.8
TMDb: 6.8/10 2300 votes
tv

Intimacy (2022)

2022
Welcome to Eden (2022) 6.7
Welcome to Eden (2022) Welcome to Eden (2022) Season 1 ဇာတ်လမ်း အညွှန်း=======================လူငယ်လေး တစ်စုဟာ တစ်ရက်မှာ video clip လေးတစ်ခုကို အကြောင်းပြုပြီး သီးသန့်ပါတီပွဲကို ဖိတ်ကြားခံရပါတယ်။ဒါကမထူးဆန်းသေးပါဘူး။ဒါပေမဲ့ ထူးဆန်းတာက ဖိတ်ကြားခံရတဲ့ ပါတီက "ဧဒင်" လို့ အမည်ရတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လုပ်မှာပါ။နောက်ပြီး ဒီပွဲကိုတက်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း . စာချုပ်နဲ့ချုပ်ပြီး သဘောတူထားရပါသေးတယ်။ စာချုပ်အရဆိုရင် ဘယ်အသိမိတ်ဆွေကိုမှ ခေါ်လို့မရသလို ဆက်သွယ်ရေး ပစ္စည်းတွေကို ပေးမယူပါဘူး။ ဒါတွေကိုလိုက်နာနိုင်ရင်တော့ တက်ခွင့်ရမယ့် ပါတီကတော့ တကယ့်အမိုက်စားပါပဲ။ ခရီးစဥ်တစ်လျှောက်လုံးကိုလည်း ကုန်ကျစရိတ်အားလုံး ကျခံသွားမှာဆိုတော့ သဘောမကျမယ့်သူ ရှိမယ်မထင်ပါဘူး။ဒါပေမဲ့ ဒီပါတီပွဲက ဘာရည်ရွယ်ချက်နဲ့ ကျွန်းပေါ်မှာမှ ရွေးပြီး လုပ်ရတာလဲ။ ဖိတ်တဲ့အခါမှာလည်း ဘာလို့ လျှို့ဝှက်သဘောတူရတာတွေရှိနေရတာလဲ။ အဖိတ်ခံရတဲ့လူငယ်တွေကလည်း နေ့စဥ်ဘဝမှာ အစွန့်ပစ်ခံ အပယ်ခံတွေကိုမှ ရွေးဖိတ်ထားတာပါ။ တစ်နည်းအားဖြင့် စိတ်ဒဏ်ရာတွေရှိနေတဲ့ လူငယ်တွေချည်း ရွေးဖိတ်တာကလည်း မေးခွန်းထုတ်စရာပါ။တကယ်ပဲရောက်သွားတဲ့အခါမှာ သူတို့ကို စောင့်ကြည့်နေမယ့် လူတစ်စုရှိနေတဲ့အခါ....ဧဒင်ဟာ လောကနိဗ္ဗာန်လား ..... ဒါမှမဟုတ် ငရဲဘုံလား ...
6.7
TMDb: 6.7/10 18 votes
tv

Welcome to Eden (2022)

2022
The Innocent(2021) 7.8
The Innocent(2021)                IMDB Rating 7.9/10 User 20Kအင်္ဂလိပ်လိုဆိုရင် The Innocent , စပိန်စကားနဲ့​ပြောရရင်Inocente, မြန်မာမှုပြုလိုက်ရ​င်​တော့ "အပြစ်ကင်း​လေသူ"​ပေါ့ဒါ​ပေမဲ့ ဒီseriesထဲက ဇာတ်​ကောင် မက်တီယိုဗီဒယ်က​တော့အပြစ်ကင်းသူဆိုတာထက် "ကံဆိုးသူ​မောင်ရှင်" လို့​ခေါ်ရင် ပိုမှန်ပါလိမ့်မယ်ဇာတ်လမ်းအစမှာတင် အကိုဖြစ်သူရဲ့ရန်ပွဲမှာ ဝင်ပါမိရင်းမ​တော်တဆလူသတ်မှု​ကြောင့် ​ထောင်ကျခဲ့ရသူ၊ ထောင်က​နေ အာမခံနဲ့လွတ်ရက်ရပြန်​​တော့လည်း မိဘနှစ်ပါးရဲ့နာ​ရေး၊ ​ထောင်က​နေလွတ်လာပြီး ဘဝတစ်ခုပြန်စမယ်​တွေးပြန်​​တော့ချစ်ရတဲ့အကိုဖြစ်သူကပါ ​လေဖြတ်​ရောဂါနဲ့ ဆုံးသွားပြန်​ရောဒီလိုကံဆိုးလွန်းတဲ့ ဇာတ်လိုက်​ကျော်မက်တီယိုရဲ့ ဘဝထဲကိုမိန်းက​လေးတစ်​ယောက် ဝင်​ရောက်လာပြီး သာယာတဲ့အိမ်​​ထောင်ရေးတစ်ခုကို ​ပျော်​ပျော်ရွှင်ရွှင်အစပြုဖို့ကြံစည်ခဲ့ပါတယ်ဒါ​ပေမဲ့ အဲ့ဒီအကြံဟာလည်း သူ့ရဲ့ ရှုမငြီးတဲ့ချစ်ဇနီးဆီ ဝင်လာတဲ့Unknown Numberနဲ့ ဖုန်းတစ်​​ကောလ်​ကြောင့် ​ဇောက်ထိုးမိုး​မျှော်ဖြစ်သွားရပြန်ပါတယ်သူ့ဇနီးကိုဆက်တဲ့ဖုန်းနံပါတ်ဟာ ဘယ်သူ့နံပါတ်လဲ၊ သူ့ဇနီးက သူ့ကိုလိမ်ညာထားတာလား၊ ​နောက်ကွယ်မှာ​ဖောက်ပြန်​နေတာလားဆိုတဲ့ပြဿနာအ​သေးစား​လေးက​နေသပွတ်အူလိုရှူပ်​ထွေး​ပွေလီလွန်းတဲ့ပြဿနာကြီးတစ်ခုထဲကိုမက်တီယိုတစ်​ယောက် ပါဝင်ပတ်သတ်မိသွားတဲ့အခါ.......စပိန် Crime,Thriller,Mystery ရုပ်ရှင်​တွေနဲ့ ဇာတ်လမ်းတွဲ​တွေဟာ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှု၊ ထင်မထားတဲ့ Plot twist​တွေများစွာပါဝင်မှု၊သရုပ်​ဆောင်​တွေရဲ့ သဘာဝကျမှု​ကြောင့် အဆင့်အတန်းတစ်ခုမှာ ရှိ​နေမှန်း Money Heist, Elite, The Platform, Alta Mar, ...
7.8
TMDb: 7.8/10 140 votes
tv

The Innocent(2021)

2021