Channel Myanmar

Ankur Bhatia

Aarya (2020) 8.1
Aarya (2020) Aarya (2020)===========IMDb Rating - 8.1/10#Unicodeအခုတင်ဆက်ပေးမှာကတော့ June 19 ရက်နေ့က Netflix မှာပြသသွားပြီး အပိုင်း ၉ ပိုင်းပါဝင်တဲ့India Crime, Thriller, Drama စီးရီးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့အာယာဆာရင်းနဲ့ တစ်ဂျ်ဆာရင်းတို့က သိပ်ချစ်ကြတဲ့ဇနီးမောင်နှံပါ။ သူတို့မှာ သားကြီးဗီရာရယ်သမီးလတ်အာယုရယ် သားငယ်လေးအာဒီရယ်ရှိပါတယ်။ အပေါ်ယံကြည့်ရင်တော့ သိပ်ကိုပျော်ရွှင်ပြီချမ်းသာကြွယ်ဝတဲ့မိသားစုလေးပါပဲ။ တစ်ဂျ်ကလည်း အာယာ့အဖေ သူ့ယောက္ခမဇိုရဝါကို အဖေအရင်းလိုချစ်ခင်ပြီး သူ့လက်အောက်​ ဆေးကုမ္ပဏီမှာပဲ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ဆေးကုမ္ပဏီက အမြတ်အစွန်းတွေကြောင့် သူတို့ဒီလိုချမ်းသာနေတာမဟုတ်ပါဘူး။ သူတို့မိသားစုဟာတရားမဝင်ဘိန်းပင်တွေစိုက်ပြီး အဲဒီကနေ ဘိန်းကိုအခြေခံပြီးထုတ်လုပ်တဲ့ မူးယစ်ဆေးအပျော့စားတွေကို နိုင်ငံခြားကို တင်သွင်းတာပါ။ တစ်နေ့မှာတော့ အာယာရဲ့မောင်ဖြစ်သူက  မူးယစ်ရာဇာကြီး ရှီခါဝပ်ဆီကနေ သန်း ၃၀၀ တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေခိုးလာတဲ့အခါမှာတော့။ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို အာယာတစ်ယောက် ဘယ်လိုကြံ့ကြံ့ခိုင်ရင်ဆိုင်မလဲဆိုတာကို ရှုစားရမှာဖြစ်ပါတယ်။IMDB 8.1/10 အထိရရှိထားသလို ထိပ်တန်းမင်းသမီး Sushmita ...
8.1
TMDb: 8.1/10 5,020 votes
tv

Aarya (2020)

2020
Taali (2023) 9
Taali (2023) Taali (TV Series)(2023) IMDb-8.6/10"တချို့က ကျွန်မကိုလူမှုအကျိုးဆောင်လို့ခေါ်ပြီး တချို့ကတော့ ကျွန်မကို ဟီဂျရာလို့ခေါ်ကြပေမယ့် ဒီကမ္ဘာကြီးမှာ ကျွန်မကို အမေလို့ခေါ်တဲ့သူတွေလည်း ရှိနေတာပဲလေ"ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို မင်းသမီးကြီး ဆူရှ်မီတာဆန်း အဓိကသရုပ်ဆောင်ထားတဲ့ တီဗီစီးရီးကောင်းကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ဂေါ်ရီဇာတ်ရုပ်နဲ့ ဆူရှ်မီတာအရမ်းကိုလိုက်ဖက်သောပါပဲဂန်နူဆိုတဲ့ကောင်လေးဟာ အတန်းထဲမှာဘာဖြစ်ချင်လဲမေးတဲ့အချိန် "မိခင်တစ်ယောက်ဖြစ်ချင်တယ် အိမ်သားတွေအတွက် ဂျပါတီတွေပြင်ပေးပြီး ပြုစုပျိုးထောင်ချင်တယ်"လို့ ဝမ်းသာအားရဖြေခဲ့တဲ့ ကလေးလေးပေါ့....အဲဒီချိန်ကစဘဝဟာ မတူကွဲပြားမှုနဲ့ အတိုက်အခိုက်အငြင်းအခုံတွေစတော့တာပဲ ဒီလိုအခြေအနေအတိုက်အခိုက်မျိုးစုံကို ငယ်စဉ်တည်းက ဘယ်လိုရင်ဆိုင်ခဲ့လဲ ဒီအသိုက်အဝန်းအတွက်သူဘယ်လိုရပ်တည်ဆောက်ရွက်ပေးခဲ့လဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်မတူညီကွဲပြားမှုကို အပြည့်အဝနားလည်ပေးနိုင်ဖို့ဆိုတာမျိုးက အဲဒီလိုမျိုးကြုံဖူးမှ ဒါမှမဟုတ် ကာယကံရှင်နဲ့အနီးစပ်ဆုံးဖြစ်ဖူးမှသိနိုင်တာမျိုးပါ လက်တွေ့ဘဝမှာ တစ်ဖက်သားနေရာကို ဝင်ကြည့်ဖို့ခက်ခဲတဲ့အချိန်မှာ ဒီလိုဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေက အများကြီးအထောက်အကူပြုပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Zwe ~ Cherry ~ Yunni တို့ပဲဖြစ်ပါတယ်)Quality : 650MB /  400MBTotal Episodes : 6EpsFormat : mp4Genres : Drama~ BollywoodDuration : 29minsSubtitle : Myanmar Subtitle ...
9
TMDb: 9/10 1 votes
tv

Taali (2023)

2023
Crackdown (2023) Season2 Complete 10
Crackdown (2023) Season2 Complete Crackdown Season02 (2023) IMDb-8.2/10 မကြာခင်ကမှ တင်ဆက်ပေးထားတဲ့ Crackdown စီးရီးလေးရဲ့အဆက်ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။Season01မှာ အကြမ်းဖက်ဂိုဏ်းထဲကို လူအစားထိုးပြီး စစ်ဆင်ရေးလုပ်ခဲ့ကြတာ မှတ်မိသေးတယ်မလား။ အခုSeason02မှာတော့ ဒေလီကနေ တူရကီကိုသွားတဲ့ လေယာဉ်ပျံပေးဆွဲခံရတာပါ။ အိန္ဒိယပြည်သူရှစ်ဆယ်ပါတဲ့ ဒီလေယာဉ်ပျံပေးဆွဲတာကို ဘယ်သူတွေလက်ချက်မှန်းလည်း မသိပါဘူး။ဒီလိုနဲ့ ထုံးစံအတိုင်း RAWကနေဖွဲ့စည်းထားတဲ့ DO အဖွဲ့ဆီကိုပဲ ဒီပြဿနာကိုဖြေရှင်းဖို့ ရောက်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,Saii,Thaik San,Zwe, BpL,Nyein,Aditi,Yunni တို့ပဲဖြစ်ပါတယ်)Quality : 1080p JLO WEB DL / 720pTotal Episodes : 8EpsFormat : mp4Genres : Action & Adventure, Crime, DramaDuration : 28minsSubtitle : Myanmar Subtitle ( Hardsub )Translated by chiclon3~ Saii~ Thaik San~ Zwe~  BpL~ Nyein~ Aditi~ YunniEncoded by YK 720p Episode 1 - ...
10
TMDb: 10/10 1 votes
tv

Crackdown (2023) Season2 Complete

2020
Crackdown (2020) Season1 Complete 10
Crackdown (2020) Season1 Complete Crackdown (TV Series 2020) IMDb-8.2/10ပထန်တွေ တိုက်ဂါးတွေနေဦး မင်းတို့ရဲ့ဘိုးအေ အာပီလာပြီ RAW ဆိုတာနဲ့ ကျွန်တော်တို့ Bollywood ပရိတ်သတ်ကြီးရဲ့အဖြေက...။ ဟုတ်ပါတယ် RAW ဆိုတာက ကျွန်တော်တို့ ဘောလီး၀ုဒ်ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။မသိသေးတဲ့သူတွေကို ပြောရမယ်ဆို MI ကားတွေထဲက တွမ်ခရုစ်လို 007 ဂျိန်းစဘွန်းလို စပိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲကလည်း RAW အဖွဲ့ကြီးကနေ ခွဲထွက်ထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ မစ်ရှင်တွေ ဆောင်ရွက်ကြပုံပါ။ ဇာတ်လမ်းလေးရဲ့အစမှာတော့ ကျွန်တော်တို့ မင်းသားကြီးဟာ ကောင်မလေးတစ်ယောက်နဲ့ ဖုန်းပြောနေပါတယ်။သူတို့ပြောနေတာက...။Facebook က recap တွေကြည့်တာများပြီး အကျင့်ပါသွားလို့ပါ။အဆုံးထိတော့ ဆက်မပြောတော့ပါဘူး ကိုယ့်ကိုယ်ကြည့်မှ ပိုအရသာရှိမှာပါ စပိုင်ကား အက်ရှင်ကား ကြိုက်သူတွေအတွက် စွန်းအကြိုက်တွေ့စေမယ့်ဇာတ်လမ်းတွဲ။ တစ်ပိုင်းလောက်ကြည့်ရုံနဲ့ ဆက်ဆက်ပြီး ကြည့်ချင်လာမယ့်ဇာတ်လမ်းတွဲ။ဒီလိုဇာတ်လမ်းတွဲမျိုးကို ကျွန်တော်တို့ ချန်နယ်လ်မြန်မာရဲ့ ဘောလီး၀ုဒ်ပရိတ်သတ်ကြီးဆီကို ကျွန်တော်တို့ CM Bollywood Team မှ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,Saii,Thaik San,Zwe, BpL,Nyein,Aditi,Yunni တို့ပဲဖြစ်ပါတယ်)File Size – 800MB /400MBQuality – ...
10
TMDb: 10/10 1 votes
tv

Crackdown (2020) Season1 Complete

2020