Channel Myanmar

Bae Jeong-mi

Lookism (2022) 8.646
Lookism (2022) Lookism (2022)အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Lookism လို့ခေါ်တဲ့ Korean Animated Series လေးတစ်ပုဒ်ပဲဖြစ်ပါတယ် Webtoon ကနေ ပြန်လည်ပုံဖော်ထားတဲ့ Animation လေးမို့ ဆန်းလည်း ဆန်းသစ်သလို ပိုလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ရုပ်ချော ၊ ကြည့်ကောင်းမှ ဂုဏ်တွေငွေတွေရှိမှ လူ့အသိုင်းအဝိုင်းမှာ အရာဝင်တယ်လို့ သတ်မှတ်ထားတဲ့သူတွေကြား ဟျောင်းဆော့ဆိုတဲ့ ငွေကြေးလည်း မပြည့်စုံ ခန္ဓာကိုယ်ကလည်း ဝတဲ့ ကျောင်းသားလေးဟာ ဓားစားခံထဲက တစ်ယောက် ဖြစ်ခဲ့ရပါတယ်။ ကျောင်းသားဆိုးတွေ အကြမ်းဖက်အနိုင်ကျင့်တာကို ခံနေရတဲ့ဟျောင်းဆော့ဟာ တစ်နေ့မှာတော့ အိပ်ပျော်သွားရာက နိုးလာတဲ့အခါ အရပ်ရှည်ရှည် ရုပ်ချောချောကောင်လေးခန္ဓာကိုယ်နဲ့ ဖြစ်နေပါတော့တယ် နောက်ကိုလှည့်ကြည့်တဲ့အခါ သူ့ရဲ့အရင်ပုံစံအတိုင်း ဟျောင်းဆော့က အိပ်နေတာကို တွေ့လိုက်ရတယ် ။ အစကတော့ အိပ်မက်ထင်နေခဲ့ပေမယ့်တကယ်ဖြစ်နေတဲ့အခါ ဟျောင်းဆော့ တစ်ယောက် ရုပ်ချောချောကျောင်းသားလေးအဖြစ် ကျောင်းအသစ်မှာ ဘဝသစ်စတင်ဖို့ လုပ်ခဲ့ပါတော့တယ် ။ဘယ်လိုအဖြစ်တွေဆက်ကြုံဦးမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုပေးပါနော်စဆုံး ၈ ပိုင်းကို တစ်ခါတည်း တင်ဆက်ပေးထာတာမို့ တစ်ထိုင်တည်း ကြည့်လိုက်ကြပါဦး။အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီတော့ ဘာသာပြန်ထားတာကတော့ Shin Shin, ...
8.646
TMDb: 8.646/10 130 votes
tv

Lookism (2022)

2022