Channel Myanmar

Baek Soo-jang

Nobody Knows (2020) [Complete] 8
Nobody Knows (2020) [Complete] Nobody Knows (2020) [အစ-အဆုံး]အပိုင်း ၁၄ မှ ၁၆ (ဇတ်သိမ်းပိုင်း) ထိဒီတစ်ခေါက် CM ပရိတ်သတ်ကြီးတွေအတွက် အရမ်းမိုက်တဲ့ ကွင်းဆက်လူသတ်မှုကား‌ဟောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အမှုကားတွေကြိုက်တဲ့ ပရိတ်သတ်ကြီးတို့သိကြတဲ့အတိုင်း ကွင်းဆက်လူသတ်မှုတွေမှာ ထူးခြားတဲ့အချက်ကိုလိုက်ပြီး အမှုအမည်တပ်လေ့ရှိပါတယ်။ ဒီကားမှာတော့ ကွင်းဆက်လူသတ်သမားဟာ ခရစ်ယာန်ဘာသာမှာ "ဒဏ်ချက်တော်" လို့ခေါ်ဝေါ်တဲ့ အမှတ်အသားတစ်ခု "Stigmata" ကို နစ်နာသူရဲ့ ခန္ဓာကိုယ်‌ပေါ်ချန်ထားခဲ့တတ်ပါတယ်။ဒီ Stigmata လူသတ်သမားရဲ့ သားကောင်ဖြစ်သွားခဲ့ရတဲ့ သူငယ်ချင်းအတွက် လက်စားချေဖို့ရာ ချာယောင်းဂျင်းတစ်ယောက် စုံထောက်ဖြစ်လာခဲ့ပြီး ၁၉ နှစ်ကြာအောင် ဒီအမှုနောက်ကိုပဲလိုက်ရင်း ဘဝကိုဖြတ်သန်းလာသူပါ။နှစ်များစွာကြာလာတာနဲ့အမျှ "Stigmata ကွင်းဆက်လူသတ်မှု" ကြီး အေးစက်လာတဲ့အချိန်မှာ ချာယောင်းဂျင်းရဲ့သူငယ်ချင်း အထက်တန်းကျောင်းသား ဂိုအွန်းဟိုဟာ ဟိုတယ်အဆောက်အဦးတစ်ခုပေါ်က ခုန်ချပြီး ကိုမာဖြစ်သွားခဲ့ပါတယ်။ဆက်စပ်မှုမရှိတဲ့ "Stigmata" နဲ့ "ဂိုအွန်းဟို" အမှုနှစ်ခုဟာ "ဘဝသစ်ခရစ်ယာန်ဘုရားကျောင်း" နဲ့ ဆက်နွယ်မှုတွေရှိနေရင်းက သံသယဝင်စရာတွေဖြစ်လာပါတော့တယ်။"Stigmata ကွင်းဆက်လူသတ်မှု" ရဲ့ သံသယရှိသူ ဆောဆန်းဝန်းဟာ ...
8
TMDb: 8/10 12 votes
tv

Nobody Knows (2020) [Complete]

2020
Gaus Electronics (2022) 7.8
Gaus Electronics (2022) Gaus Electronics (2022) ==================ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy Series လေးတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းမှာတော့ - Kwak Dong Yeon Go Sung Hee Bae Hyun Sung Kang Min Ah တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဂါအူးစ်လျှပ်စစ်ကုမ္ပဏီရဲ့ ကုမ္ပဏီတွင်းကအလွဲလေးတွေ ဝန်ထမ်းတွေရဲ့ ဝန်ထမ်းဘဝ အခက်အခဲလေးတွေကို ဟာသနှောရိုက်ကူးထားလို့ ပရိတ် သတ်တွေ အကြိုက်တွေ့မယ်လို့ ယုံကြည်ပါတယ်။ဇာတ်လမ်းအကျဉ်း ---------------------------------- အီဆန်းရှစ်က ဂါအူးစ်ကုမ္ပဏီရဲ့ မာကတ်တင်းဌာနက အငယ်တန်း ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ အမြဲတမ်း အလွဲတွေလုပ်တတ်တဲ့သူ ဖြစ်တာကြောင့် သူ့ကို ခိုင်းလိုက်တိုင်း တစ်ခုမဟုတ် တစ်ခု လွဲချော်မှုတွေ ဖြစ်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ ဥက္ကဋ္ဌကို လှောင်ပြောင်ထားတဲ့ ဗီဒီယိုတစ်ခုဟာ လိုင်းပေါ်မှာ ပြန့်သွားခဲ့တယ်။ ဒီဗီဒီယိုကို မှားပြီးတင် လိုက်တာကတော့ အီဆန်းရှစ်ပါပဲ။ စီနီယာဖြစ်သူ ချာနာရယ်ကတော့ အီဆန်းရှစ်ကို အကြီးအကျယ်ဒေါသထွက်နေတော့တယ်။ ပြဿနာက တော်တော်ကြီးသွားပြီးတော့ နောက်ဆုံး မာကတ်တင်းအဖွဲ့ တစ်ဖွဲ့လုံး  ကြီးကြပ်ရေး ရုံးခန်းရောက်ပြီး စစ်ဆေးရေးအဖွဲ့ရဲ့ စစ်မေးမှုကိုပါ ခံယူခဲ့ရပါတယ်။ ဒီလိုနဲ့ သူတို့အဖွဲ့ရဲ့ အလွဲတွေကို ဖြေရှင်းနိုင်သွားမှာလား။ ဘယ်လိုအလွဲလေးတွေ ထပ်ဖြစ်ပြီးတော့ ဘယ်လိုပြဿနာတွေတက်ဦးမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာ ...
7.8
TMDb: 7.8/10 2300 votes
tv

Gaus Electronics (2022)

2022
Save Me (2019) Season 2 8.2
Save Me (2019) Season 2 Save Me (2019) Season 2 **************************** အပိုင်း   (  ၁  မှ  ၁၆   ) အထိ စ/ဆုံး Save Me S1 တင်ဆက်ပေးအပြီးမှာတော့ CM ဖန်တွေအတွက်ဆက်လက်ပြီး Save Me S2ကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ S2 ဆိုပေမယ့် ဘာသာရေးအယူသီးမှုအကြောင်းအခြေခံထားတာကလွဲရင် ဇာတ်လမ်းရော၊ ဇာတ်ကောင်တွေရောမတူညီကြတာမို့ S2 ကနေပဲ စကြည့်လို့လည်းရပါတယ်။ဇာတ်လမ်းအကျဥ်းဂင်မင်ချောဟာ အထက်တန်းကျောင်းတုန်းက အလားအလာရှိတဲ့ဂျူဒိုအားကစားသမားဖြစ်ခဲ့ပေမယ့် တရားမျှတတဲ့စိတ်ပြင်းထန်တာကြောင့် ထောင်ထဲကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့သူပါ။ တစ်နေ့ သူ့ဇာတိမြို့လေးဖြစ်တဲ့ ဝေါ်လ်ချူးရီဟာဆည်သစ်တည်ဆောက်ဖို့အတွက် ရေနစ်မြှုပ်မယ့်ဒေသအဖြစ်ရွေးချယ်ခံရပြီး လျော်ကြေးရမယ့်အကြောင်းကြားခဲ့ပါတယ်။သူ့ဇာတိမြို့ငယ်ဆီပြန်ရောက်တော့ သူစိမ်းတွေရောက်နေတာတွေ့ပြီးတစ်ခုခုထူးဆန်းနေတာကို ခံစားလိုက်ရပါတယ်။ဂင်ယုံဆွန်းကတော့ ဂင်မင်ချောရဲ့ညီမဖြစ်ပြီး သူနာပြုအတတ်ပညာကိုလေ့လာနေသူပါ။ ပြဿနာအိုးအစ်ကိုဖြစ်သူကြောင့် မြို့လေးကနေအမြန်ဆုံးထွက်သွားဖို့စီစဥ်နေသူလေးပေါ့။ အဲလိုယုံဆွန်းဆီကိုသင်းအုပ်ဆရာတစ်ယောက်က ချဥ်းကပ်လာခဲ့ပါတယ်။ချွဲဂယောင်ဆော့ကတော့ ဝေါ်လ်ချူးရီကို အကြံအစည်ဖုံးကွယ်ပြီးအပြုံးမျက်နှာနဲ့ရောက်လာတဲ့ တရားခံပြေးလူလိမ်ဖြစ်ပါတယ်။ဘာသာရေးကိုအသုံးချပြီး မြို့သားတွေရဲ့ယုံကြည်မှုကိုရအောင်ယူကာနောက်ကွယ်မှာ ငွေတွေလိမ်ပြေးဖို့ကြံနေသူပါ။သူ့အကြံအစည်တွေကို ဂင်မင်ချောတစ်ယောက် မတော်တဆသိရှိသွားပြီး ညီမဖြစ်သူနဲ့ဇာတိမြို့ဆီကျရောက်လာမယ့်အန္တရာယ်ကိုကာကွယ်နိုင်ပါ့မလား....မြို့သူမြို့သားတွေကရော ဂင်မင်ချောလိုထောင်ထွက်လူမိုက်ရဲ့စကားကို ယုံကြည်ကြပါ့မလားဆိုတာကတော့...ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်~~ Episodes : 16File Size  ...
8.2
TMDb: 8.2/10 29 votes
tv

Save Me (2019) Season 2

2019
Save Me (2017) Season 1 8.155
Save Me (2017) Season 1 Save Me (2017) Season 1 **************************** အပိုင်း   (  ၁  မှ  ၁၆   ) အထိ   စ  / ဆုံး Ongoing အပိုင်းသစ်တွေမျှော်ရင်း ဇာတ်ကားဟောင်းကြည့်ဖို့ရှာနေသူများအတွက် ၂၀၁၇ ကထွက်ရှိထားတဲ့ "Save Me" ဆိုတဲ့ကားဟောင်းလေးကို CM ကနေဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။OCN ကားဆိုတဲ့အတိုင်း thriller, mystery အမျိုးအစားဖြစ်ပြီးနာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Ok Taec-yeon,Woo Do-hwan, Seo Ye-ji တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းဆန်းမီတို့မိသားစုဟာ စီးပွားရေးကျပ်တည်းမှုကြောင့် ဆိုးလ်မြို့ကြီးကနေမူဂျီဆိုတဲ့ နယ်မြို့လေးကိုပြောင်းရွှေ့လာခဲ့ရပါတယ်။မူဂျီမြို့မှာအခြေကျဖို့ကြိုးစားရင်း ဖခင်ဖြစ်သူက ရရာအလုပ်တွေရှာဖွေလုပ်ပြီးမိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ဖြေရှင်းနေရပါတယ်။ဒီလိုခက်ခဲနေတဲ့ ဆန်းမီတို့မိသားစုလေးကို ကူညီပေးမယ့်သူပေါ်ပေါက်လာပါတယ်။အဲဒါကတော့ မူဂျီမြို့မှာ လူအများလေးစားယုံကြည်ကြတဲ့ဘာသာရေးအဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ဒါပေမယ့် သာမန်ဘာသာရေးအဖွဲ့မဟုတ်ဘဲ နယ်မြေခံရဲတွေအစိုးရအရာရှိတွေပါဝင်ပတ်သက်နေတဲ့အစွန်းရောက်ဘာသာရေးအဖွဲ့ဖြစ်နေတဲ့အခါမှာတော့.....ဆန်းမီတို့မိသားစုရဲ့ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲ~ဆန်းမီရဲ့ "ကယ်ကြပါ" ဆိုတဲ့ အချက်ပြစကားတစ်ခွန်းကြောင့်အဲဒီအဖွဲ့နောက်လိုက်စုံစမ်းကြတဲ့ လူငယ်လေးယောက်ကရောဆန်းမီကိုကယ်တင်နိုင်ပါ့မလား~ ...
8.155
TMDb: 8.155/10 29 votes
tv

Save Me (2017) Season 1

2017
The Great Shaman Ga Doo-shim(2021)
The Great Shaman Ga Doo-shim(2021) The Great Shaman Ga Doo-shim(2021)ဇာတ်လမ်းတွဲအညွှန်း*****************************************************အပိုင်း( ၁ မှ ၁၂) ထိ စ/ဆုံးCM ချစ်သူများအတွက် ထူးထူးခြားခြား ကျောင်းသားကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဒရမ်မာလေးကတော့ fantasy mystery romance အမျိုးအစား ဖြစ်ပြီး ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေမှာမမျှော်လင့်ဘဲ ပါဝင်လာရတဲ့ အထက်တန်းကျောင်းသူကျောင်းသား (၂) ဦးရဲ့ အကြောင်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။အသက် ၁၈ နှစ်အရွယ် ဂါဒိုရှင်းဆိုတဲ့ မိန်းကလေးဟာ နတ်ဆရာမ ဖြစ်ရမယ်ဆိုတဲ့ ကံကြမ္မာနဲ့ မွေးဖွားလာသူပါ။သူဟာ နတ်ဆရာမဖြစ်တဲ့အလျောက် ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ဖြေရှင်းရတာကြောင့် ဝိညာဉ်ဆိုးတွေကိုတိုက်ခိုက်နိုင်လောက်အောင် ရဲရင့်ထက်မြက်တဲ့ မိန်းကလေး ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် တခြားဆယ်ကျော်သက် မိန်းကလေးတွေလိုမျိုးပဲ သာမန် အထက်တန်းကျောင်းသူဘဝကိုသာ ပိုင်ဆိုင်ရဖို့ အိပ်မက်မက်နေသူပါ။အထက်တန်းကျောင်းသား တစ်ဦးဖြစ်တဲ့ နာအူဆိုးကတော့ ဂါဒိုရှင်းနဲ့ မတူဘဲ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။မိဘနောက်ခံက ငွေကြေးချမ်းသာတဲ့အပြင် သူကိုယ်တိုင်ကလည်း ရုပ်ရည်ချောမောပြီးထက်မြက်တော့ ပြီးပြည့်စုံသူတစ်ဦးလို့ ...

The Great Shaman Ga Doo-shim(2021)

2021
My Dangerous Wife(2020)[စ/ဆုံး]
My Dangerous Wife(2020)[စ/ဆုံး] My Dangerous Wife(2020)အညွှန်း******************************အပိုင်း(၁ မှ ၁၆ )ထိ စ/ဆုံးတစ်သက်လုံးချစ်မယ်လို့ တစ်သက်လုံးရိုးမြေကျပေါင်းသင်းမယ်လို့ ကတိတွေပေးရင်းသိပ်လှတဲ့ မင်္ဂလာပွဲကိုကျင်းပခဲ့ပေမဲ့ ဒီကတိတွေကို  မတည်တဲ့အိမ်ထောင်သည် တစ်ချို့ရှိတယ်....ဟန်ဆောင်အပြုံးတွေနဲ့ နှုတ်ဆက်ရင်း အိမ်မှာရှိတဲ့အချိန်ငရဲကျသလိုဖြစ်နေရင်းအလုပ်သွားတဲ့အချိန်မှာ လွတ်ပြီကျွတ်ပြီဆိုတဲ့ပုံဖြစ်နေတဲ့ အိမ်ထောင်ဉီးစီးတစ်ချို့ရှိတယ်.....လင်မယား(၂) ယောက်ရှိတယ်.....ဟန်ဆောင်အပြုံးတွေနဲ့......အထူးသဖြင့် ယောင်္ကျားဖြစ်သူ....မိန်းမငယ်ငယ်ချောချောလေးနဲ့ဖောက်ပြန်ရင်းအိမ်ကမယားကြီးကို အသေသတ်ဖို့အထိ စဉ်းစားနေတဲ့သူ....တစ်နေ့တော့ သူဖောက်ပြန်တဲ့မိန်းမက ရဲတွေ သံသယကင်းနိုင်တဲ့ လူသတ်နည်းတစ်ခုပေးလိုက်တယ်..အဲ့ဒီနည်းကို အသုံးချမယ်ဆိုပြီး ဖောက်ပြန်တဲ့မိန်းမနဲ့အိပ်ပြီးတဲ့နောက်မှာအိမ်ကိုပြန်လာခဲ့တယ်....အဲ့ဒီမှာတော့ ပြဿနာကြီးကြီးစတက်တော့တာပဲ...အိမ်တစ်ခုလုံးရှုတ်ပွနေတဲ့အပြင် သွေးတွေလည်းနေရာအနှံ.....စာလေးတစ်စောင်ချန်ထားခဲ့တယ်...မင်းမိန်းမကိုလိုချင်ရင် ဝမ် ၅ မီလီယံနဲ့လာရွေးပေးပါတဲ့...ကိုင်းအဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ပါ...ဒီစီးရီးက တခြားဇာတ်လမ်းတွဲနဲ့မတူဘဲ ခပ်ဆန်းဆန်းစထားတယ်....(18+ အခန်းတွေပါလို့ သတိထားကြည့်စေချင်တယ်....)မှုခင်းကားအမျိုးအစားဖြစ်ပြီးစိတ်ဝင်စားဖို့ကောင်းသလို သရုပ်ဆောင်တွေကလည်း တကယ့်လူတွေကြီးပဲမို့ခံစားကြည့်ကြပါဉီး.... Quality – HD-TV 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres- , Drama,CrimeTranslated by Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu ...

My Dangerous Wife(2020)[စ/ဆုံး]

2020