Channel Myanmar

Bai Jingting

New Life Begins (2022)
New Life Begins (2022) အခုတစ်ခေါက်မှာတော့ Reset ဇာတ်ကားလေးနဲ့အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ မင်းသားလေး (Bai Jing Ting) နဲ့ချစ်စရာကောင်းတဲ့မင်းသမီးလေး (Tian Xi Wei)တိုလိုက်ဖက်ညီစွာရိုက်ကူးထားတဲ့ ရိုမန့်ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကြောင်းလေးကတော့...သခင်လေး ၆ယောက်အတွက်သတိုသမီးရွေးပွဲတစ်ခုကြောင့်ရှင်းချွမ်းမှာမိန်းကလေးတွေအားလုံး စု‌ဝေးနေကြပါတယ်။ရှင်းချွမ်းရဲ့နာမည်ကြီး ဂုဏ်သရေရှိသခင်လေး ၆ ယောက်မှပါဝင်ပေမယ့်လည်း သိုသိုသိပ်သိပ်နေထိုင်တတ်သူ ယင်ကျန့်၊သတိုသမီးအဖြစ် ရွေးချယ်မခံရဘဲ ဘဝကိုကြိုးစားဖြတ်သန်းရင်းသက်သောင့်သက်သာနေချင်သူ လီဝေ၊သူတိုနှစ်ဦးဟာ ကြမ္မာဖန်ပြီး မထင်မှတ်ဘဲအလွဲလွဲအမှားမှားနဲ့ တွေ့ဆုံခဲ့ကြပါတယ်နှစ်ဦးသားအတူတူနေထိုင်ကာတစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်းကူညီရင်းတဖြည်းဖြည်းမေတ္တာတွေတိုးလာခဲ့ကြတယ်။ယင်ကျန့်တစ်ယောက် ရုံးတော်အရာရှိတစ်ယောက်ဖြစ်လာတဲ့အချိန်မှာလည်း သူတိုရဲ့အမြင်တွေတူညီကာနှလုံးသားချင်း ထပ်တူကျခဲ့ကြလာပြီး ဘယ်လိုအချစ်တွေပိုကြမလဲကျန်တဲ့သခင်လေး ၅ယောက်ကရောသူတိုသမီးလောင်းရွေးချယ်ပွဲက အလျောင်းအလျာတွေနဲ့ဘယ်လိုအလွဲတွေ ရင်ခုန်စရာတွေဖြစ်ကြမလဲဆိုတာဒီဇာတ်ကားလေးမှာ ဆက်ကြည့်လိုက်ရအောင်ပါနော်(အညွှန်းရေးသားထားသူကတော့ Minnie ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 36Format : mp4Genres : Romance, Comedy, Life, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by ...

New Life Begins (2022)

2022
Reset (2022) 8.2
Reset (2022) ❏"အချိန်စက်ဝန်း" အဆက်မပြတ်လည်ပတ်နေလေ့ရှိတဲ့ "အချိန်စက်ဝန်း" ❏လူတွေရဲ့ လက်တွေ့ဘဝမှာ သေချင်းတရားကိုအကြိမ်ကြိမ်အခါခါ မျက်မြင်ကိုယ်တွေ ကြုံတွေ့ရမှလူ့ဘဝရဲ့ အဓိပ္ပာယ်ကိုနားလည်လာကြတယ်တဲ့....!❏ လီရှီချင် (ကျောက်ကျင်းမိုက်) လိုခေါ်တဲ့တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်---သူဟာ သူ့ကိုယ်သူ ဘက်စ်ကားတစ်ခုပေါ်မှာအချိန်စက်ဝန်းတစ်ခုအကြားပိတ်မိနေခဲ့တယ်ဆိုတာသတိထားမိသွားပါတယ်အဲဒီဘက်စ်ကားဟာဆိုရင်သတ်မှတ်ထားတဲ့ အချိန်ရောက်လာတိုင်းတူညီတဲ့ပေါက်ကွဲမှုတစ်ခုဟာခဏခဏကြိမ်ဖန်များစွာဖြစ်ပေါ်လိုလာပါတယ်တစ်ဆက်ထဲမှာပဲ လီရှီချင်ဟာလဲအကြိမ်ကြိမ်အဖန်အဖန်ပြန်လည်ရှင်သန်လိုလာခဲ့ပြန်ပါတယ်အဲ....အဲဒီအချိန်မှာပဲလီရှီချင်ဟာ ကားပေါ်မှာ ပါလာတဲ့တစ်ခြားကားစီးနင်းလိုက်ပါလာတဲ့သူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်သူကတော့❏ ဂိမ်းဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့ရှောင်ဟက်ယွင်(ပိုင်ကျင့်ထင်) ပါသူဟာ ဒီသံသရာလည်နေတဲ့အချိန်စက်ဝန်ကြီးကပူးပေါင်းကြံစည်ထားတဲ့ကြံစည်မှုတစ်ခုဖြစ်ကြောင်းသိရှိသွားတဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်ကြမလဲ?ဒီသံသရာလည်နေတဲ့အချိန်စက်ဝန်းအတွင်းကနေရောသူတိုတွေလွတ်မြောက်နိုင်ပါ့မလား?အချိန်တွေကို အဆက်မပြတ်ဖြတ်သန်းအမှန်တရားကိုအဆက်မပြတ်ရှာဖွေရင်းကားပေါ်မှာပါလာကြတဲ့ခရီးသည်တွေရဲ့ အသက်တွေကိုသူတိုတွေ ကယ်တင်သွားနိုင်ကြပါ့မလား? ဆိုတာ...လူ့သဘောသဘာဝနဲ့လက်တွေ့ဘဝအကြောင်းအရာတွေကြားထဲမှဘဝရဲ့အဓိပ္ပာယ်ကို ဆွေးနွေးအဖြေရှာရင်း"Reset" ဆိုတဲ့ ဇာတ်လမ်းတွဲကောင်းလေးကိုကြည့်ရှုလိုက်ရအောင်လားရှင်~ Reviewed By Chit Mya Mya Hmwe Quality : WEB-DL 720pTotal Episodes : 15Format : mp4Genres : Thriller, Mystery, Sci-fiDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded ...
8.2
TMDb: 8.2/10 30 votes
tv

Reset (2022)

2022