Channel Myanmar

Barbara Sukowa

Constellation (2024) 8.757
Constellation (2024)  ရှေ့ဆက်ပြီးဘာတွေဖြစ်မလဲဆိုတာကို ခန့်မှန်းရခက်ခက်နဲ့စီးမျှောကြည့်ရှုလို့ရမယ့် စီးရီးတစ်ခုကို Apple tvကတင်ဆက်လိုက်ပြန်ပါပြီ။Si-fi၊ Psychological Thriller အမျိုးအစားဖြစ်နေပြန်တော့ကြည့်ရှုလို့လည်းကောင်း လိုက်တွေးလို့လည်းကောင်းဦးမယ့်စီးရီးလေးပါပဲ။ဇာတ်လမ်းအကြောင်းကိုပြောပြရရင်ဥရောပအာကာသအေဂျင်စီရဲ့ အာကာသယာဥ်မှူးတစ်ယောက်ဖြစ်တဲ့ဂျိုဟန်နာအီရစ်ဆွန်ဟာ နိုင်ငံတကာအာကာသစခန်းမှာသုတေသနပြုလုပ်နေရင်းနဲ့ မတော်တဆမှုနဲ့ကြုံရပါလေရော...။ဖြစ်စဥ်ကတော့ အာကာသစခန်းကို ပြင်ပကအရာဝတ္ထုတစ်ခုကဝင်တိုက်တာပါ။ ဒီမတော်တဆမှုကြောင့်ပဲ အာကာသစခန်းကလူတိုင်းဟာ မြေပြင်သို့အရေးပေါ်ပြန်ဆင်းလာခဲ့ရပါတယ်...။ဒီလောက်နဲ့တင်မပြီးသွားသေးဘဲ ဂျိုဟန်နာနောက်ကို စိုးထိတ်မှုတွေ၊သံသယတွေ၊ ကြောက်ရွံ့မှုတွေကိုက တောက်လျှောက်လိုက်နေခဲ့ပါတယ်...။ဘာလို့လဲဆိုတော့ အာကာသစခန်းကို ဝင်တိုက်တဲ့ပြင်ပအရာဝတ္ထုဆိုတာ လူတိုင်းမထင်မှတ်ထားတဲ့အရာဖြစ်နေတာရယ်...ဒီအရာဝတ္ထုက အာကာသစခန်း တကယ်ပဲ ဝင်တိုက်မိတာလားဆိုတာဂျိုဟန်နာကိုယ်တိုင်တောင် ထင်ယောင်မြင်ယောင်ဖြစ်နေတာရယ်...ဒီလိုမတော်တဆဖြစ်ရတယ်ဆိုတာက အာကာသစခန်းထဲမှာထူးဆန်းတဲ့သုတေသနစမ်းသပ်ချက်ကြောင့်ဖြစ်နေမလားဆိုတာတွေကြောင့်ပါ...။မည်သို့ပင်ဆိုစေကာမူ ရင်တထိတ်ထိတ်နဲ့ လိုက်ပါစီးမျှောတွေးတောလို့ကောင်းမယ့် စီးရီးလေးဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်...။  File Size –  858 MB / 391 MBQuality –WEB-DL 1080p , 720pDuration – 58 Min  (@Episode)Total Episodes: 8 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi & Fantasy ...
8.757
TMDb: 8.757/10 35 votes
tv

Constellation (2024)

2024
The Swarm (2023) 6.736
The Swarm (2023) The Swarm (2023)Ecological sci-fi thriller seriesတွေကို နှစ်သက်သူတွေအကြိုက်ဖြစ်မဲ့ စီးရီးတစ်ခုဖြစ်တဲ့ The Swarmဆိုတဲ့စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ German နာမည်ကျော် စာရေးဆရာကြီး Frank Schätzingရဲ့ Best sellerစာအုပ်The swarmကို အခြေတည်ရိုက်ကူးထားတာဆိုတော့ စိတ်ဝင်စားဖို့ကောင်းမဲ့စီးရီးတစ်ခုအဖြစ် ညွှန်းပေးလိုက်ရပါတယ်။မိုးပြာရောင်ကောင်းကင်ကြီးအောက်မှာရှိတဲ့ ပြာလဲ့လဲ့ပင်လယ်ပြင်ကြီးကို မလှဘူးလို့ပြောနိုင်တဲ့လူရယ်လို့ ရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ မာယာများလွန်းတဲ့ဒီပင်လယ်ကြီးဟာ အလှတရားတွေနဲ့အတူ အန္တရာယ်‌တွေ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာကိုတော့ အားလုံးလက်ခံရမှာပါ။ဒီဇာတ်ကားလေးထဲမှာ‌တော့ အဏ္ဏဝါဗေဒ PhD ကျောင်းသူလေးဖြစ်တဲ့ ကိုယ်ထင်ရာလုပ်တတ်ပြီး စည်းမျဉ်းတွေကို သိပ်ဂရုမစိုက်တတ်တဲ့ ချာလီဝက်ဂ်နာတစ်ယောက် ဌာနချုပ်မှာ ပြဿနာဖြစ်ခဲ့တာကြောင့် ဝေးလံခေါင်ဖျားတဲ့ကျွန်းတစ်ကျွန်းကိုပို့ခံလိုက်ပါတယ်။ လူသူသိပ်မရှိတဲ့ကျွန်းဆိုတော့ ချာလီတစ်ယောက် ပျင်းခြောက်ခြောက် ကုန်ဆုံးရမဲ့ နွေရာသီကာလကိုကြိုတွေးရင် စိတ်ပျက်နေတာပေါ့။ ဒါပေမဲ့ မာယာတွေပြည့်နှက်နေတဲ့ ပင်လယ်ကြီးက ချာလီကို စိန်ခေါ်မှုတွေနဲ့ စောင့်ကြိုနေတာကိုတော့ သူမသိခဲ့ပါဘူး။ချာလီတစ်‌ယောက် ပင်လယ်အခြေအနေကို စူးစမ်းဖို့သွားရင်းနဲ့ သာမန်ထက်များပြားနေတဲ့ မီးတောက်ရေခဲလို့တင်စားကြတဲ့ မီသိန်းခဲတွေ အများအပြားတွေ့ရတာကတစ်ကြောင်း၊ လူတွေကိုအန္တရာယ်မပြုတတ်တဲ့ ဝေလငါးတွေ ပင်လယ်ကဏန်း‌တွေလိုပင်လယ်သတ္တဝါကြီးတွေက လူတွေကိုရန်ပြုနေတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ...
6.736
TMDb: 6.736/10 36 votes
tv

The Swarm (2023)

2023