Channel Myanmar

Beam Atichart Lawansathian

Low Frequency (2023) 10
Low Frequency (2023) Low Frequency (2023)လောလောလတ်လတ်ထွက်ရှိထားပြီး မင်းသားငယ်ငယ်ချောချောလေးတွေပါတဲ့ Romance, Fantasy, Drama, BL ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။Mon က ငယ်သူငယ်ချင်းဆုံးသွားပြီးတဲ့နောက်ပိုင်း အိပ်မက်တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါမက်လာတာ ၁၈ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူ ဘာကြောင့် အဲဒီအိပ်မက်ကို မက်နေရလဲဆိုတာ အဖြေရှာမရဖြစ်နေတဲ့အချိန် Thames ဆိုတဲ့ နာမည်ကြီးမင်းသားလေးတစ်ယောက် သူ့ဘဝထဲဝင်လာပါတယ်။ Thames ရဲ့ မန်နေဂျာက Mon ရဲ့အစ်မဆိုတော့ သူတို့ချင်းရင်းနှီးသွားပြီး အပြန်အလှန်စကားတွေပြောကြရင်း ကြည်နူးစရာဇာတ်လမ်းလေး ဖြစ်လာခါနီးအချိန်မှာမှ Thames က ကားမှောက်ပြီး ဒဏ်ရာအပြင်းအထန်ရသွားပါတယ်။ အဲဒီအတောအတွင်း Mon ကို သူတို့မိသားစုကိုးကွယ်တဲ့ အဘဘုန်းကြီးက အဆောင်တစ်ခု အမြန်ပေးခိုင်းသွားပြီး သိပ်မကြာခင်မှာ သူတစ်ခုခုနဲ့ကြုံရတော့မယ်ဆိုတဲ့ သဘောမျိုး ပြောသွားပါတယ်။ ဒီတော့ Mon တစ်ယောက် သူ့အိပ်မက်တွေကို အဖြေရှာနိုင်ပါ့မလား၊ အဘဘုန်းကြီးပြောသလိုမျိုး တစ်ခုခုထူးဆန်းတာ ကြုံရတော့မလား၊ Thames နဲ့ရော အချစ်ဇာတ်လမ်းလေး ရှေ့ဆက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Blue, ...
10
TMDb: 10/10 2 votes
tv

Low Frequency (2023)

2023